Print

ရောဂါနှင့် အစားအစာ (၃)

  24-Jun-2017
Preview Image


ရောဂါရှိသူများသည် သာမန်လူများထက်ပို၍ အစားအစာစားရာတွင် ဂရုစိုက်သင့် သည်။ ရောဂါနှင့်တည့်သည့် အစားအစာများများစားခြင်း၊ ရောဂါပျောက်စေသော ဓာတ်စာများကို ရွေးစားပေးခြင်းပြုလုပ်ပါက ရောဂါကိုပို၍ ပျောက်ကင်းသက်သာစေနိုင် ပါသည်။ ၎င်းအပြင် ရောဂါရှိသူများသည် ရောဂါနှင့်မတည့်သော၊ မစားသင့်သော ရှောင်ရ မည့် အစားအစာများကိုလည်း ရှောင်စားပေးသင့်သည်။ ထို့ကြောင့် ရောဂါနှင့်တည့်သည့် အစာ၊ မတည့်သည့်အစာများကိုလည်း သိထားရန်လိုအပ်သည်။


(၁) အဆစ်မြစ်ရောင်ရောဂါ 

စားသင့်သောအစာ

အဆစ်မြစ်ရောင်ရောဂါရှိသူများသည် မှို ၂၀၀ ဂရမ်နဲ့ ဟင်းနုနယ် ၅၀ ဂရမ် ကို ရော၍ချက်ကာ စားပေးပါ။ အဆစ်အမြစ်ရောင်ရောဂါကို အမြန်ဆုံးပျောက်စေရန် ကုသနို်င်သော ဓာတ်စာဟင်းလျာ ဖြစ်သည်။


မစားသင့်သောအစာ

အဆစ်မြစ်ရောင်ရောဂါရှိသူများသည် ငါးဥ၊ ဥအနှစ်အဝါ၊ အဆီမပါသောအသား၊ ကင်းမွန်၊ တိရစ္ဆာန်အဆီ၊ တိရစ္ဆာန်အတွင်းကလီစာ၊ ဆီကြော်အစားအစာများ၊ ဒိန်ခဲ၊နွားနို့၊ ဆိတ်နို့၊ နို့ခဲ၊ ချောကလက်၊ အခွံအမျိုးမျိုး၊ ပုစွန်၊ ဂဏန်း၊ ပင်လယ်ကျောက်ကဝတ် တို့ကို ရှောင်စားပေးရမည်။


(၂) သွားကိုက်ခြင်း

စားသင့်သောအစာ

သွားကိုက်နေသူများသည် ကညွှတ်၏ထိပ်ပိုင်း အသားနုနုလေးများကို သင့်လျော် သလောက် လှီးဖြတ်၍ ဟင်းချိုလုပ်ပေးပါ။ ထိုဟင်းချိုကို ရေနွေးကြမ်း သောက်သုံးသလို နေ့စဉ်သောက်ပေးပါ။ သွားကိုက်ခြင်း ပျောက်စေနိုင်သည်။


မစားသင့်သောအစာ

သွားကိုက်နေသူများသည် သွားကိုက်နေချိန်တွင် ဝက်နံရိုး၊ အမဲနံရိုး၊ ကန်စွန်းဥ၊နေကြာစေ့၊ မြေပဲ၊ သီဟိုဠ်စေ့၊ ဗန်ဒါစေ့၊ သစ်အယ်သီး၊ ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ ဂျင်း၊ ငရုတ်ကောင်း၊ မဆလာ၊ အရက်၊ ကော်ဖီ၊ လက်ဖက်ရည်အပျစ် တို့ကို ရှောင်စားပေးရမည်။


(၃) ပါးစပ်ပြည်တည်နာ

မစားသင့်သောအစာ

ပါးစပ်ပြည်တည်နာဖြစ်နေသူများသည် ဖြစ်နေချိန်တွင် မြေပဲကြော်၊ အာလူးကြော်၊ ဝက်နံရိုး၊ အမဲနံရိုး၊ နေကြာစေ့၊ ပဲဝါကြော်၊ ရေခဲမုန့်၊ အချိုရည်၊ ငရုတ်သီး၊ အရက်ဖြူ ရှာလကာရည်၊ ချင်း (ဂျင်း)၊ ဂျူးမြစ်၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူတို့ကို ရှောင်စားပေး ရမည်။


(၄) အသည်းအဆီဖုံးရောဂါ

မစားသင့်သောအစာ

အသည်းအဆီဖုံးနေသူများသည် ကြက်ဥ၊ အဆီပါသောအသား၊ မဆလာ၊ ငရုတ်ကောင်း၊ ကြက်စွပ်ပြုတ်၊ အရက်၊ ငရုတ်သီး၊ ချောကလက်၊ အသားစွပ်ပြုတ်၊ သကြား၊ အချိုပါသော မုန့်ပဲသရေစာ၊ အီကြာကွေး၊ ငါးဥ၊ ငါးဟင်းချို၊ မြေပဲကြော်၊ ကြက်ကြော်တို့ကို ရှောင်စားရမည်။


(၅) အသည်းမာခြင်း

မစားသင့်သောအစာ

အသည်းမာနေသူများသည် မုန်ညင်းမှုန့်၊ မဆလာ၊ ကြက်သွန်မြိတ်၊ ချင်း (ဂျင်း) ကြက်သွန်ဖြူ၊ ငရုတ်သီး၊ အရက်ဖြူ၊ ငါးသေတ္တာငါး၊ ကန်စွန်းဥအနီရောင်၊ ဂျုံအနှံ၊ ဗိုလ်စားပဲ၊ ပဲစိမ်း၊ တရုတ်နံနံပင်၊ ဂျူးမြစ်၊ မျှစ်၊ ပိန်းဥ၊ ပဲငါးပိ၊ ဆီကြော်အစားအစာ တို့ကို ရှောင်ရမည်။


စားသင့်သောအစာ

အသည်းမာနေသူများသည် အနီရောင်ပဲ ၅၀ ဂရမ်ကို ရေနှင့်ပြုတ်ပါ။ ပြုတ်ပြီးသော အနီရောင်ပဲ ၅၀ ဂရမ်ကို ရေနှင့်ပြုတ်ပါ။ ပြုတ်ပြီးသော အနီရောင်ပဲကို ငါးကြင်း ၅၀၀ ဂရမ်ထည့်၍ ကျက်အောင်ချက်၍ စားပေးပါ။ ဤဓာတ်စာသည် အသည်းမာခြင်းကို ကူညီ၍ ပျောက်ကင်းအောင် ကုသပေးနိုင်သည်။


(၆) အာရုံကြောအားနည်းခြင်း

မစားသင့်သောအစာ

အာရုံကြောအားနည်းနေသူများသည် ချင်း (ဂျင်း) ငရုတ်သီး၊ ငရုတ်ကောင်း၊ မုန်ညင်းမှုန့်၊ မဆလာ၊ ကြက်သွန်မြိတ်၊ အရက်ဖြူ၊ ကော်ဖီ၊ လက်ဖက်ရည် အပျစ်၊ ချောကလက်၊ စပျစ်ဝိုင်၊ အဆီပါသောအသား၊ တိရစ္ဆာန်ဆီ၊ တိရစ္ဆာန်တို့၏ အတွင်းကလီစာတို့ကို ရှောင်စားပေးရမည်။


(၇) ဆံပင်ကျွတ်ခြင်း

စားသင့်သောအစာ

ဆံပင်ကျွတ်နေသူများသည် ဟင်းနုနယ် ၁၅၀ ဂရမ်နှင့် နှမ်းနက် ၂၀ ဂရမ်ရော၍ တွဲကာကြော်စားပါ။ နေ့စဉ်တစ်ကြိမ် စားပေးပါ။ တဖြည်းဖြည်းကြာလာသည်နှင့်အမျှ ဆံပင်ကျွတ်မှု နည်းလာလိမ့်မယ်


မစားသင့်သောအစာ

ဆံပင်ကျွတ်နေသူများသည် အဆီပါသောအသား၊ ဆိတ်သား၊ ခွေးသား၊ အမဲသား၊ တိရစ္ဆာန်အတွင်းကလီစာ၊ တိရစ္ဆာန်ဆီ၊ ဥနှစ်အဝါ၊ ငါးဥ၊ ဂဏန်းအနှစ်၊ ဆီကြော် အစားအစာများ၊ ချောကလက်၊ ရေခဲမုန့်၊ သကြားလုံး၊ အရက်ဖြူ၊ အစပ်အရသာရှိသော ဟင်းခတ်အမွှေးအကြိုင်များတို့ကို ရှောင်စားရမည်။


(၈) ရာသီမမှန်ဖြစ်ခြင်း

စားသင့်သောအစာ

ရာသီမမှန်ဖြစ်သော အမျိုးသမီးများသည် ပဲပြား ၅၀၀ ဂရမ်နှင့် ဆိတ်သား ၆၀၀ ဂရမ်၊ ဂျင်း ၁၅ ဂရမ်တို့ကို ရော၍ ချက်စားပေးပါ။ တစ်နေ့လျှင် နှစ်ကြိမ်စားပေးပါ။ ထိုအခါ ရာသီပြန်မှန်ခြင်း ဖြစ်လာမည်။


မစားသင့်သောအစာ

ရာသီမမှန်သော အမျိုးသမီးများသည် အဆီပါသောအသား၊ သခွားမွှေး၊ ကော်ဖီ၊ ငရုတ်သီး၊ အအေး၊ အရက်ပြင်းပြင်း၊ လက်ဖက်ရည်အပျစ်၊ ကြက်သွန်မြိတ်အစိမ်း၊ ကြက်သွန်ဖြူအစိမ်း၊ ဖရဲသီး၊ ငါးခြောက်တို့ကို ရှောင်စားပေးရမည်။


(၉) လိပ်ခေါင်းရောဂါ 

မစားသင့်သောအစာ

လိပ်ခေါင်းရောဂါရှိသူများသည် ငရုတ်သီး၊ ငရုတ်ကောင်း၊ ကြက်သွန်ဖြူ၊ အရက်ဖြူ၊ အဆီပါအသား၊ ဆိတ်သား၊ ခွေးသား၊ မုန်ညင်းမှုန့်၊ မဆလာ၊ ဝက်အူချောင်း၊ အသား ကင်၊ သရက်သီး၊ လိုင်ချီးသီး၊ ဒူးရင်းသီး၊ မီးခိုးကျပ်တိုက် အသားတို့ကို ရှောင်စားပေးရမည်။


Credit:

ယမုံအေး (စမ်းချောင်း)

Health for all magazine

မှတ်ချက်။ ။ အထက်ပါအကြောင်းအရာနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Hotline နံပါတ် ၇၈၈၇ သို့ Mpt မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်တိုင်ပင်ဆွေးနွေးနိုင်ပါပြီ။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18