ကွမ်းရွက်၏ စွမ်းအား
01-Mar-2017
ဖန်၊ ခါး၊ ပူ၊ စပ် အရသာလေးပါး ရှိပါသည်။ ရောဂါများကို ပျောက်ကင်းစေသောကြောင့် ကွမ်းရွက်သည် ဆေးအဖြစ် အသုံးပြုနို်င်ပါသည်။ သလိပ်ကြေ၊ လေနိုင်စေပြီးနှုတ်မြိန်စေသဖြင့် ခွန်အားကို တိုးပွားစေပါသည်။ ၎င်းအပြင် ရေဓာတ်၊ အသားဓာတ်၊ အဆီနှင့် သတ္တုဓာတ်များ၊ ကစီဓာတ်၊ အမျှင်ဓာတ်အပြင် ဗီတာမင်အေ၊ ဘီ၊ စီ၊ ကယ်လ်စီယမ်၊ ကယ်ရိုတင်း၊ ရိုင်ဘိုဖလေဗင်၊ သိုင်ယာမင်းနှင့် နိုင်ယာစင်၊ သံဓာတ်စသည့် အာဟာရဓာတ်များ ပါဝင်သည့်အတွက် ကွမ်းရွက်ခြောက်ရွက်မှာ ပါဝင်သည့် ဗီတာမင်နှင့် သတ္တုဓာတ်များသည် နွားနို့ သုံးရာစီစီတွင် ပါဝင်သည့် ပမာဏနှင့် ညီမျှသည်။
ကွမ်းရွက်သည် ကစီဓာတ်ကို ချေဖျက်နိုင်ပြီး အင်ဇိုင်းများလည်း ပါရှိသဖြင့် အဆုပ်ကို ထိခိုက်စေသည့် ဝေဒနာများမှ သက်သာစေသည်။ကွမ်းရွက်၏ အေးမြသည့် အာနိသင်ကြောင့် ကင်ဆာရောဂါကို ပျောက်အောင်ကုသနိုင်သည့် ဓာတ်ပစ္စည်းများပါဝင်သည့် အပြင်အထူးသဖြင့် သွေးကင်ဆာကို ပျောက်ကင်းစေနိုင်ပါသည်။
ကွမ်းရွက်သတ္တုရည်ကို ပျားရည်နှင့် ကျွေးပေးလျှင် ကလေးများတွင် ဖြစ်တတ်သော အစာမကြေ၊ လေပွ၊ ဝမ်းပျက်ဝမ်းသွား၊ ဖျားနာများကို ပျောက်ကင်းနိုင်သည့်၊ ကွမ်းရွက်အရည်ညှစ်၍ နွားနို့စစ်စစ်နှင့် သောက်ပေးလျှင် အမျိုးသမီးများ မီးယပ်ကြောင့်ဖြစ်သော
စိတ္တဇရောဂါ ပျောက်ကင်းနို်ုင်သည်။
မျက်စိနာ၊ မျက်စိကိုက်လျှင် ကွမ်းရွက်ရည်ညစ်၍ မျက်စဉ်းခတ်၊ သက်သာလိမ့်မည်။ ကွမ်းရွက်မှာ ဆီးရွှင်စေသည့် သတ္တိရှိသည်။
ကွမ်းရွက်ညှစ်ရည်ကို ပျားရည်နှင့်ဆတူရော၍ တစ်နေ့နှစ်ကြိမ် သောက်သုံးပေးခြင်း ဖြင့် အာရုံကြောအားနည်းသည့် ဝေဒနာများ ပျောက်ကင်းစေသည်။
Credit : မြတ်မျိုးမြင့်
Health for ALL magazine – No.107, December 2015
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

