အစားအစာ နှင့် လူ့ကိုယ်ခန္ဓာ
22-Apr-2017မြန်မာ့ရေမြေ တောတောင်သဘာဝအရ ရာသီစုံသီးနှံတွေ စိုက်ပျိုးနိုင်ပြီး ပေါများစွာဝယ်ယူစားသုံးနိုင်ပါတယ်။ အနောက်နိုင်ငံတွေမှာတော့ လတ်ဆတ်တဲ့အသီးအနှံတွေရှားပါပြီး တန်ဖိုးကြီးပေးပြီး ဝယ်ယူစားသုံးကြရပါတယ်။
ပဲအမျိုးမျိုး
မြန်မာနိုင်ငံမှာ ပဲမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းပြီး နိုင်ငံတကာကို တင်ပို့ရောင်းချနေပါတယ်။ ကာဗိုဟိုက်ဒြိုတ်၊ ဖိုက်ဘာဓါတ်၊ ပရိုတိန်းဓါတ်၊ ဗီတာမင်များ၊ Antioxidantsများစတဲ့ အဖိုးတန်ဓါတ်ပစ္စည်းပေါင်များစွာပါဝင်ပြီး ကျန်းမာရေးကို အထောက်အကူပြုလှပါတယ်။ ပဲအမျိုးမျိုးကို ဟင်းအဖြစ်သာမက မုန့်ပဲသရေစာအမျိုးမျိုးပြုလုပ်ပြီးစားသောက်နိုင်ပါတယ်။
ဆန်၊ ဂျုံ၊ ပြောင်း
လုံးတီးဆန်၊ ဂျုံ ၊ ပြောင်းစတာတွေဟာ နေ့စဉ်စားသုံးနေရတဲ့ အဓိကအစားအစာတွေ ဖြစ်ပါတယ်။ ဖိုက်ဘာဓါတ်၊ ဗီတာမင်ဘီဓါတ်ပေါင်းစု၊ဘီတာမင်အီနှင့် Antioxidantsတွေပါဝင်တဲ့အဖိုးတန်အစားအစာတွေဖြစ်ပါတယ်။ဆန်လုံးညိုကိုစာသုံးခြင်း၊ ထမင်းရေခန်းချက်ပြုတ်ခြင်းတို့ဟာ ကျန်းမာရေးနဲ့ကိုက်ညီတယ်လို့ ဆိုကြပါတယ်။အထူးသဖြင့်ကိုယ်ဝင်ဆောင်နှင့်သားသည်မိခင်တို့စားသုံးပါက ရင်သွေးငယ်မှာ beri beri လို့ခေါ်တဲ့ ဗီတာမင်ဘီဝမ်းချို့တဲ့ တဲ့ရောဂါဆိုးကြီးကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။
နို့နှင့်နို့ထွက်ပစ္စည်းများ
အဆီဓါတ်နည်းပါးတဲ့နို့နှင့်နို့ထွက်ပစ္စည်းတွေဟာ ကယ်လ်ဆီယံ နှင့် ပရိုတိန်းဓါတ်များပါဝင်ကာ အရိုးနှင့်ကြွက်သားများကို သန်မာစေပြီး ကိုယ်ခံစွမ်းအားကို မြင့်မားစေပါတယ်။ ဗီတာမင်ဒီဖြည့်စွက်ထာတဲ့နို့ကိုသောက်သုံးခြင်းဖြင့် ကယ်လ်ဆီယမ်စုပ်ယူမှုကို အားကောင်းစေသည့်အပြင် အူမကြီးကင်ဆာ၊ဆီးကျိတ်ကင်ဆာ၊ရင်သားကင်ဆာတို့ကို ကာကွယ်နိုင်တယ်လို့ဆိုပါတယ်။
အဝလွန်ခြင်း
အဝလွန်ခြင်းဟာနှလုုံး၊သွေးကြောများ၊ အရိုးအဆစ်များကို ဝန်ပိစေပြီး ရောဂါဘယ ထူပြောစေပါတယ်။ ခန္ဓာကိုယ် အဆီဓါတ်မြင့်မားခြင်းဟာ မှတ်ဉာဏ်ချို့တဲ့ခြင်း၊ အမြင်အာရုံချို့တဲ့ခြင်း၊ ကင်ဆာ စတဲ့ရောဂါဝေဒနာများ ဖြစ်ပေါ်ခံစားရန် အခွင်အလမ်း ပိုမိုများပြားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အဝလွန်သူတွေဟာ နေ့စဉ်စားသုံးနေတဲ့ကယ်လိုရီပမာဏကိုလျှော့စားသင့်တယ်လို့ အကြံပြုထားပါတယ်။ ကယ်လိုရီကိုလျှော့စားခြင်းဖြင့် Metabolism ကိုလျော့နည်းစေကာfree radicals ထွက်ရှိမှုကို နည်းပါးစေပါတယ်။ ဒါ့အပြင်ခန္ဓာကိုယ်တွင်းအပူချိန်ကို လျော့ကျစေကာ၊ သွေးတွင်းသကြားဓါတ်ပမာဏကိုလည်း လျော့နည်းစေပါတယ်။ ဒါဟာကယ်လိုရီလျှော့စားရခြင်းရဲ့ အကျိုးကျေးဇူးလို့ ဆိုရပါမယ်။
လူတိုင်းလူတိုင်း အိုမင်းရင်ရော်ခြင်းကို ကြုံတွေ့ကြရမှာ ဖြစ်ပါတယ်။ သို့ပေမယ့် လူတိုင်းသက်တန်းစေ့ နေနိုင်ရေးဆိုတဲ့ ရည်မှန်းချက်အတိုင်း အနာရောဂါကင်ရှင်းစေဖို့ အစားအသောက်များကို မှန်ကန်စွာရွေးချယ်စားသောက်ကြပါလို့ အကြံပြုလိုက်ပါတယ်။
Aging well : Eating right for longevity By Elizabeth M. Ward, MS ကိုဆီလျှော်အောင်ဘာသာပြန်ထာပါတယ်။
Credit : Kay Yi ( 7887 Healthcare Call Center )