အဆင်သင့်ခေါက်ဆွဲထုပ်စားခြင်းဖြင့် နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် ဆီးချိ...
25-Feb-2017
တစ်ပတ်လျှင် အဆင်သင့် ခေါက်ဆွဲထုပ်ကို ၂-၃ ကြိမ်စားခြင်းဖြင့် နှလုံးရောဂါ၊လေဖြတ်ခြင်းနှင့် ဆီးချိုရောဂါတို့ ပါဝင်သော ရောဂါစုဖြစ်နိုင်ခြေကို မြင့်မားစေကြောင်း အမေရိကန် သိပ္ပံပညာရှင်တို့က တွေ့ရှိခဲ့ကြသည်။ အဆိုပါ တွေ့ရှိမှုကို အာဟာရဂျာနယ်တွင် ဖော်ပြထားပြီး တစ်ကမ္ဘာလုံး အဆင်သင့် အစာစားခြင်း၏ အန္တရာယ်ကို မီးမောင်းထိုးပြသလိုက်ခြင်း ဖြစ်သည်။
ဘေလာနှလုံးသွေးကြောဆေးရုံ ကိုယ်စားပြုလုပ်သော လေ့လာမှုဦးဆောင်သူ ဒေါက်တာရှင်းကအဆင်သင့် ခေါက်ဆွဲထုပ်နှင့် Ramen အမည်ရှိ ဂျပန်ခေါက်ဆွဲစွပ်ပြုတ်တို့သည် အထူးသဖြင့် အမျိုးသမီး ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း ဖော်ပြထားပါသည်။ အာရှလူမျိုးများတွင် Ramen စားသုံးမှုများပြီး တောင်ကိုးရီးယားလူမျိုးများသည် ကမ္ဘာပေါ်တွင် အဆင်သင့် ခေါက်ဆွဲစားသုံးမှု အများဆုံးလူမျိုးများ ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။ လတ်တလောနှစ်များတွင် တောင်ကိုးရီးယားလူမျိုးများသည် အထူးသဖြင့်နှလုံးရောဂါကဲ့သို့သော် ကျန်းမာရေးပြဿနာများ ဖြစ်နိုင်ခြေ သိသိသာသာ မြင့်တက်မှုရှိပြီး အဝလွန်သော အရွယ်ရောက်သူ ဦးရေလည်း မြင့်မားလာကြောင်း လေ့လာသူ ဒေါက်တာရှင်းကဆိုသည်။
ပြုပြင်ထားသော အစာများစွာကဲ့သို့ အဆင်သင့်ခေါက်ဆွဲထုပ်တွင် ဆားပါဝင်မှုများသဖြင့်နှလုံးရောဂါနှင့် လေဖြတ်ခြင်း အန္တရာယ်ကို မြင့်တက်စေနိုင်ကြောင်း သိရသည်။ ယခုနှစ်အစောပိုင်းက အစာအိမ်အူလမ်းကြောင်း အထူးကု ဘရာဒန်က ခေါက်ဆွဲခြောက်ကို လူ့ခန္ဓာကိုယ်က မည်သို့မည်ပုံ ချေဖျက်သည်ကို သေးငယ်သော ကင်မရာဖြင့် ကြည့်ရှုခဲ့သည်။ အဆင်သင့်ခေါက်ဆွဲခြောက်အများစုတွင် ရေနံစက်ရုံများတွင် သုံးသောစွန့်ပစ်ပစ္စည်း ဗြူတိန်းကဲ့သို့ အစာဖြည့်စွက်ဓာတ် TBHQ (Tertiarybuty hydroquinone) ပါဝင်မှုရှိကြောင်းသူက ဆိုသည်။
“ အဆင်သင့်ခေါက်ဆွဲတွေက အခြားခေါက်ဆွဲတွေထက် အစာချေဖျက်နှုန်း ပိုမိုနှေးကွေးတာကို တွေ့ရပါတယ်။ ဒါ့အပြင် အမျိုးသားနဲ့ အမျိုးသမီးတွေအကြား လိင်ဟော်မုန်းတွေနှင့် ဇီဝရုပ်ဖြစ်ပျက်မှုလို ခြားနားချက်တွေ ဖြစ်ပေါ်တာကြောင့် အမျိုးသမီးတွေမှာ ပိုပြီး ထိခိုက်တယ်” လို့ ထင်ပါတယ် ဟု သူကပြောသည်။
Healthcare.com.mm
Ref:
ဒေါက်တာခိုင်ဇွန်ဦး (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, No.268, November, Pg.161
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
