အသားတွေကို ၃ မျိုး ခွဲခြားသတ်မှတ်ထားတယ်လို့ ကြားဖူးပါတယ်။ ရှင်းပြပေးပါ...
01-Mar-2017
Red Meat, white meat နဲ့ Lean meat ဆိုပြီး သုံးမျိုးရှိပါတယ်။ Reat meat ဆိုတာ ဝက်သား၊ အမဲသားတို့လို အနီရောင်ရှိတဲ့ အသားတွေကို ခေါ်ပါတယ်။ သူ့မှာ ဗီတာမင် ဘီဓာတ်၊ သံဓာတ်တို့ပါဝင်ပြီး သွေးအားကောင်းစေပါတယ်။ ဒါပေမဲ့ အချို့စစ်တမ်းများ အလိုအရ red meal တွေဟာ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါတို့နဲ့ စပ်ဆက်နေတယ်လို့ ဆိုပါတယ်။ သို့သော် အငြင်းပွားဖွယ်များက ရှိပါသေးတယ်။ White meat ဆိုတာ ကြက်သားကဲ့သို့ အဖြူရောင်အသားမျိုးဖြစ်တယ်။ red meat ထက်တော့ ဗီတာမင်ပါဝင်မှုနည်းပါတယ်။ ဒါပေမဲ့ ကြွက်သားဖွံ့ဖြိုးကြီးထွားစေရန်တော့ ကောင်းမွန်လှ၏။ Lean meat က ဒရယ်သား၊ သမင်သားတို့လို အဆီမကါတဲ့ အသားတွေကို ဆိုလိုပါတယ်။
၁။ ခန္ဓာကိုယ်မှာရေဓာတ်နှင့် အဆီဓာတ် အချိုးမည်မျှပါဝင်သလဲ သိချင်ပါတယ်။
လူရဲ့ ခန္ဓာကိုယ်မှာ ရေဓာတ်က ပျှမ်းမျှ သုံးပုံနှစ်ပုံ (၆၅%) ခန့် ပါဝင်ပါတယ်။ အဆီဓာတ် ပါဝင်မှုကတော့ ပိန်ခြင်း၊ ဝခြင်းပေါ်မူတည်ပြီး လူတစ်ယောက်နဲ့ တစ်ယောက်ကွဲပြားပါတယ်။ အဆီဓာတ်မပါတဲ့ ခန္ဓာကိုယ်အလေးချိန်ကို ဖော်မြူလာနဲ့တွက်ပြီး စုစုပေါင်းကိုယ်အလေးချိန် ထဲကနေ နုတ်လိုက်ရင် ကိုယ်မှာရှိတဲ့ အဆီပမာဏကို ရပါတယ်။
၂။ ကိုယ်အလေးချိန် ဘယ်လောက်ဆိုရင် အဝလွန်ပြီလို့ ပြောလို့ရပါသလဲ။
လူတစ်ယောက် ဝလား၊ မဝဘူးလားကို ပေါင်ချိန်နဲ့ မဆုံးဖြတ်ပါဘူး။ BMI ( Body Mass Index) လို့ခေါ်တဲ့ ကိုယ်အလေးချိန်နဲ့ အရပ်အမြင့်ကို အချိုးချထားတဲ့ စံနှုန်းတစ်ခုကိုသုံးပြီး ဆုံးဖြတ်ပါတယ်။ BMI က ၂၅ ကနေ ၃၀ အတွင်းဆို Over-weight လို့ သတ်မှတ်ပြီး BMI ၃၀ ကျော်သွားပြီ ဆိုရင်တော့ Obesity လို့ပြောနိုင်ပါတယ်။ BMI တွက်တဲ့ ဖော်မြူလာ ကို ဖော်ပြပေးလိုက်ပါတယ်။ BMI = body weight in kg (body height in metre)2 ။
၃။ ယခုနောက်ပိုင် လူငယ်တွေ အဝလွန်လာကြပါတယ်။ ဘာဖြစ်လို့ပါလဲ။
ဘယ်လိုကာကွယ်လို့ရမလဲ သိချင်ပါတယ်။ဖြစ်ရတဲ့အကြောင်းအရင်းကတော့ အစုံပါပဲ။ နည်းပညာခေတ်ကိုရောက်လာတော့
တီဗီအကြည့်များလာတယ်။ ကွန်ပျူတာအသုံးများလာတယ်။ လူငယ်တွေ ဂိမ်းအလွန်အမင်း စွဲလမ်းပြီး ကွန်ပျူတာတာရှေ့၊ တီဗီရှေ့မှာ အချိန်တွေကုန်လာကြတယ်။ ဘောလုံး ကိုခြေထောက်နဲ့ မကန်တော့ဘဲ ဂိမ်းခလုတ်ကိုင်တဲ့ လက်နဲ့ပြောင်းကန်ကြတယ်။ စာသင်ကျောင်းကပြန်လာတဲ့ လူငယ်တွေရဲ့ ပျော်ပါးဆော့ကစားချိန်ဟာ ကစားကွင်းမှမဟုတ်တော့ဘဲ တီဗီ၊ ကွန်ပျူတာ ဖန်သားပြင်ပေါ်ကို ပြောင်းရွေ့လာခဲ့တယ်။ အဲဒီအခါမှာ ကိုယ်လက်လှုပ်ရှားမှုနည်းပြီးအဝလွန်လာကြတယ်။ ခေတ်သစ်စျေးကွက် မှာ ရောက်ရှိလာတဲ့ မုန့်သရေစာတွေဟာလည်း အဆီပါဝင်နှုန်များပြီး အချိုကဲလာကြတယ်။ ကျန်းမာရေးစံနှုန်းတွေ လွဲနေကြတယ်။ အဲဒါတွေ အစားများတော့ လူငယ်တွေလည်း Overweight ဖြစ်ကုန်ကြတယ်။
Credit:
ဒေါက်တာငြိမ်းချမ်းအောင်
ကျန်းမာရေးအတွက် သိသင့်သောအဖြေများ စာအုပ်မှကောက်နုတ်ထားပါသည်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
