နွားနို့သောက်သုံးခြင်းဖြင့် ဆီးချိုသွေးချိုဖြစ်မူ လျော့ချနိုင်
01-Mar-2017
တစ်နေ့လျှင် (၈)ကြိမ်နှင့်အထက် မလိုင်အပြည့်ပါသော နို့ထွက်ပစ္စည်းများ စားသောက်ခြင်းဖြင့် ဆီးချိုသွေးချိုရောဂါအမျိုးအစား (၂) (Type 2 Diabetes) ဖြစ်ပွားမူအန္တရာယ်အား ၂၃ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ကြောင်း တွေ့ရှိရပါတယ်။ဒါ့အပြင် နွားနို့ကို မလိုင်နှင့် အဆီအပြည့်အချဉ်ဖောက်ထားသော ဒိန်ချဉ် (သို့မဟုတ်) မလိုင်အပြည့်ပါသော နွားနို့သောက်သုံးခြင်းဖြင့်လည်း ဆီးချိုရောဂါဖြစ်ပွားမှုအန္တရာယ်ကို လျှော့ချပေးနိုင်ကြောင်းသုတေသနပြု တင်ပြထားပါတယ်။
ဒါပေမဲ့ ဗြိတိန်က ဆီးချိုရောဂါသုတေသီ ဒေါက်တာရစ်ချက်အီးလီးရောစ့်က သတိပေးပြောကြားထားတာကတော့ မလိုင်အပြည့် နို့ထွက်ပစ္စည်းများ စားသုံးခြင််းကြောင့် ကယ်လိုရီပိုစားမိစေပြီး အဝလွန်ရောဂါနှင့် ဆီးချိုသို့ ဦးတည်နေတာဖြစ်လို့နောက်ထပ်သုတေသနာပြုမူများ လိုအပ်သေးကြောင်းလည်း တင်ပြထားပါတယ်။ဆီးချိုရောဂါအမျိုးအစား (၂)ရှိသူများဟာ ကိုယ့်ခန္ဓာဝဖြိုးမလာစေဖို့ကိုယ်လက်လှုပ်ရှားမှု များများပိုလုပ်ရန်လိုအပ်ပြီး ထိန်းချုပ်စီမံထားသောစားသောက်မှုပုံစံအဖြစ် ဆားနည်းသောအစားအသောက် ၊ အဆီနည်းသောအစားအသောက်များစားရန်နှင့်အသီးအနှံ၊ အရွက်များ ပိုစားရန်လိုအပ်ကြောင်း ဆေးလောကသတင်းမှာဖော်ပြထားပါတယ်။
Credit :
ZIWAKA NOVEMBER 2014
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

