လိုင်ချီးသီး၏ ကျန်းမာရေး
28-Feb-2017အရသာရှိလှတဲ့ လိုင်ချီးသီးတွေကို စားရတာက ရေငတ်ပြေစေပါတယ်။ ဘဲဥပုံ ဒါမှမဟုတ် အသည်းနှလုံးပုံရှိပြီး အတွင်းသားမှာ အဖြူရောင်ရှိတဲ့ ဂျယ်လီ အမျိုးအစား ဖြစ် ပါတယ်။ လိုင်ချီးသီးမှာ ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီး ပါဝင်နေပါတယ်။
( ၁ ) ကယ်လိုရီ ပါဝင်မှု နည်းပါတယ်။ ကိုလက်စထရော ပါဝင်မှုလည်း နည်းပါတယ်။
( ၂ ) လိုင်ချီးသီးမှာ အမျှင်ဓာတ် မြင့်မားစွာ ပါဝင်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်များ တဲ့ သူတွေအနေနဲ့ ကိုယ်အလေးချိန် ထိန်းနိုင်အောင် လိုင်ချီးသီးကို စားသင့်ပါတယ်။
( ၃ ) လိုင်ချီးသီးမှာပါတဲ့ အိုလီဂိုနောဆိုတဲ့ အင်တီအောက်ဆီးဒင့်ဟာ တုပ်ကွေးဗိုင်းရပ်စ် ပိုးတွေကို တွန်းလှန်ပေးနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်မှု ကောင်းစေ ကာ ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်။ ဒါ့အပြင် အသားအရေကို ခရမ်းလွန် ရောင်ခြည်ကြောင့် မထိခိုက်အောင် ကာကွယ်ပေးနိုင်ပါတယ်။
( ၄ ) လိုင်ချီးသီးမှာ နိုင်ယာစင်၊ သိုင်ယာမင်နဲ့ ဖောလိတ်စတဲ့ ဗီတာမင်ဘီ အုပ်စုကောင်းကောင်း ပါဝင်ပါတယ်။ ဒီ ဗီတာမင်တွေက ကာဗိုဟိုက်ဒရိတ်၊ အဆီနဲ့ ပရိုတင်း စတာတွေကို ကောင်းကောင်း ချေဖျက်ပေးနိုင်ပါတယ်။
( ၅ ) လိုင်ချီးသီးမှာ ပိုတက်စီယမ်နဲ့ ကြေးနီ (Copper) များများ ပါဝင်ပါတယ်။ ပိုတက်စီယမ် ဓာတ်ဟာ ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ သတ္တုဓာတ်ဖြစ်ပြီး သွေးဖိအားနဲ့ နှလုံးခုန်နှုန်းကို ထိန်းချုပ်နိုင်ပါတယ်။ ဒါကြောင့် နှလုံးသွေးကြော ရောဂါနဲ့ လေဖြတ် ဝေဒနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ကြေးနီဟာ သွေးနီဥ ထုတ်လုပ်မှုအတွက် လိုအပ်ပါတယ်။
( ၆ ) လိုင်ချီးသီးဟာ အရိုးတည်ဆောက် ကြီးထွားမှုအတွက် အရေးပါတာကြောင့် ကြီးထွားဖွံ့ဖြိုးနေဆဲ ကလေးတွေအတွက် ကောင်းမွန်ပါတယ်။
( ၇ ) လိုင်ချီးသီးကို စားပေးတာက အသားအရေကို လှပစေပါတယ်။
( ၈ ) သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။
( ၉ ) ဖျားနာနေတဲ့ သူတွေဟာ လိုက်ချီးသီး စားပေးရင် သက်သာစေနိုင်ပါတယ်။
( ၁ဝ ) လိုင်ချီးသီး စားတာက နာကျင်မှုကို လျော့ကျစေပြီး ဂလင်းတွေ ရောင်ရမ်းမှုကို သက်သာစေပါတယ်။ လတ်ဆတ်တဲ့ လိုင်ချီးသီးတွေကို အခန်း အပူအချိန်မှာ ထားရင် ငါးရက်လောက်အထိ ထားလို့ရပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : Good Health Source