သက်စောင့်ဓာတ် ပိုတက်ဆီယမ်အကြောင်း
06-Jun-2017
ဆား (ဆိုဒီယမ်) စားသုံးမှုများခြင်းဟာ သွေးပေါင်ချိန် မြင့်ခြင်းနဲ့ ဆက်နွယ်နေကြောင်း တွေ့ရပါတယ်။ ပိုတက်ဆီယမ် ကြွယ်ဝတဲ့အစာ (ဥပမာ - ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ) တွေ စားသုံးခြင်းဟာ ဆီးလမ်းကြောင်းမှာ ကျောက်တည်နိုင်တဲ့အလားအလာ၊ အရိုးမှ ကယ်လ်ဆီယမ်တွေ ထွက်သွားပြီး အရိုးပါးနိုင်တဲ့ အလားအလာတွေ လျှော့နည်းစေနိုင်တာကိုလည်း တွေ့ရပါတယ်။ လူကြီးတစ်ယောက်အတွက် တစ်နေ့တာ လုံလောက်တဲ့ ပိုတက်ဆီယမ် စားသောက်မှု ပမာဏ ၄၇၀၀ မီလီဂရမ်လောက်ရှိပါတယ်။ သွေးတိုးရောဂါရှိနေသူတွေနဲ့ အာဖရိကနွယ်ဖွား အမေရိကန်တွေဟာ ပိုတက်ဆီယမ်ကြွယ်ဝတဲ့ အစာတွေ စားသုံးမှုရဲ့ အကျိုးကျေးဇူးတွေကို အခြားသူတွေထက်ပိုပြီး ခံစားကြရတယ်ဆိုတာတွေ့ရတယ်လို့ ဖော်ပြထားပါတယ်။
ပိုတက်ဆီယမ် စားသုံးမှုဟာ ကျန်းမာရေးကို အကျိုးပြုတယ်၊ ပိုတက်ဆီယမ် စားသုံးမှုနည်းနေတာ တွေ့ရတယ်ဆိုတဲ့အချက်တွေဟာ အမေရိကန်တွေအနေနဲ့ ပိုတက်ဆီယမ်ကြွယ်ဝတဲ့အစာတွေကို ပိုပြီးစားသုံးသင့်ကြောင်း ခိုင်လုံတဲ့အချက်တွေ ဖြစ်ပါတယ်။ ကျောက်ကပ်ရောဂါ ခံစားနေရသူများ၊ အချို့သောဆေးဝါးတွေ (ဥပမာ - ACE inhibitor) မှီဝဲနေရသူတွေကတော့ ပိုတက်ဆီယမ် စားသုံးမှုနှင့် ပတ်သက်ပြီး ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ပိုတက်ဆီယမ်ဟာ အစားအသောက်အမျိုးမျိုးမှာ ပါဝင်ပါတယ်။ အထူးသဖြင့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ နို့နှင့် နို့ထွက်အစာတွေ ဖြစ်ပါတယ်။ ဒါကြောင့် အားဆေးတွေမှာထည့်ထားတဲ့ ပိုတက်ဆီယမ်ထက် အစားအစာတွေမှာ သဘာဝအတိုင်းပါဝင်နေတဲ့ ပိုတက်ဆီယမ်ကို ပိုပြီးအားကိုးသင့်ပါတယ်။
Credit:
ဒေါက်တာလှကြည်
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
