Print

အသားအရေကို တမဟုတ်ချင်း ပြောင်းလဲသွားချင်လား..ဒါတွေများများစား

  28-Feb-2017
Preview Image

(၁) ထောပတ်သီး
(၂) လက်ဖက်စိမ်းရည်
(၃) ခရမ်းချဉ်သီး
(၄) ဆော်လမွန်ငါး
(၅) ကြက်ဥ
(၆) သလဲသီး
(၇) အခွံမာသီး၊ အစေ့အဆန်

 

ထောပတ်သီး- biotin ပါလို့အရေပြားခြောက်သွေ့မှုကို ကာကွယ်တယ်။ ခြေသည်း လက်သည်းကျွတ်ဆတ်တာ ကာကွယ်ပေးတယ်။ ဗီတာမင်အီး ပါလို့ အသားရေလှပစေတယ်။ ဂလိုသာသိုင်အုန်းကြွယ်ဝလို့ အသားဖြူစေမယ်။

 

လက်ဖက်စိမ်းရည် - polyphenols ကြွယ်ဝတယ်။ အရေပြားအတွက် ကောင်းတယ်။ ဝမ်းမှန်စေတယ်။ ဝိတ်ချရာမှာ အထောက်ကူပြုတယ်။ အရေပြားကို သန့်စင်စေတယ်။ တရက်ကို သုံးခွက်မှ လေးခွက်ထိ သောက်သင့်တယ်။

 

ခရမ်းချဉ်သီး - lycopene ကြွယ်ဝလို့အရေပြားကို သန့်စင်စေတယ်။ အသားဖြူစေ တယ်။ ဝက်ခြံမဖြစ်အောင်ကာကွယ်ပေးမယ်။ အနှစ်ကို သံလွင်ဆီရောပြီး အရေပြားမှာ လိမ်းရင် အသားဖြူလာသတဲ့။ အင်တီအောက်စီးဒင့်တမျိုးဖြစ်လို့ အမဲစက်တွေကို လည်း လျှော့ပါးစေတယ်။

 

ဆော်လမွန်ငါး - ဗီတာမင်အေ တစ်မျိုးဖြစ်တဲ့ astaxanthin ကြွယ်ဝတယ်။ အရေပြား ရုန်းဆန့် နိုင်စွမ်းကောင်းတယ်။ မျက်နှာအရေးကြောင်းသက်သာစေတယ်။ အသက်ကြီးသူတွေ ငါးစားခိုင်းတာ ဒါ့ကြောင့်ဖြစ်ပါတယ်။

 

ကြက်ဥ- ပရိုတင်းဓာတ်ကြွယ်ဝတယ်။ ဆဲလ်လွှာတွေကို ပြုပြင်ပေးတယ်။ ကြက်ဥထဲမှာ biotin ပါလို့ အရေပြားခြောက်သွေ့မှုကို ကာကွယ်ပေးတယ်။

 

သလဲသီး- အရေပြားမှာလိမ်းရင် ကိုလာဂျင်ထုတ်လုပ်မှုကို အားပေးတယ်။ တချို့အရေပြားဆေးတွေမှာ သလဲသီးကထုတ်တယ်။

 

အခွံမာသီး၊ အစေ့အဆန်- အိုမီဂါသရီးပါလို့ အရေပြား အတွက်ကောင်းတယ်။ ဆံသားကို သန်စွမ်းစေတယ်။ အရေပြားကို ကြည်လင်စေပြီး ငယ်ရုပ်ဆင်ပေးတယ်။ အိုမီဂါသရီးပါတဲ့ဆေးတွေလည်း ကောင်းတာပဲ။ အသားအရေကို စိုပြေလှပစေတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာ အေးမင်းထူး



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18