ဗီတာမင်B12
04-Jul-2017
ဗီတာမင်B12၏ ဓာတုဗေဒအမည်မှာ Cobalamine ဖြစ်ပါသည်။ ဗီတာမင်B12 ချို့တဲ့ခြင်း ၏ အဓိကအကြောင်းရင်းတစ်ခုမှာ အစားအစာအမျိုးမျိုးတွင် ဗီတာမင်B12 အများအပြား ပါဝင်နေပါလျက် ဗီတာမင်ကို အူမှမစုပ်ယူနိုင်ခြင်းဖြစ်ပါသည်။
ဗီတာမင်B12 ချို့တဲ့ရသည့်အကြောင်းရင်းများ
အစာအိမ်နှင့် အူသိမ်ရောဂါများကြောင့် ဗီတာမင်B12ကို အူမှစုပ်မယူနိုင်ခြင်းသည် ဗီတာမင်B12 ချို့တဲ့ရခြင်း၏ အဓိကအကြောင်းရင်း ဖြစ်ပါသည်။ အစာအိမ်နံရံမှ Intrinsic factor မထုတ်လုပ်နိုင်ခြင်းကြောင့် ဗီတာမင်B12 စုပ်မယူနိုင်သူများသည် Pernicious anaemia ခေါ် သွေးအားနည်းရောဂါကို ခံစားကြရပါသည်။ ဤရောဂါကို အသက်ကြီးသူများတွင် ပို၍တွေ့ရ၏။ အစာအိမ်၏နံရံရှိ Parietal Cells ခေါ် ကလာပ်စည်းများနှင့် Intrinsic factor ကို ဆန့်ကျင်သည့် ပဋိပစ္စည်းများရှိနေခြင်းသည် ရောဂါဖြစ်ပွားရသည့် အကြောင်းရင်းဖြစ်သည်ဟု ယူဆရပါသည်။
\
ရောဂါတစ်မျိုးမျိုးကြောင့် အစာအိမ်တစ်ခုလုံးကိုသော်လည်းကောင်း၊ တစ်ခုလုံးနီးပါးကို သော်လည်းကောင်း ခွဲစိတ်ဖြတ်တောက် ကုသခံထားသူများတွင် Intrinsic factor မရှိသဖြင့် ဗီတာမင်B12 ကို စုပ်မယူနိုင်သဖြင့်လည်း ချို့တဲ့မှုဖြစ်နိုင်ပါသည်။ အူသိမ်တွင် (Crohn's disease) ခေါ် ရောဂါဖြစ်နေသူများ၊ အူသိမ်ကို ခွဲစိတ်ဖြတ်တောက် ကုသမှုခံထားသူများ ဗီတာမင်B12ကို ထိုးဆေးအဖြစ် ပေးရန်လိုအပ်ပေသည်။
အသီးအရွက်သက်သက်သာစားပြီးတိရိစ္ဆာန်ထွက်အစားအစာများကိုလုံးဝမစားသုံးသူများ
တွင် ဗီတာမင်B12ချို့တဲ့နိုင်ပါသည်။ နှစ်ပေါင်းများစွာ အသား၊ ဥ၊ နို့၊ လုံးဝမပါဘဲ သက်သက်လွတ်စားသူ အမျိုးသမီးတစ်ယောက်သည် မျက်စိအာရုံပျက်စီးခြင်း (Optic atrophy) ကြောင့် မျက်စိကွယ်သွားဖူးကြောင်း မှတ်တမ်းရှိပါသည်။ သက်သတ်လွတ်စားသူများသည် ဗီတာမင်B12ပါဝင်သည့် ဆေးဝါး (Supplements) များကို ပါးစပ်မှစားသုံးမှီဝဲရန် လိုအပ်ပါသည်။
Credit:
ဒေါက်လှကြည် (အာဟာရဆရာဝန်ကြီး)
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
