ကြက်သွန်ဖြူ နှင့် အအေးမိဝေဒနာ
25-Feb-2017
မကြာခင်က ပြုလုပ်တဲ့လေ့လာမှုအရ ကြက်သွန်ဖြူဥ ၂ တက်ကို ဒီအတိုင်း ဒါမှမဟုတ် အနည်းငယ်ကြိတ်ပြီး ပျားရည်နဲ့ ရောစပ်ကာ စားသုံးတာကြောင့် စားပြီးသုံးနာရီအတွင်း အအေးမိဝေဒနာ ပျောက်ကင်းနိုင်တယ်လို့ သိရပါတယ်။
ကြက်သွန်ဖြူ ၂ ဥက ခုခံအားစနစ် ကောင်းစေနိုင်တဲ့အတွက်သွေးဖြူဥ ထုတ်လုပ်မှု ပိုကောင်းမွန်နိုင်တာနှင့် ကင်ဆာကို တွန်းလှန်နိုင်မှုအတွက် ဗီဇ Gene တွေရဲ့လှုပ်ရှားမှုကို မြှင့်တင်စေနိုင်တာကြောင့်လို့ ဆိုပါတယ်။ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ ဆီလီနီယမ်လိုမျိုး သတ္တုဓာတ်၊ တစ်ချို့ အင်ဇိုင်း၊ ဗီတာမင်စီနဲ့ ဆာလဖာ ပါဝင် တဲ့ ဒြပ်ပေါင်းတွေကြောင့် ဒီလိုအကျိုးကျေးဇူးတွေ ရရှိတာပါ။ ကြက်သွန်ဖြူ ကို ကြိတ်လိုက်တဲ့အတွက် ထွက်ရှိလာတဲ့ Allinose အင်ဇိုင်းက ဘက်တီးရီးယားကိုတိုက်ခိုက်နိုင်တဲ့ Allicin အဖြစ် ပြောင်းလဲသွားပါတယ်။ ဟင်းချက်ပါက ထုကြိတ်ပြီး ၁၀ မိနစ်အကြာမှာ အပူပေးပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာခင်မိုးမိုး
Arogyam magazine, No.284, March 2016, Pg. 4
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
