ဖရဲသီးများကို ဘာကြောင့်စားသင့်တာလဲ
25-Feb-2017
ကျွန်မတို့တွေ ဖရဲသီးစားတဲ့အခါ အနီရောင်၊ အဝါရောင်ရှိတဲ့ အတွင်းသားကိုသာ စားသုံးကြပြီး အခွံနဲ့ကပ်နေတဲ့ အဖြူသားကို ဖယ်ရှားတတ်ကြပါတယ်။ တကယ်တော့ ဖရဲသီးရဲ့ အဖြူသားထဲမှာ ပါဝင်တဲ့ဒြပ်ပေါင်းတွေက ကျွန်မတို့ခန္ဓာကိုယ်အတွက် များစွာအထောက်အကူပြုတယ်ဆိုတာ သင်သိပါရဲ့လား …
သွေးဖိအားပုံမှန်ဖြစ်စေတယ်
သွေးတိုးရောဂါရှိသူတွေအနေနဲ့ ဖရဲသီး စားသုံးတဲ့အခါ အဖြူသားကို မဖြစ်မဖြစ် စားသုံးသင့်ပါတယ်။ သွေးစီးကြောင်းထဲမှာရှိတဲ့ ပိုလျှံနေတဲ့ အရည်တွေကို ဖယ်ရှားပေး ပြီး သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးတာကြောင့်ပါ။ လေ့လာမှုတွေ အရ သွေးတိုးရောဂါရှိသူတွေမှာ စမ်းသပ်ခဲ့ရာ သွေးဖိအားပုံမှန်ဖြစ်အောင် လုပ်ဆောင်ပေး တယ်လို့ တွေ့ရှိခဲ့ပါတယ်။
ဆီးလမ်းကြောင်း ကောင်းမွန်အောင် အထောက်အကူပြုတယ်
ဖရဲသီးအဖြူသားမှာ ဆီးရွှင်စေတဲ့ အာနိသင်ရှိပြီး ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင် တာကို ကောင်းမွန်အောင် အားပေးကူညီပါတယ်။ ဒါအပြင် ဆီးလမ်းကြောင်းတစ်လျှောက် ကိုလည်း သန့်စင်ပေးပါတယ်။ နေ့စဉ် ရေ ၈-၁၂ ဖန်ခွက် မသောက်ဖြစ်ခဲ့ရင်တောင် ဖရဲသီးအဖြူသားကို စားသုံးပါက ဆီးလမ်းကြောင်းသန့်စင်စေပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
Good Health Jurnal
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
