Print

ဗီတာမင်ဆေးများကို သောက်သင့်သလား

  25-Mar-2017
Preview Image

တစ်ကယ်တော့ ဗီတာမင်အာဟာရဓာတ်တွေကို နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေကနေ ပုံမှန်အလုံအလောက်ရရှိနိုင်ပါတယ်။ သို့သော် ကိုယ်စားတဲ့ အစားအစာများမှာ ကျန်းမာရေးနှင့် ညီညွတ်မျှတဖို့တော့ လိုပါတယ်။ 

 

နေ့စဉ်စားသုံးတဲ့ အစားအစာထဲမှာ ဗီတာမင်ကြွယ်ဝစွာပါဝင်တဲ့ လတ်ဆတ်သောဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးဝလံတွေကိုလည်း ထည့်သွင်းစားသုံးပေးဖို့လိုပါတယ်။

 

ဗီတာမင်ချို့တဲ့မှုပြဿနာ ခံစားရတဲ့သူတွေကတော့ ---
နေ့စဉ်အစားအစာတွေထဲမှာ လိုအပ်တဲ့ ဗီတာမင်လုံလောက်စွာ မပါဝင်တဲ့သူများ 

  • ဗီတာမင်လိုအပ်ချက် ပိုမြင့်တဲ့ ကလေးငယ်များ
  • ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့်တိုက်မိခင်များ
  • အစားအစာမျိုးစုံကို မစားသောက်နိုင်ကြတဲ့ သက်ကြီးရွယ်အိုများ
  • သတ်သတ်လွတ်စားသုံးသူတွေနှင့် အစားရှောင်ကြသူများ
  • ကိုယ်အလေးချိန် ထိန်းလို၍ အစာလျှော့စားကြသူများ
  • အူစုပ်ယူမှု အားနည်းနေတဲ့သူများ
  • ဗီတာမင်စုပ်ယူနိုင်မှု တားဆီးနှောင့်ယှက်စေသောဆေးဝါး(ဥပမာ - အဆီကျဆေး)များကို သောက်သုံးနေသူများ

ထိုကဲ့သို့လူများတွင် အာဟာရချို့တဲ့မှု ပြဿနာကို ရင်ဆိုင်ကြုံတွေ့ရသောကြောင့် ဗီတာမင်ဖြည့်စွက်အားဆေးတွေကို ထပ်ပေါင်းသောက်ပေးဖို့ လိုအပ်ပါတယ်။ 

 

တစ်ချို့ဗီတာမင် အမျိုးအစားတွေဟာ ခန္ဓာကိုယ်က လိုအပ်တဲ့ ပမာဏထက် ပိုလျှံလျှင် ဘေးထွက်ဆိုးကျိုးကို ဖြစ်စေတတ်တာမို့ မိမိခန္ဓာကိုယ်က အမှန်တစ်ကယ်လိုအပ်တဲ့ ဗီတာမင် အမျိုးအစားကိုသာ ရွေးချယ်သောက်သုံးတတ်ဖို့ လိုအပ်ပါတယ်။

 

 ဒါကြောင့် ဗီတာမင်ဖြည့်စွက်အားဆေးတွေကို ဆရာဝန်နှင့် မတိုင်ပင် မဆွေးနွေးဘဲ ကိုယ့်သဘောနဲ့ကိုယ် မသောက်သုံးသင့်ပါဘူး။ ကျန်းမာရေးအတွက် အမှန်တစ်ကယ် အကျိုးရှိပြီး အာနိသင်ထိရောက်စေဖို့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာ ဆရာဝန်ညွှန်ကြားချက်အရ လိုက်နာသောက်သုံးဖို့ လိုပါတယ်။


Credit - ရောဂါနှင့်ဆေးဝါး ( ဇီဝက )



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18