Print

အိမ်ထောင်သည်များ အစားသင့်ဆုံး သစ်သီး ၅ မျိုး

  30-Dec-1899
Preview Image

အိမ်ထောင်သည်များ အစားသင့်ဆုံး သစ်သီး ၅ မျိုး အိမ်ထောင်ရေးမှာ သာယာ ကြည်နူးဖွယ်ရာ အဆင်ပြေတဲ့ ဘဝမျိုး ရရှိအောင် အောက်ပါသစ်သီး ၅ မျိုးကို စားပေးသင့်ပါတယ်။

 

(၁) သလဲသီး

အိမ်ထောင်သည်တွေ အစားသင့်ဆုံး သစ်သီးတွေထဲမှာ သလဲသီးကလည်း ပါဝင်နေပါတယ်။ လေ့လာမှုတစ်ခုအရ သလဲသီးဟာ သွေးတိုးကိုကျစေပြီး နှလုံးရောဂါ အန္တရာယ်ကိုလည်း လျော့ကျစေတယ်လို့ သိရပါတယ်။ သလဲသီးဖျော်ရည်ကို သောက်တာက ဆန္ဒအားကို ကောင်းစေတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ အကြောင်းကတော့ သလဲသီး စားတဲ့အခါ ခန္ဓာကိုယ်ထဲမှ နိုက်ထရစ်အောက်ဆိုက် ထွက်အောင် ကူညီပေး တာကြောင့် သွေးကြောတွေကိုကျယ်စေပြီး သွေးလှည့်ပတ်မှုကို ကောင်းစေလို့ ဖြစ်ပါတယ်။ သလဲသီးကို ဖျော်ရည်အဖြစ်ဖျော်ပြီး အေးခဲအောင် ပြုလုပ်ကာ သောက်နိုင်ပါတယ်။

 

(၂) သဖန်းသီး

သဖန်းသီးတွေက အမျိုးသားရော အမျိုးသမီးမှာပါ လိင်စိတ်အားကောင်းစေတဲ့ သစ်သီးပါ။ အကြောင်းကတော့ သဖန်းသီးမှာ အမိုင်နိုအက်စစ် ပါဝင်မှု မြင့်မားလို့ပါပဲ။ အမိုင်နိုအက်စစ်ဟာ ပုံမှန်လုပ်ငန်းဆောင်တာတွေမှာ ပါဝင်ပြီး ခန္ဓာကိုယ် ထဲမှာ နိုက်ထရစ်အောက်ဆိုက်အဆင့်ကို တိုးစေပါတယ်။ သဖန်းသီးဟာ အာရုံခံစားမှုနဲ့ စိတ်ခံစားမှုကို ကောင်းမွန်စေတဲ့အတွက် အိမ်ထောင်ရေးမှာ အဆင်ပြေရတာဖြစ်တယ် လို့ လေ့လာသူတွေက ဆိုပါတယ်။

 

(၃) ထောပတ်သီး

ထောပတ်သီးဟာ အိမ်ထောင်သည်တွေ စားသင့်တဲ့ သစ်သီးပါ။ အကြောင်း ကတော ့ ထောပတ်သီးမှာ ဖောလစ်အက်စစ် မြင့်မားစွာပါဝင်တာကြောင့် ပရိုတင်း ဓာတ်တွေကို ချေဖျက်ကာ စွမ်းအင်အထွက် တိုးစေပါတယ်။ ထောပတ်သီးမှာ ဗီတာမင် B ၆ လည်း ကောင်းကောင်းပါဝင်တာကြောင့် စိတ်ဖိစီးမှုကို တွန်းလှန်နိုင်ပြီး တိုးလာတဲ့ စွမ်းအင်ဟာ ကျားဟော်မုန်းတက်စတိုစတီရုန်းကို အထွက်တိုးစေပါတယ်။ ထောပတ်သီးမှာ ပိုတက်စီယမ် ပါဝင်မှုလည်း မြင့်မားတာကြောင့် အိမ်ထောင်သည်အမျိုးသမီးတွေ စားသင့်တာဖြစ်ပါတယ်။

 

(၄) ငှက်ပျောသီး

တစ်နေ့တာကို စတင်တဲ့ နံနက်ခင်းမှာ ငှက်ပျောသီးကို စားပေးပါ။ ငှက်ပျောသီး မှာပါဝင်တဲ့ ဘရိုမီလိန်းအင်ဇိုင်းဟာ အိမ်ထောင်သည်တွေရဲ့ စိတ်ဆန္ဒကို တိုးမြင့်စေပါတယ်။ ငှက်ပျောသီးဟာ ပိုတက်စီယမ် ပါဝင်မှု အမြင့်မားဆုံးသစ်သီးထဲမှာ တစ်မျိုးအပါအဝင်ဖြစ်ပြီး ဗီတာမင်ဘီ ပါဝင်တာကြောင့် စွမ်းအင်အဆင့်ကို တိုးမြင့်စေပါတယ်။

 

(၅) စွန်ပလွံသီး

စွမ်းအင်လျော့ကျမှုနဲ့ လိင်စိတ်ဆုံးရှုံးမှုတို့ကို တွန်းလှန်နိုင်ဖို့ စွန်ပလွံသီးကို စားပေးနိုင်ပါတယ်။ အမိုင်နိုအက်စစ် ပါဝင်တဲ့အတွက် ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေပြီး စွမ်းအင်ကို တိုးစေနိုင်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit - Good Health



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18