နို့တိုက်မိခင်များအတွက် နို့ရည်အထွက်များစေသည့် အစားအစာများ
20-Jun-2017၁။ အုတ်ဂျုံများ (Oatmeal)
အုတ်ဂျုံများသည် အောက်စီတိုစင်ဟော်မုန်းထွက်လာအောင် အားပေးသည်။ အဆိုပါဟော်မုန်းသည် ကလေးမွေးသည့်ဖြစ်စဉ်တွင် အဓိကအခန်းကဏ္ဍမှပါဝင်သလို မိခင်နှင့် ကလေးကြားချစ်ခင်ရင်းနှီးမှုကိုလည်း တိုးအောင်လုပ်ပေးသည့် ဟော်မုန်းတစ်မျိုးဖြစ်သည်။နို ့ရည်ထုတ်လုပ်မှုကိုလည်း များစေပါသည်။
- အုတ်ဂျုံပူပူနွေးနွေး တစ်ခွက်ဟာ မိခင်များအတွက် ကလေးမွေးပြီးဖြစ်တတ်သည့် သံဓာတ်လျော့နည်းခြင်းကြောင့်ဖြစ်သည့် သွေးအားနည်းခြင်းသက်သာစေသလို၊ စိတ်ဖိစီးမှုများနှင့် စိတ်ဓာတ်ကျခြင်းများကို လျော့နည်းစေပါတယ်။
၂။ အယ်မွန်စေ့ (Almonds)
အယ်မွန်စေ့ နှင့် အခြားအခွံမာသီးများတွင် မိခင်ရော ကလေးအတွက်ပါ လိုအပ်သည့် အသားဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်၊သတ္တုဓာတ်နှင့် ရောဂါကာကွယ်စေသော ဓာတ်များများစွာပါဝင်ပါတယ် နို့တိုက်မိခင်များအတွက် ပိုလိုအပ်သည့် ကယ်စီယမ်ဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။နို ့ထဲတွင် အကျိုးပြုအဆီဓာတ်လည်း များစွာပါဝင်ပါတယ်။
- အယ်မွန်စေ့ကို သားရေစာအဖြစ် စားသင့်ပါတယ်။
၃ ။အုန်းဆီ (Coconut oil)
အုန်းဆီတွင် အိုမီဂါ ၃ ဖက်တီးအက်ဆစ်များစွာပါဝင်ပါတယ်။ အဆိုပါဖက်တီးအက်ဆစ်သည် နို ့ရည်ထွက်ခြင်းကို အားပေးသည့် ဟော်မုန်းများထုတ်လုပ်မှုကို အားပေးပါတယ်။
- အရွက်သုတ်ထဲတွင် အုန်းဆီ လက်ဖက်ရည်ဇွန်း ၁-၃ ဇွန်းထည့်၍ စားနိုင်ပါတယ်။
၄။ လိမ္မော်သီး (Oranges)
ဗီတာမင် စီ ကြွယ်ဝစွာပါဝင်သည့် လိမ္မော်သီးသည် အမေရော၊ကလေးအတွက်ပါ ကိုယ်ခံအားကို ကောင်းစေသလို၊ နို့ရည်အထွက်လည်းကောင်းစေပါတယ်။
- နို့တိုက်မိခင်များသည် လိမ္မော်သီး ဖျော်ရည် ၁နေ ့၂ခွက် နေ့စဉ်သောက်သင့်ပါတယ်။
၅။ ပဲနံ့သာပင် (Fenugreek)
ပဲနံ ့သာပင်၏ အစေ့နှင့် အရွက်နှစ်မျိုးလုံးသည်နို ့ရည်အထွက်ကောင်းစေပါတယ်။သံဓာတ်၊အမျှင်ဓာတ်၊ကယ်စီယမ်နှင့် အခြားဗီတာမင်နှင့် သတ္တုဓာတ်များစွာပါဝင်ပါတယ်။
- ပဲနံ့သာအမှုန် ့ကို ဆန်ပြုတ်တွင် ဖြူး၍ စားနိုင်သလို၊ အရွက်ကို သုတ်စားနိုင်ပါတယ်။
၆။ ဥအမျိုးမျိုး (Eggs)
ဥများတွင် အသားဓာတ်၊ဗီတာမင် B2၊ B12၊၊ ဗီတာမင် ဒီ ၊ဖောလစ်အက်စစ်နှင့် ကိုလင်းဓာတ်များစွာပါဝင်ပါတယ်။ဥများတွင် ပါဝင်သည့် ပရိုတင်းဓာတ်တွင် မရှိမဖြစ်လိုအပ်သည့် အမိုင်နိုအက်ဆစ် ၈မျိုးပြည့်စုံစွာပါဝင်ပါတယ်။
- နေ့စဉ်စားနေသည့် အစားအသောက်ထဲတွင် ဥအမျိုးမျိူးနှင့် ပြင်ဆင်ချက်ပြုတ်ထားသည့် အမယ်နှစ်မျိုးတော့ ပါသင့်ပါတယ်။
၇။ ဆယ်လ်မွန်ငါး (Salmon)
ဆယ်လ်မွန်ငါးတွင် အသားဓာတ်နှင့် အိုမီဂါ ၃ ဖက်တီးအက်ဆစ်များ ပေါများစွာပါဝင်ပါတယ်။အဆိုပါဖက်တီးအက်ဆစ်သည် ကလေးအာရုံကြောစနစ်ဖွံ ့ဖြိုးမှုအတွက် အရေးပါပါသည်။
၈။ မုန်လာဥနီ (Carrots)
ကိုယ်ဝန်ဆောင်နှင့် နို ့တိုက်စဉ်ကာလတွေမှာ ဗီတာမင်အေကြွယ်ဝသည့် မုန်လာဥနီကို စားသင့်ပါတယ်။ဗီတာမင်အေသည် သန္ဓေသားနှင့်မွေးကင်းစများ၏ အဆုတ်ဖွံ ့ဖြိုးမှုအတွက် အရေးပါပါတယ်။ မုန်လာဥနီတွင် ပါဝင်သည့် အယ်လ်ဖာနှင့် ဘီတာကယ်ရိုတင်းဓာတ်သည် ရင်သားတစ်သျှူးများကို ကျန်းမာစေပြီး နို ့ရည်အထွက်ကောင်းစေပါတယ်။
*မုန်လာဥနီကို အသုတ်၊ ဖျော်ရည်၊ စွပ်ပြုတ် စသည့်ဖြင့် အမျိုးမျိုး လုပ်စားနိုင်ပါတယ်။
၉။ ဒေါက်ခွရွက် (Spinach)
ဒေါက်ခွရွက်နှင့် အခြားအစ်ိမ်းရောင်ရှိသော အသီးအရွက်များတွင် ဗီတာမင် အေ၊ ကယ်စီယမ်နှင့် အခြားရောဂါကာကွယ်ပေးသော ဓာတ်များစွာပါဝင်ပါတယ်။
- ဒေါက်ခွရွက်ကို ကြော်စားခြင်း၊ အသုတ်၊ ဖျော်ရည်၊အသားများနှင့် တွဲ၍ အစိမ်းစားခြင်းများ ပြုလုပ်နိုင်ပါတယ်။
၁၀။ ဆန်လုံးညို
နို့ရည်အထွက်များစေသည့် နောက်အစားအစာတစ်ခုမှာ ဆန်လုံးညိုဖြစ်ပါတယ်။ ဆန်လုံးညိုတွင် ဖြူအောင်ဖွပ်ထားသည့် ဆန်များထက် အမျှင်ဓာတ်နှင့် အာဟာရဓာတ်များ ပိုမိုပါဝင်ပါတယ်။
- မနက်စာ သို ့မဟုတ် ညစာတစ်ခွက်ကို ဆန်လုံးညိုထမင်းတစ်ခွက် စားနိုင်ပါတယ်။
Dr.Moon (7887 Healthcare call center)
Ref: Top 10 Home remedies