Print

အိုမင်းရင့်ရော်မှုကို တိုက်ခိုက်ပေးမယ့် သဘာဝလက်ဆောင်

  30-Dec-1899
Preview Image

Garlic (ကြက်သွန်ဖြူ)

ကြက်သွန်ဖြူဟာ သဘာဝကနေ ပေးအပ်ထားတဲ့ ကောင်းမွန်သော Anti-ageing အစားအစာ တစ်မျိုး ဖြစ်ပါတယ်။ ကြက်သွန်ဖြူကနေ များပြားလှတဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။ ကြက်သွန်ဖြူဟာ ဆဲလ် တွေဆိုးရွားစွာ ပျက်စီးဆုံးရှုံးခြင်းကို ကာကွယ်ပေးပြီး သွေးကြောနံရံတွေ ထူလာခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ကြက်သွန်ဖြူကို ဒီအတိုင်းဝါးစားပါက ပို၍ အကျိုး ကျေးဇူးတွေ ရရှိစေပါတယ်။ ကြက်သွန်ဖြူမှာ Antioxidants တစ်မျိုးဖြစ်တဲ့ Allium ဆိုတဲ့ ဓာတ်တစ်မျိုးဖြစ်ပြီး အဆိုပါ Allium ဟာ အလှအပကို အများကြီးထိခိုက်နိုင်တဲ့ Free Radicals တွေကို တိုက်ထုတ်နိုင်ကာ အရေပြားအတွက် ကောင်းမွန်တဲ့ ရလဒ်တွေကို ဆောင်ရွက် ပေးနိုင်ပါတယ်။ ထို့အပြင် ကိုယ်ခံစွမ်းအားကိုလည်း တိုးမြင့်စေပါတယ်။

 

Orange (လိမ္မော်သီး)

The American Journal of Clinical Nutrition ရဲ့ လေ့လာ သုတေသန ဖော်ပြချက်တွေအရ ဗီတာမင်စီ အများအပြားပါဝင်တဲ့ လိမ္မော်သီးဟာ အလှအပအတွက် အသုံးဝင်တဲ့ Anti-ageing အသီးတစ်သီးဖြစ်ပါ တယ်။ ဗီတာမင်စီဟာ အရွယ်မတိုင်မီ အရေးအကြောင်း လက္ခဏာများ ဖြစ်ပေါ်ခြင်းကို နှေးကွေးစေပြီး အသား အရေကို စိုပြည်စေပါတယ်။ နေရောင်ခြည် ဒဏ်ကြောင့် အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်း တွေကိုလည်း ကာကွယ်စေနိုင်ပါတယ်။

 

Olive Oil (သံလွင်ဆီ)

သံလွင်ဆီ အရေပြားရောင်ရမ်း နီမြန်းခြင်းကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိတဲ့ Anti-ageing အဆီတစ်မျိုးပါပဲ။ ဒါ့ကြောင့်မို့ အရေပြားရောင်ရမ်း နီမြန်းခြင်းတွေအတွက် သံလွင်ဆီကို စားသုံးရင်ပဲဖြစ်ဖြစ်၊ လိမ်းကျံရင် ပဲဖြစ်ဖြစ် အသုံးပြုနိုင်ပါသည်။ Journal of the Amerian Collega of Nutrition ရဲ့ လေ့လာ သုတေသနပြု ဖော်ပြချက်တွေအရ သံလွင်ဆီနှင့် အရေးအကြောင်း တွေဟာ ဆက်နွယ်မှုရှိကြောင်း ဖော်ပြခဲ့ပါတယ်။ လေ့ လာသူတွေရဲ့ ပြောကြားချက်တွေအရ သံလွင်ဆီကို စားသုံးရင်ပဲဖြစ်ဖြစ်၊ လိမ်းကျံရင် ပဲဖြစ်ဖြစ် ပုံမှန်အသုံးပြုမယ်ဆိုရင် အရွယ်မတိုင်မီ အရေးအကြောင်းတွေ ဖြစ်ပွားခြင်းကို နှေးကွေးစေတယ်လို့ ဆိုပါတယ်။

 

Pomagranate (သလဲသီး)

စွမ်းအားဖြည့် Antioxidants တွေ အများအပြားပါဝင်တဲ့ သလဲသီးဟာ အိုမင်းရင့်ရော်မှုကို တိုက်ခိုက် နိုင်တဲ့ နာမည်ကြီး အသီးတစ်မျိုးဖြစ်ပါတယ်။ Antioxidantsတွေဟာ Free Radicals ောကာင့်ဆဲလ်တွေ ပျက်စီးခြင်းကို အကောင်းဆုံး ကာကွယ်ပေးနိုင်တဲ့ အတွက်ကြောင့် Antioxidants တွေ အများအပြားပါဝင်တဲ့ သလဲသီးဟာ အရေပြားဆဲလ်တွေ ပျက်ဆီးခြင်းကို တိုက်ခိုက်ပေးနိုင်ပါတယ်။

 

Healthcare.com.mm

Ref:နေရည်ညို

Source : Health For All Magazin No.98, Pg.54-57,March 2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18