လိမ္မော်သီးနှင့် စပျစ်သီးက ကိုယ်အလေးချိန်ကျဆင်းနိုင်
08-Jul-2017
လိမ္မော်သီးနဲ့ စပျစ်သီးမှာပါဝင်တဲ့ ဓာတုပစ္စည်းနှစ်မျိုးဟာ ပေါင်းစပ်လိုက်တဲ့အခါမှာ ဆီးချိုရောဂါနဲ့ နှလုံးရောဂါကို ကူညီတိုက်ထုတ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဖော်ထုတ်ထားပါတယ်။ ဝါဝစ်သ်တက္ကသိုလ်မှာ သုတေသီတွေက အနီရောင်စပျစ်သီးမှာပါဝင်တဲ့ Trans Resveratrol နဲ့ လိမ္မော်သီးမှာပါဝင်တဲ့ Hesperetin ဓာတုပစ္စည်းနှစ်မျိုးကို ပေါင်းစပ်ပြီး ဆေးဝါးအဖြစ် ထုတ်လုပ်ခဲ့ပါတယ်။ ဒီဆေးဝါးဟာ လူကို အသက်အန္တရာယ်ပြုနိုင်တဲ့ ရောဂါသုံးမျိုးအတွက် ကုသနည်းလမ်းအသစ်ဖြစ်လိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက မျှော်လင့်ကြပါတယ်။ ဒီဆေးဝါးက ဆီးချိုရောဂါနဲ့ နှလုံးရောဂါကို ကုသနိုင်မယ့်အပြင် အဝလွန်တာကိုလည်း ထိန်းချုပ်နိုင်မယ်လို့ ဆိုပါတယ်။
စပျစ်သီးနှင့် လိမ္မော်သီးမှာ ပါဝင်တဲ့ ဓာတုပစ္စည်းနှစ်မျိုးကို ပေါင်းစပ်ပြီး တီထွင်ထားတဲ့ဆေးဝါးတွေဟာ သွေးတွင်းသကြားဓာတ် လျှော့နည်းစေတာ၊ အင်ဆူလင်လုပ်ဆောင်ချက် ကောင်းမွန်စေတာနဲ့ သွေးကြော ကျန်းမာရေး ကောင်းမွန်စေတာနဲ့ သွေးကြောကျန်းမာရေး ကောင်းမွန်စေတဲ့ အကျိုးကျေးဇူးရှိတွေရှိပါတယ်။ ဒီဒြပ်ပေါင်းနှစ်မျိုးကို တချို့သစ်သီးဝလံတွေမှာ သဘာဝအတိုင်းတွေ့ရှိနိုင်ပေမယ့် ကျန်းမာရေးကောင်းမွန် စေနိုင်လောက်တဲ့ ပမာဏရရှိဖို့အတွက် သစ်သီးတွေ အများကြီးစားသုံးဖို့ လိုအပ်ပါတယ်။
အသက် ၁၈-၈၀ နှစ်ကြား BMI ၂၅-၄၀ အတွင်းရှိသူ အဝလွန်သူပေါင်း ၃၂ ယောက်ကို ဆေးတောင့် အနေနဲ့ ပြုလုပ်ထားတဲ့ ဒီဒြပ်ပေါင်းကို တစ်နေ့တစ်ကြိမ်နှုန်းနဲ့ ရှစ်ပတ်တိတိ တိုက်ကျွေးကာ လေ့လာခဲ့ရာမှ တွေ့ရှိခဲ့တဲ့အဖြေဖြစ်ပါတယ်။ ဒီဒြပ်ပေါင်းနှစ်မျိုးကို ဆေးဝါးအနေနဲ့သာ မှီဝဲမှ အဲဒီအကျိုးကျေးဇူးကို ရရှိနိုင်မှာပါ။ လိမ္မော်သီးနဲ့ စပျစ်သီးမှ တိုက်ရိုက်အကျိုးကျေးဇူး ရရှိဖို့အတွက် နေ့စဉ်နေ့တိုင်း လိမ္မော်ရည်နဲ့ စပျစ်ရည် ၁၀ လီတာလောက် သောက်ရမှာဖြစ်တာကြောင့်ပါ။ ဒီပမာဏသာ ဖျော်ရည်သောက်ရမယ်ဆိုရင် သကြားဓာတ်တွေ အလွန်အကျွံရရှိနိုင်ပြီး အဝလွန်ကာ ပြောင်းပြန်ရလဒ်တွေ ရရှိသွားမှာဖြစ်ပါတယ်။
Credit:
Arogyam magazine
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
