Print

ရှီတာကဲ မှိုအစွမ်း

  28-Feb-2017
Preview Image

ရှီတာကဲမှိုထဲတွင် ပရိုတင်းဓာတ်များ ပြည့်ဝစွာပါဝင်ပြီး အဆီချပေးနိုင်သော အစားအစာ တစ်မျိုးုဖြစ်သည်။ ရှီတာကဲမှိုသည် ဟင်းသီးဟင်းရွက်များထဲတွင် ရောဂါပိုးမွှား သတ်ပေးသောဘုရင်ဟု နာမည်ကြီးသည်။ ကျန်းမာရေးအတွက် လူတိုင်းစားပေးသင့်သော အစားအစာဖြစ်သည်။ ရှီတာကဲမှို၏ ဂုဏ်သတ္တိမှာ သာမန်ဖြစ်၏။ အရာသာမှာ ချို၏။ သရက်ရွက်၊ အစာအိမ်အတွက် ကောင်းကျိုးပေးသည်။

 

စားသုံးသင့်သူများ

ရှီတာကဲမှိုကို သွေးတိုးရောဂါရှိသူ၊ သွေးတွင်းအဆီများသူ ကင်ဆာရောဂါရှိသူ၊ အအေးမိသူ၊ အဆီချချင်သူများ စားသင့်သည်။

 

မစားသုံးသင့်များ

ရှီတာကဲမှိုကို အရေပြားယားယံပြီး အလာဂျီဖြစ်လွယ်တတ်သူများ မစားသင့်ပါ။

 

ကောင်းကျိုး

ရှီတာကဲမှိုထဲတွင် အမိုင်နိုအက်ဆစ် ၁၈ မျိုးပါဝင်သည်။ ဗီတာမင်အစုံပါဝင်သည်။ ထို့ကြောင့် ရှီတာကဲမှိုကို ဗီတာမင်ဓာတ်များ ပြည့်ဝစွာဖြည့်ပေးနိုင်သော ဗီတာမင် ရတနာကြီးဟု ခေါ်ဆိုကြသည်။ ရှီတာကဲမှိုကိုစားခြင်းဖြင့် သွေးကြောထဲတွင် ရောဂါပြီး ဓာတ်ကို တိုးစေသည်။ ကင်ဆာကို ကြိုတင်ကာကွယ်ပေးပြီး ကင်ဆာရောဂါရှိ သူများ အတွက် ကင်ဆာကို ခုခံပေးနိုင်သည်။ ရှီတာကဲမှိုကို စားခြင်းဖြင့် သွေးဖိအား ၊ ကိုလက်စထရော၊ သွေးတွင်းအဆီတို့ကို ကျစေပြီး သွေးကြောမာခြင်းကို ကာကွယ်ပေးနိုင် သည်။ အူမကြီး၊ ကျောက်ကပ်အတွင်းရှိ အဆိပ်များကို အဓိကဖယ်ရှားပေးနိုင်သည်။

 

ပါဝင်သောဓာတ်များ

ရှီတာကဲမှိုထဲတွင် ပရိုတင်းဓာတ်၊ ကာဗွန်ဟိုက်ဒရိတ်၊ ဆယ်လူလို့စ်ဓာတ်၊ ခယ်လီယမ်၊ သံဓာတ်၊ ကယ်လဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဆိုဒီယမ်၊ ဗီတာမင် B၊ အမိုင်နိုအက်ဆစ်၊ အိုင်အိုဒင်းဓာတ်တို့ ပြည့်ဝစွာပါဝင်သည်။

 

စားသုံးရန်ပမာဏ

ရှီတာကဲမှိုကို တစ်ကြိမ်စားလျှင် ၅ ပွင့်စားပေးပါ။

 

သိမ်းဆည်းရန်

ရှီတာကဲမှိုကို ရက်ကြာစွာသိမ်း၍ စားမည်ဆိုပါက မှိုကို ခြောက်သွေ့စေရန် ပြု လုပ်ပြီးမှ သိမ်းဆည်းလျှင် ကြာရှည်ခံမည်။

 

ဝယ်ယူခြင်း

ရှီတာကဲမှိုကို ဝယ်မည်ဆိုပါက လတ်ဆတ်သောမှိုများကိုသာ ဝယ်သင့်ပါသည်။

 

သတိပြုရန်

ရှီတာကဲမှိုကို အသုံးမပြုခင် ရေနွေးထဲတွင် အရင်ပြုတ်ပြီးမှ သုံးလျှင်ပိုကောင်း သည်။ ရှီတာကဲမှိုကို ရေအေးထဲတွင် အချိန်အကြာကြီး စိမ်မထားသင့်ပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ယမုံအေး (စမ်းချောင်း)
Ziwaka magazine, January 2016, Pg. 137-139

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18