အာလူး မီးကင် ၊ ပေါင်မုန့် မီးကင်နဲ့ အကင်တွေက အသည်းကို ပျက်စီးစေ
25-Feb-2017
အရက်သောက် တာကြောင့် မဟုတ်ဘဲ အစားအသောက်ကြောင့် အသည်း ရောဂါဖြစ်ပွားမှုဟာ မြှင့်တက်လျက် ရှိနေတယ်လို့ မာဆေးဆိုက် ဒေသက ပရော်ဖက်ဆာ Dr David Unwin က ဆိုပါတယ်။
အရက်တွေ တအား သောက်နေရင် အသည်းကို ပျက်စီးစေ တယ်ဆို တာတော့ ပြောလေ့ပြောထ ရှိကြ ပါတယ်။ အရက်မသောက်ပဲ နဲ့လည်း အသည်း ပျက်စီးနေတဲ့ သူတွေလည်း ရှိနေပြီး နေထိုင် စားသောက်မှု ပုံစံပေါ်မှာ မူတည်လျက် ရှိနေတယ်လို့ သိရပါတယ်။
အထူးသဖြင့် လူတွေ အစားများလေ့ ရှိတဲ့ အာလူး ၊ ပေါင်မုန့် မီးကင်နဲ့ အကင်လို ကစီဓာတ် များတဲ့ အစားအသောက် တွေဟာ အသည်းကို အဆီဖုံးစေပြီး ပျက်စီးစေ တယ်လို့ သိရပါတယ်။
သင့် အသည်းရဲ့ ကျန်းမာမှု ကိုတော့ သွေးတွင်းမှာ ပါဝင်တဲ့ ပရိုတိန်း စမ်းသပ်ချက် GGT နည်းလမ်းနဲ့ စမ်းသပ်နိုင်ပြီး သိရှိနိုင်တယ်လို့ သိရပါတယ်။ အကယ်လို့သာ ပရိုတိန်း ပါဝင်မှုမြင့်မားနေမယ် ဆိုရင်တော့ သင့်အသည်းက စိုးရိမ်စရာ အခြေအနေတွေဖြစ်လာပြီး ကုသမှုတွေ ခံယူရတော့ မှာပါ။
အဲ့လိုပရိုတိန်းမြင့်တက်မှုဟာ နှစ်မျိုးနှစ်စားရှိပြီးတော့ အယ်လ်ကိုဟောလ်ကြောင့် အသည်းခြောက်တဲ့ရောဂါနဲ့ အယ်လ်ကိုဟောလ်ကြောင့် မဟုတ်ဘဲနဲ့ အစားအသောက်အပေါ်မူတည်ပြီး အသည်းအဆီဖုံးတဲ့ ရောဂါတွေ ဖြစ်တယ်လို့ သိရပါတယ်။
ဒီအယ်လ်ကိုဟောလ်ကြောင့် မဟုတ်ဘဲ အသည်းအဆီဖုံးတဲ့ အခြေအနေဟာ ဗြိတိန်နိုင်ငံက လူ ၂၀ ရာနှုန်းလောက်အထိ ဖြစ်ပေါ်နေပြီး ဆီးချိုရောဂါဖြစ်ပွားမှုထက် နှစ်ဆလောက်ပိုနေတာလည်း ဖြစ်ပါတယ်။ အချို့လူနာတွေမှာဆိုရင် အသည်းကို လုံးဝ ဆုံးရှုံးသွားတဲ့
အထိကို ဆိုးဝါးစေတယ်လို့ သိရပါတယ်။
အထူးအားဖြင့်တော့ ပေါင်မုန့်မီးကင်နဲ့ အာလူးလို ကာဘိုဟိုက်ဒရိတ်နည်းပါးတဲ့ အစားအစာတွေဟာ အသည်းအဆီဖုံးမှုကို အားပေးနေတယ်လို့ သိရပါတယ်။
Dr David Unwin ဟာ လူနာပေါင်း ၆၉ ယောက်ကို လက်တွေ့စမ်းသပ်ခဲ့ပြီးတဲ့နောက်မှာတော့ အစိမ်းရောင် ဟင်းသီးဟင်းရွက် ၊ စပျစ်သီးနဲ့ သကြားဓာတ်နည်းပါးတဲ့ သစ်သီး ၊ အစေ့တွေနဲ့ ငါး၊ ဥ စတာတွေကို စားသုံးစေပြီး အသည်းအဆီဖုံးတာကို လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။
သူ့ရဲ့အဓိက ကုထုံးကတော့ အသည်းကို အဆီဖြစ်စေမယ့် သကြားဓာတ် ၊ ကစီဓာတ်တွေကို ဖြတ်တောက်ပြီးတော့ စားသုံးခိုင်းစေခဲ့တာပါ။
" ကျွန်တော်တွေ့လိုက်ရတာကတော့ သူတို့ကို ဒီလိုစားသုံးခိုင်းလိုက်တာဟာ အသည်းကို အဆီဖုံးမှုကို ၄၇ ရာနှုန်းလောက်အထိ လျှော့ချပေးနိုင်ခဲ့တယ် " လို့ Dr Unwin ကပြောပါတယ်။
အသည်းအဆီဖုံးမှုကို လျှော့ချပေးနိုင်တဲ့ နောက်အကြောင်းအရာ တစ်ခုကတော့အားကစား ပြုလုပ်ပေးခြင်းနဲ့လည်း အသည်းကို အထောက်အကူပြုစေတာကိုတွေ့ရပါတယ်။ ဒါ့ကြောင့် လူသားတွေဟာ ရောဂါတစ်ခုဖြစ်ရင် ဆေးနဲ့ပဲကုသဖို့ ကြိုးစားလာတာကို ရပ်တန့်ပြီး ကိုယ့်ရဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲပြီးတော့လည်း ကျန်းကျန်းမာမာနေနိုင်မှာဖြစ်တယ်လို့ Dr Unwin က အကြံပြုထားပါတယ်။
Healthcare.com.mm
Ref: Dailymail
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
