အူမကြီးကင်ဆာမဖြစ်အောင် အသားကိုဘယ်လိုစားမလဲ
27-Feb-2017
အူမကြီးကင်ဆာမဖြစ်အောင် အသားကိုဘယ်လိုစားမလဲ
အနီရောင်ရှိတဲ့ အသားမှာ သံဓာတ်ကြွေဝစွာ ပါဝင်ပါတယ်။ ခန္ဓာကိုယ်မှာ သံဓာတ်လျော့နည်းပါက သွေးနီဥပမာဏလျော့နည်းပြီး သွေးအားနည်းရောဂါ ဖြစ်စေပါတယ်။ သွေးအားနည်းတဲ့အခါ ဖျော့တော့တော့ဖြစ်တာ၊ အာရုံစူးစိုက်မှုမရှိတာ၊ မူးဝေတာ ၊ ခေါင်းကိုက်တာ၊ မောပန်းတာ၊ ထိုင်းမှိုင်းတာ၊ အားနည်းတာတွေ ဖြစ်နိုင်ပါတယ် ။ သွေးအား အလွန်အမင်းနည်းလာပါက ရှော့ရတာ၊ နှလုံးရောဂါဖြစ်တာတွေအထိ ဖြစ်နိုင် ပါတယ်။
အနီရောင်အသားက သင့်ကို သံဓာတ်တွေ ပြည့်ဝစေပေမယ့် အလွန်အကျွံ
စားသုံးဖို့တော့ မသင့်တော်ပါဘူး။ အာဟာရကျွမ်းကျင် ပညာရှင်တွေက အနီရောင် အသားက သံဓာတ်ရရှိနိုင်တဲ့ အရင်းအမြစ်တစ်ခုဖြစ် ဖြစ်ပေမယ့် မဆင်မခြင် စားသုံးပါက အူမကြီးကင်ဆာ ဖြစ်ပွားနိုင်ခြေများတယ်လို့ ဆိုပါတယ်။
လူတစ်ယောက်ဟာ တစ်နေ့ကို အနီရောင်အသား ၇၀ ဂရမ်၊ တစ်ပတ် ၅၀၀ ဂရမ်ထက် ပိုမစားသင့်ဘူးလို့ ကမ္ဘာ့ကင်ဆာသုတေသန ရန်ပုံငွေ အဖွဲ့ကဆိုပါတယ်။ အသားကအဆီထုတ်ထားတဲ့ အသားဖြစ်ဖို့လိုပါတယ်။ ဒါမှ သွေးတွင်းကိုလက်စထရော
မြင့်တက်တာကို ကာကွယ်နိုင်ပါလိမ့်မယ်။
အနီရောင်အသားဆိုတာ အမဲသား တစ်ခုတည်းကို ဆိုလိုတာမဟုတ်ပါဘူး။ ဝက်သား၊ ဆိတ်သား၊ သိုးသားတွေလည်း အနီရောင်အသားထဲမှာ ပါဝင်ပါတယ်။ ဒါပေမယ့် ဝက်ပေါင်ခြောက်၊ ဝက်သားဆာနယ်ခြောက်၊ ဝက်အူချောင်းနဲ့ ဟမ်ဘာဂါထဲမှာ ညှပ်ထားတဲ့အသားစတာတွေကတော့ အဆင့်ဆင့်ပြောင်းလဲ ပြုပြင်ထားတဲ့အသားတွေ
ဖြစ်တာကြောင့် မစားဘဲရှောင်သင့်တယ်လို့ အကြံပြုထားပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
အလင်း (ဆေးဝါး)
Good Health Jurnal
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
