Print

အစားအသောက်ဖြင့် သွေးပေါင် ထိန်းရအောင်

  13-May-2017
Preview Image


သွေးတိုးရောဂါကို ဖြစ်စေနိုင်သော အကြောင်းအရာအများစုမှာ အသက်အရွယ်၊ မိသားစုမျိုးရိုး၊ ယောကျ်ား၊ မိန်းမ နှင့် လူမျိုး စသည့် ပြုပြင်ပြောင်းလဲမရသော အကြောင်းအရာများကြောင့် ဖြစ်သည်။ဒါပေမယ့် ကျွန်တော်တို ့ပြုပြင်ပြောင်းလဲ၍ ရနိုင်သော အကြောင်းအရာများလည်းရှိပါတယ်။အစားအသောက်နှင့်နေထိုင်မှုပုံစံဖြစ်သည်။ ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်စားသောက်မယ်ဆိုရင် သွေးတိုးရောဂါဖြစ်ပွားမှုကို လျှော့ချပေးမယ်၊ ရောဂါဖြစ်နေမယ်ဆိုရင်တောင် နောက်ဆက်တွဲဆိုးကျိုးများမဝင်နို််င်အောင် ကာကွယ်ထားနိုင်ပါတယ်။ အနေအထိုင်နှင့်အစားအသောက်နှစ်မျိုးမှာ သွေးတိုးရောဂါသမားများစားသင့်သော အစားအသောက်များကို တင်ပြပေးချင်ပါတယ်။ဆိုဒီယမ်ဓာတ်ပါဝင်မှုနည်းသော အစားအစာများနှင့် ပိုတက်ဆီယမ်၊ မက်ဂနီဆီယမ်၊ အမျှင်ဓာတ်ပါဝင်သောအစားအစာများသည် သွေးပေါင်ကျစေသည်ဟု အကြမ်းဖျင်းမှတ်ယူလို ့ရပါတယ်။


၁။ အစိမ်းရောင်ရှိတဲ့အရွက်များ

အစိမ်းရောင်ရှိတဲ့ အရွက်တွေမှာ ပိုတက်ဆီယမ်ဓာတ်ပါဝင်မှုများပါတယ်။ပိုတက်ဆီယမ်သည် သွေးပေါင်တက်စေနိုင်သော ဆိုဒီယမ်ကို ဆီးထဲမှတစ်ဆင့် စွန် ့ထုတ်ရာတွင် ကူညီပေးပါတယ်။ ပိုတက်ဆီယမ်ဓာတ်ပါဝင်မှုများသော အရွက်များမှာ-မုန်ညင်းရွက်အမျိုးမျိုး၊ နိုကိုရွက်၊ ဟင်းနုနွယ်ရွက်များဖြစ်သည်။ ဟင်းရွက်များကို ကြော်စား၊ပြုတ်စားခြင်းထက်စာလျှင် သေချာစွာဆေးကြော၍ အစိမ်းလိုက်စားခြင်း၊သုတ်စားခြင်း၊ ကြိတ်၍ ဖျော်ရည် အနေဖြင့်သောက်သုံးခြင်းများက ပို၍ အကျိုးရှိပါတယ်။


၂။ဘယ်ရီသီးများ

အထူးသဖြင့် ဘလူးဘယ်ရီသီးများတွင် flavonoid ဟုခေါ်သောဓာတ်တစ်မျိုးပါဝင်သည်။အဆိုပါဓာတ်သည်သွေးပေါင်ကျစေပါသည်။သွေးတိုးရောဂါဖြစ်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။


၃။မုန်လာဥနီ

မုန်လာဥအမျိုးမျိုးတွင် ပါဝင်သော nitric oxide ဓာတ်သည် သွေးကြောများကိုကျယ်စေပြီး သွေးပေါင်ကျစေပါတယ်။အနီရင့်ရင့်အရောင်ရှိတဲ့ မုန်လာဥအမျိုးအစားမှာပိုပြီးပါဝင်ပါတယ်။မုန်လာဥနီဖျော်ရည်တစ်ခွက်သောက်လိုက်လျှင် သွေးပေါင်ချိန်ကို ၂၄နာရီအတွင်းကျစေနိုင်ပါတယ်။


၄။နွားနို ့နှင့်ဒိန်ချဉ်များ

နွားနို ့များတွင် ကယ်ဆီယမ်ဓာတ်ကြွယ်ဝစွာပါဝင်ပြီး အဆီပါဝင်မှုနည်းပါတယ်။ထိုအရာသည်သွေးပေါင်ကျစေခြင်းအတွက် အရေးကြီးပါတယ်နွားနို ့မကြိုက်လျှင် ဒိန်ချဉ်သောက်နိုင်ပါတယ်။၁ပတ်လျှင် ဒိ်န်ချဉ်ပျှမ်းမျှ၅ခွက်ခန် ့သောက်သောသူသည်သွေးတိုးရောဂါဖြစ်ပွားမှုနှုန်းကို ၂၀%ခန် ့လျော့ကျစေပါတယ်။


၅။အုတ်ဂျုံနှင့် ကောက်ပဲသီးနှံများ

အမျှင်ဓာတ်များပေါများစွာပါဝင်ခြင်း၊ အဆီဓာတ်နှင့် ဆိုဒီယမ်များနည်းပါးသောကြောင့် သွေးပေါင်ကျစေပါတယ်။


၆။ငှက်ပျောသီး

ငှက်ပျောသီးတွင် ပိုတက်ဆီယမ်ဓတ်ကြွယ်ဝစွာပါဝင်ပါတယ်။ကွေကာမှုန် ့၊နွားနို ့ဖျော်ထဲတွင် ငှက်ပျောသီးစိပ်ထည့်သောက်ခြင်းသည် အလွန်ကောင်းမွန်သော မနက်စာအာဟာရဖြစ်ပါတယ်။


၇။ဆယ်လမွန်ငါး၊ မက်ကရယ်ငါးနှင့် အခြား အိုမီဂါ-3 ပါဝင်သောငါးများ

အဆိုပါငါးများတွင် အိုမီဂါ-3ဖက်တီးအက်ဆစ်ကြွယ်ဝစွာပါဝင်ပါတယ်။ အဆိုပါအက်ဆစ်သည် သွေးပေါင်ကျစေသည့်အပြင် ရောင်ရမ်းနာကျင်ခြင်းနှင့်သွေးတွင်း မကောင်းတဲ့အဆီဓာတ်ကိုပါ လျှော့ချပေးပါတယ်။


၈။အစေ့အဆန်များ

အစေ့အဆန်များတွင် ပိုတက်ဆီယမ်၊ မက်ဂနီဆီယမ်နှင့် အခြားသတ္တုဓာတ်များစွာပါဝင်ပါတယ်။နေကြာစေ့၊ ဖရုံစေ့များကို သရေစာအဖြစ် စားပေးသင့်ပါတယ်။


၉။ကြက်သွန်ဖြူ

ကြက်သွန်ဖြူတွင်လည်း nitric oxide ပါဝင်တာကြောင့် သွေးပေါင်ကျစေပါတယ်။


၁၀။အနက်ရောင်ချောကလက်များ

အနက်ရောင်ရှိသောချောကလက်များစားသုံးခြင်းသည် နှလုံးရောဂါဖြစ်ပွားမှုကို လျှော့ချပေးပါတယ်။


၁၁။သံလွင်ဆီ

သံလွင်ဆီသည် ကျန်းမာရေးကို အထောက်အကူပြုသည့် အဆီတစ်မျိုးဖြစ်သည်။သံလွင်ဆီတွင်ပါဝင်သော ပိုလီဖီနော (Polyphenol) သည် ရောင်ရမ်းနာကျင်ခြင်းများနှင့် သွေးပေါင်ကိုလျှော့ချပေးပါတယ်။


၁၂။သလဲသီး

သလဲသီးဖျော်ရည်တစ်နေ ့တစ်ခွက်ဖြင့် လေးပတ်ဆက်တိုက် သောက်ပေးခြင်းသည် သွေးပေါင်ကိုအချိ်န်တိုအတွင်းလျော့ကျစေနိုင်တယ်လို ့လေ့လာမှုများအရသိရှိရပါတယ်။


Dr.Moon (7887 Healthcare Call Center)

Ref. Healthline



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18