ပဲစား ဗိုက်မပူ
28-Feb-2017
ပဲစားလျှင် ဗိုက်ပူသည်ဟု အယူအဆ တစ်ခုရှိသည်။ ပဲများကို အဓိက စားသုံး၍ စိုပြည် ဝဖြိုးလာလျှင် “ပဲဖောဖောသည်” ဟုဆိုတတ်ကြသည်။ ပဲများသည် ပရိုတင်းဓာတ် ကြွယ်ဝစွာ ပါဝင်သော အပင်ထွက် အစားအစာတစ်မျိုး ဖြစ်သည်။
အသား မနှစ်ခြိုက်သူများအဖို့ ပဲအမျိုးမျိုးကို စားသုံးခြင်းဖြင့် ပရိုတင်းဓာတ် လုံလောက်စွာ ရရှိနိုင်သည်။ ပဲစားသုံးရာတွင် တစ်မျိုးတည်း စားသုံးခြင်းထက် ပဲမျိုးစုံ လင်အောင် စားသင့်သည်။
ပရိုတင်းသည် ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှုနှင့် ယိုယွင်းပျက်စီးမှုများကို ပြုပြင်ခြင်း တို့အတွက် အရေးကြီးသည်။ ခုခံစွမ်းအားစနစ်ကို ကောင်းမွန်စေပြီး ရောဂါဘယ ကင်းဝေးနိုင်သည်။ သုတေသနတစ်ခု၏ တွေ့ရှိချက်အရ ပဲစားသုံးသူများသည် ပဲမစား သူများထက် ဝမ်းဗိုက်ပူခြင်း (ဝမ်းဗိုက်၌ အဆီစုခြင်း) ပြဿနာမှ ၂၃ ရာခိုင်နှုန်း လျော့ ချနိုင်ကြောင်းသိရသည်။ ပဲစားသုံးခြင်းသည် သွေးဖိအားကို မှန်ကန်စေနိုင်ပါသည် ။
သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ သွေးချိုဆီးချိုရောဂါ စသည့် ရောဂါများသည် ပဲစားသုံး သူများတွင် ဖြစ်ပွားမှု နည်းကြောင်း တွေ့ရသည်။ နှလုံးသွေးကြောရောဂါ၊ သွေးချိုဆီးချိုရောဂါနှင့် သွေးတိုးရောဂါတို့သည် လေဖြတ်ခြင်း Heart Attack တို့ ဖြစ်စေနိုင်သည်။ ပဲစားသုံးခြင်းသည် ဗိုက်မပူသည့်အပြင် ကျန်းမာရေးအတွက် အကျိုးရလဒ်ကောင်းများကို ပင် ဖြစ်ထွန်းစေနိုင်ပါတယ်။
• ပဲစား၍ ဗိုက်မပူပါ။ ဗိုက်ပူခြင်းကို ကာကွယ်ပါသည်။
• ပရိုတင်းဓာတ် ကြွယ်ဝသဖြင့် စားသုံးသင့်သော အစားအစာဖြစ်သည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာအေးကျော် (ဇီဝကမ္မဇေဒ)
ကျန်းမာရေးနှင့် ပတ်သက်သော အယူအဆအမှားများ နှင့် သိမှတ်ဖွယ်ရာများ စာအုပ်မှကောက်နုတ် ထားပါတယ်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

