ဝမ်းဗိုက်ထဲမှာ အစာမရှိချိန် ကြက်သွန်ဖြူစားပါ
30-Oct-2016
ကြက်သွန်ဖြူဟာ ရောဂါ အတော်များများ အတွက် ကောင်းမွန်သော သဘာဝ အစားအစာ တစ်မျိုး ဖြစ်ပါတယ်။ ဒီအထဲကမှ မနက်အိပ်ယာထ ဝမ်းဗိုက်ထဲမှာ အစာမရှိတဲ့ အချိန်မှာ ကြက်သွန်ဖြူကို စားပေးသင့်ပါတယ်။ လေ့လာမူများ၏အဆိုအရ အဲလို မနက်ခင်း အိပ်ယာထတဲ့ အခါမှာ စားခြင်းဟာ ပိုမိုပြီးဆေးစွမ်းထက်တယ်လို့ သိရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝမ်းထဲမှာ အစာမရှိတဲ့ အခါမှာ မကောင်းတဲ့ ဗက်တီးရီးယား ပိုးမွှားများကိုအလွယ်တကူ တိုက်ခိုက်ဖယ်ရှားပေးနိုင်ခြင်းကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့် ဝမ်းဗိုက်နဲ့ ပကသက်တဲ့ ရောဂါ တွေကို ကြက်သွန်ဖြူက ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ခုခံအားကျဆင်းမူ ရောဂါများ၊အာရုံကြောနဲ့ ပက်သက်သော ရောဂါများ၊ အသည်း၊ ဆီးအိမ် စတာတွေအပြင်သွေးလည်ပတ်မူကိုလည်း ကြက်သွန်ဖြူက ကောင်းမွန်စေ နိုင်ပါတယ်။ အစာအိမ်အချဉ် ပေါက်ခြင်းကြောင့် စိတ်ပူသူတွေ အတွက်လည်း ကြက်သွန်ဖြူက အကောင်းဆုံး ကုသပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် နေ့စဉ် ကြက်သွန်ဖြူကို စားပေးခြင်းဖြင့်ကျန်းမာရေးအတွက် များစွာအထောက် အကူ ဖြစ်စေမှာ ဖြစ်ပြီး စားသင့်တဲ့ ပမာဏကတော့ အတိအကျ မလိုအပ်ပါဘူး။
Ref:
ကျော်လင်းနိုင်
Myawady Health
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

