Print

သံပုရာသီး၏တန်ဖိုး အမျိုး (၂၀)

  30-Dec-1899
Preview Image

၁။ သံပုရာရည်ကို သောက်ခြင်းအားဖြင့် မောပန်းနွမ်းနယ်မှုကို ပြေစေပြီး လူ၏ခန္ဓာကိုယ် တွင် ဖြစ်ပွားတတ်သော အထူးသဖြင့် ဝမ်းဗိုက်တွင် ဖြစ်ပေါ်တတ်သော ရောဂါများကို ကာကွယ်နိုင်ပါတယ်၊

 

၂။ သံပုရာရည်ကို သကြားအနည်းငယ် ထည့်ကာ များများသောက်ပေးပါက အစာ အဆိပ်သင့်ခြင်း၊ အရက်မှ ဖြစ်သော အဆိပ်၊ ဘိန်းမူးလွန်နာ စသည်များ ကို ပျောက်ကင်းစေသည်။

 

၃။ ထမင်း စားပြီးနောက် အော့အန်ခြင်း ဖြစ်တတ်လျင် လတ်ဆတ်သော သံပုရာရည် ကို သောက်ရပါမည်။

 

၄။ သံပုရာရည်ကို သကြားခတ်၍ သောက်ပါက ခန္ဓာကိုယ်တွင် အဆီများ၍ ချောင်းဆိုးခြင်း၊ သည်းခြေ အားနည်းခြင်း၊ ကိုယ်လက် အဆစ်အမြစ် ကိုက်ခဲခြင်းများ ပျောက်ကင်းစေပါတယ်။

 

၅။ သံပုရာရည်တွင် သကြားခတ်ကာ နံနက်/ည တစ်ကြိမ်စီ သောက်ပေးပါက သွားမှ သွေးယိုစီးခြင်းကို ပျောက်ကင်းစေသည်။

 

၆။ သံပုရာ ဖျော်ရည်ကို နေ့စဉ် သောက်ပေးပါက အထိုင်အထ လုပ်စဉ် ဖြစ်တတ်သော မူးဝေခြင်း၊ မိုက်ကနဲ ဖြစ်ခြင်းများကို ပျောက်ကင်းစေသည်။

 

၇။ သံပုရာသီး အစိမ်း၏ အခွံကို စားပေးပါက လေနာ/ ရင်နာများ ပျောက်ကင်းစေသည်။

 

၈။ ယားနာ ပွေးနာ၊ အရေပြားတွင် အမည်းကွက်များ ပေါ်လာခြင်း ၊ အမွေးများ ကျွတ်ခြင်း ဖြစ်ပါက သံပုရာခြမ်းနှင့် ပွတ်တိုက်ပေးရပါမည်။

 

၉။ သံပုရာသီး သနပ်ကို ထမင်းနှင့် နေ့စဉ် စားသုံးပါက သရက်ရွက် ကြီးသော ရောဂါ ကို ပျောက်စေသည်။

 

၁၀။ သံပုရာရည် နွေးနွေးကို ပျားရည်နှင့် ရောစပ်ကာ တနေ့ နှစ်ကြိမ်မျှ လျက်ပေးပါက လည်ချောင်းနာခြင်းကို ပျောက်စေသည်။

 

၁၁။ သံပုရာသီး တစ်လုံးကို မီးကျွမ်းအောင် ဖုတ်ကာ လေးညှင်းတစ်ပွင့်နှင့် ထည့်ကျိတ်ပြီး သွားဖုံးရင်းတွင် သိပ်ပေးသော သွားကိုက်သွားနာ ပျောက်ကင်းစေပါသည်။

 

၁၂။ ဆီးဆေးဖြူ ( တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် ၂၁ ) နှင့် သံပုရာရည်ကို ဖျော် ၍ သောက်ပေးပါက ဆီးအောင့်ခြင်းဝေဒနာကို ပျောက်စေသည်။

 

၁၃။ သံပုရာခေါက်ကို နံနက် ည တစ်ကြိမ်စီ ရေနှင့် ကြိုချက်ကာ သောက်ပေးပါက အဖျား ပျောက်ကင်းစေသည်။

 

၁၄။ သံပုရာခေါက် ၅ ကျပ်သား၊ ရေ ၇၅ ကျပ်သားနှင့် ထက်ဝက်ခန့် ကျို၍ တခွက်စာ (၂ ကျပ်သားခန့်မျှ) တနေ့ ၂ ကြိမ် သောက်ပေးပါက မပြတ်နိုင်သော အဖျားရောဂါ များ ပြတ်သွားနိုင်သည်။

 

၁၅။ အစာမကြေ၊ လေထိုး၊ လေအောင့်၊ လေပြည့် ဖြစ်နေခဲ့သော် ဂျင်းခြောက်မှုန့် ၂ ပဲ၊ သိန္ဓော ၄ ပဲကို အမှုန့်ထောင်း၍ သံပုရာရည်နှင့် ဖျော်ကာ တနေ့ သုံးကြိမ် သောက်ပေး ပါက ပျောက်ကင်းစေနိုင်သည်။

 

၁၆။ သံပုရာ ဖျော်ရည် ချိုချိုကို သောက်ပေးခြင်း၊ သံပုရာရည်နှင့် ဆားမီးဖုတ်ကို လျက်ပေးခြင်းဖြင့် နှလုံးတုန်ခြင်း၊ ရင်ခုန်ခြင်း၊ မူးဝေ မောပန်းခြင်းများကို သက်သာပျောက် ကင်းစေသည်။

 

၁၇။ မူးလျင် သံပုရာသီးကို ရှုပေးပါ၊ ရွဲ့စောင်းသော လေငန်း ရောဂါများ၊ အာလေး လျှာလေး၍ စကား မပီသသောသူများ ပုံမှန် သံပုရာသီးတစ်လုံးကို ငုံထားသင့်ပါသည်။

 

၁၈။ ခေါင်းတွင် ပေါက်တတ်သော ဒက်များ၊ ဘောက်များ ရှိနေပါက သံပုရာသီး အခွံနှင့် ခေါင်းကို ပွတ်တိုက်ပေးရပါမည်။ ယားယံသော နေရာများကိုလည်း ပွတ်တိုက်နိုင်ပြီး အမျိုးသမီးများအတွက် သံပုရာသီး အခွံကို ခေါင်းလျှော်ရည်တွင် ထည့် ကာ ခေါင်းလျှော်နိုင်ပါသည်။

 

၁၉။ သံပုရာ အစေ့ကို ကြိတ်ကာ ချက်မှာ အုံပြီး ၄င်းအပေါ်၌ ဆန်ဆေးရည်ကို အနည်းငယ် ဆွတ်ဖြန်းပေးပါက ဆီးရွှင်စေပါတယ်။

 

၂၀။ သံပုရာချဉ် ပြုလုပ်၍ ထမင်းစားတိုင်း စားသုံးပေးပါက လေကြောင့် ဖြစ်ရသော သွက်ချာပါဒ၊ လေငန်း၊ လေထိုး၊ လေအောင့်၊ အစာအိမ်ရောဂါ မှန်သမျှကို ကာကွယ်နိုင်သော အထူးစိတ်ချရသော အာဟာရတစ်မျိုး ဖြစ်ပါသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit :
ကြည်ကြည်ခင်၊ တိုင်းရင်းဆေး

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18