Print

ပန်းသီးအရေပြားအတွက်အသုံးဝင်ပုံများ

  26-May-2017
Preview Image


အရေပြားကင်ဆာကို ကာကွယ်ပေးတယ် ပန်းသီးထဲမှာ ဗီတာမင် A ပါဝင်ပြီး မရင့်မှည့်သေးတဲ့ အရေပြားဆဲလ်တွေ ပုံမှန်ဖြစ်လာအောင်နဲ့ အရေပြားတစ်သျှူးတွေရဲ့ လုပ်ငန်းဆောင်တာတွေမှာ အဓိက ပါဝင်လုပ်ဆောင်ပေးပါတယ်။ ခန္ဓာကိုယ်မှာ ဗီတာမင် A ချို့တဲ့ပါက အရေပြားကင်ဆာဖြစ်ပွားနိုင်ခြေကို လျော့နည်းစေပါတယ်။ ပန်းသီးအရွယ်တော် တစ်လုံးကနေ ဗီတာမင် A 120 IU ကို ရရှိနိုင်ပြီးခန္ဓာကို်ယ် တစ်နေ့တာ လိုအပ်ချက်ရဲ့ ၄-၅ ရာခိုင်နှုန်း ရရှိပါတယ်။


တိုနာအဖြစ် အသုံးပြုနိုင်တယ်

ပန်းသီးက အရေပြားကို တင်းရင်းစေပြီး သွေးလှည့်ပတ်မှုကို ကောင်းစေပါတယ်။ ကြိတ်ခြေထားတဲ့ ပန်းသီးကို ရှလကာရည်နဲ့ ဆတူရောပြီး ရလာတဲ့ ပန်းသီးရှလကာရည်ကို အရေပြားပေါ်က ချွေးပေါက်တွေ ကျဉ်းစေဖို့ တိုနာအဖြစ် အသုံးပြုနိုင်ပါတယ်။ ပန်းသီးရှလကာရည်က ချွေးပေါက်အတွင်းမှာဝင်နေတဲ့ အညစ်အကြေးနဲ့ ဆီးတွေကို ဖယ်ရှားပေးပါတယ်။ အရေပြားရဲ့ pH ကို ညှိပေးပြီး အဆီထွက်တာကို ပုံမှန်ဖြစ်အောင် ထိန်းချုပ်ပေးပါတယ်။


အိုမင်းရင့်ရော်မှုကို တားဆီးပေးတယ်

ပန်းသီးထဲမှာ အိုမင်းရင့်ရော်မှုကို တားဆီးပေးတဲ့ ဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။ ပန်းသီးကို နေ့စဉ် ပုံမှန်စားပေးပါက မျက်နှာပေါ်က အရေးအကြောင်းတွေကို ဖယ်ရှားပေးပြီး အသားအရေ တင်းရင်းလှပ စေပါတယ်။ မျက်နှာပြင်ပေါ် ပန်းသီးစိမ်းနှင့် ပွတ်ပေးပြီး ၁၀-၂၀ မိနစ်ကြာမှ ရေနဲ့သန့်စင်ပေးပါ။ အရေးကြောင်းကင်းစင်ပြီး နုပျိုလှပစေပါတယ်။


ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးတယ်

ပန်းသီးထဲမှာ အသားအရေကို ထိခိုက်စေတဲ့ ခရမ်းလံန်ရောင်ခြည်ကို ကာကွယ်ပေးတဲ့ ဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။ ပန်းသီးက နေလောင်တာကို ကာကွယ်ပေးပြီး အရေပြားအပေါ်ယံ အဖတ်လန်တာ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ဂလစ်စရင်း လက်ဖက်စားဇွန်း တစ်ဇွန်းကို ကြိတ်ခြေထားတဲ့ ပန်းသီးနဲ့ ရောပြီး မျက်နှာပေါ် လိမ်းပေးပါ။ ၁၅ မိနစ်ထားပြီးမှ ရေအေးနဲ့သန်စင်ပေးပါ။


Credit:

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18