မြန်မာ့ဓလေ့ မြန်မာ့ အစားအစာ များစွာထဲမှာ ရာသီပေါ်လည်းဖြစ် လူကြိုက်လည်း...
30-Oct-2016မရမ်းသီးအမှည့်ကို သကြားရေစိမ်ပြီး စားကြသလို မရမ်းသီးစိမ်းကို ဟင်းလျာ အမျိုးမျိုး ပြုလုပ်ပြီး စားသုံးကြပါတယ်။ မရမ်းသီး ငါးပိထောင်း၊ မရမ်းသီး စိမ်းငါးပိ ချက်အစ ရှိသဖြင့် အရသာ ထူးကဲအောင် စားသုံးလေ့ရှိကြပါတယ်။ မရမ်းသီးခြောက်ကို ငါး၊ ဝက်သားတို့နဲ့ တွဲဖက် ချက်စားလေ့ ရှိပါတယ်။ မရမ်းသီး သုပ်မှာလည်း ကြားရရုံနဲ့ သွားရည်ယိုနိုင်တဲ့ အစားအစာ တစ်မျိုး ပဲဖြစ်ပါတယ်။ အဲဒီလို ဘက်စုံအသုံးဝင်တဲ့ မရမ်းသီးရဲ့ အာဟာရ အချိုးအဆနဲ့ အသုံးဝင်ပုံ ကို တင်ပြချင်ပါတယ်။
အချဉ်ဓာတ်ကဲတဲ့ မရမ်းသီးမှာ-
Calorie ၆ဝ
Vitamin C ၁၇ ရာခိုင်နှုန်း
Vitamin A ရ ရာခိုင်နှုန်း
Calcium ၁ ရာခိုင်နှုန်း
Iron ၅ ရာခိုင်နှုန်း
Carbohydrate 16 mg
အဆီကျ လှပစေခြင်းမှာ Vitamin C များစွာပါဝင် သောကြောင့် ဖြစ်ပြီး အသားအရေ ကြည်လင် လှပစေနိုင်သောကြောင့်လည်း တန်ဖိုး ရှိလှတဲ့ အသီးအနှံ လည်း ဖြစ် ပါ တယ်။
Vitamin A လည်း ပါဝင်သည်ဖြစ်ရာ ဓာတ်တိုး ဆန့်ကျင်နိုင် ခြင်းကြောင့် ကင်ဆာဖြစ်ခြင်း မှ ကာကွယ်ပေးနိုင်သည့် အပြင် အသားအရေ လည်း တင်းရင်း လှပစေနိုင် ပါတယ်။ ဒါ့ကြောင့် အလှအပ တန်ဖိုးထားသူများ အကြိုက်တွေ့နိုင် မည့် သီးနှံလည်း ဖြစ်ပါတယ်။
သံဓာတ် ကယ်လစီယမ်ဓာတ် တို့လည်း အချိုးကျ ပါဝင်တာကြောင့် ကျန်းမာရေးကိုစောင့်ရှောက်ပေးမည့် အစားအစာ လည်း ဖြစ်ပါ သည်။ အချဉ်ကဲသော မရမ်းသီးတွင် ခံတွင်းမြိန် စေတဲ့ အစာစားချင် စိတ်ကို များစွာ ဖြစ်ပေါ် စေနိုင်ပါတယ်။ မရမ်းချိုသီး ကို သူ့အတိုင်းပဲ ရေစင်စင်ဆေးပြီး စားသုံးနိုင်သလို အချို ဓာတ်ကို ပေးစွမ်းနိုင်သောကြောင့် စွမ်းအင်ကိုလည်း ပေးစွမ်းနိုင်ပါတယ်။
မရမ်းသီးကို အထက်ဖော်ပြပါ တွဲဖက် စားသောက်သော အသားငါးများနဲ့ စားသုံးပါက အသားဓာတ်များပါ တိုးပွားနိုင်သောကြောင့် အာဟာရမျှတစွာ ရရှိနိုင်မှာဖြစ် ပါတယ်။ မရမ်းသီးသုပ် စားလျှင် ပါဝင်သော ပဲမှုန့်၊ ပုစွန် ခြောက်တို့ဖြင့် တွဲဖက် စားသောက်သောကြောင့် အသားဓာတ် သတ္တုဓာတ် များပေါများ စွာ ရရှိနိုင်ပါသေးတယ်။ မရမ်းသီး စားသုံးခြင်းဖြင့် မရမ်းသီးမှ ရတဲ့ အာဟာရသာမက တွဲဖက် စားသောက်သော ပစ္စည်းများ မှရသော အာဟာရဓာတ် ကိုလည်း ရရှိစေနိုင်ပါတယ်။ အမှည့်လွန်ပြီး ယင်ပေါများ ချိန်မှာ များစွာ စားသုံးမိပါက ဝမ်းရောဂါ ရစေနိုင်သောကြောင့် ဆင်ခြင်သင့်ပါတယ်။
Ref:
ဒေါက်တာဇာနည်ဝင်း
May 21st.2015