Print

ကျောက်ကပ်ရောဂါရှိသူများ အသားဓာတ်ကို ထိန်းချုပ်စားသုံးသင့်

  11-Jul-2017
Preview Image

 ကျောက်ကပ်ရောင်ရောဂါရှိသူများသည် ခန္ဓာကိုယ်မှ အသားဓာတ်ဆုံးရှုံးမှုရှိနေခြင်းကြောင့် အသားစား ပေးရန် လိုအပ်ကြောင်းနှင့် အများအပြားစားသုံးပါက ကျောက်ကပ်ကို ထိခိုက်နိုင်ကြောင်း ဆီးနှင့်ကျောက်ကပ် အထူးကုသမားတော်ကြီး ပါမောက္ခဒေါက်တာခင်မောင်ဌေးက ပြောကြားခဲ့သည်။ “ကျောက်ကပ်ရောင်ရောဂါကို ကုသမှုခံယူနေသူအနေနဲ့ အစားအသောက်ကို ထိန်းဖို့လိုပါတယ်။ ကျောက်ကပ်ရောင်ရောဂါ ခံစားနေရ သူတွေရဲ့ဆီးထဲမှာ အသားဓာတ်ပါသွားလို့ သွေးထဲမှာ အသားဓာတ်တွေ နည်းနေတတ်ပါတယ်။ ဒါကြောင့် အသားဓာတ်ကို အသင့်အတင့်စားပေးဖို့လိုပါတယ်။ စားတာများရင်လည်း ကျောက်ကပ်ကို ထိခိုက်နိုင်ပါတယ်။ တစ်နေ့ကို ကြက်ဥအရွယ်လောက် အသားတုံး တစ်တုံး၊ နှစ်တုံးလောက်ပဲ စားသင့်ပါတယ်။ ကျောက်ကပ်ရောင် ရောဂါ ခံစားနေရသူအနေနဲ့ အသားဓာတ်ရရှိဖို့ဆိုရင် ငါးကရတဲ့ အသားဓာတ်က သင့်တော်ပါတယ်။ အဆီများတဲ့ အသားတွေကို ရှောင်ပါ။ 


 အသားကရတဲ့အဆီတွေနဲ့ အုန်းနို့တွေ ရှောင်ပါ။ ဒါတွေက ကျောက်ကပ်ကို ပိုပျက်စီးစေနိုင်ပါတယ်ဟု အသားဓာတ်ကို မနည်းမများဖြစ်အောင် ထိန်းချုပ်စားသင့်ကြောင်း ဆရာကရှင်းပြခဲ့သည်။ ကျောက်ကပ် ရောင်ခြင်း ဖြစ်ရသော အကြောင်းရင်းက လူတစ်ယောက်ရဲ့ ကျောက်ကပ်ထဲမှာ အလုပ်လုပ်တဲ့ ယူနစ်လေးတွေ က တစ်ဖက်မှာ တစ်သန်းစီရှိပါတယ်။ အဲဒီယူနစ်လေးတွေက သွေးတွေကနေတစ်ဆင့်ပါလာတဲ့ အညစ်အကြေး တွေကို Glomerulus လို့ခေါ်တဲ့ ကျောက်ကပ်ဆန်ခါကွက်လေးတွေကနေ စစ်ချလိုက်ပါတယ်။ အဲ့ဒီကတစ်ဆင့် ကျောက်ကပ်ပြွန်သေးသေးလေးတွေဆီ ရောက်သွားပြီး ခန္ဓာကိုယ်အတွက် လိုတာတွေ ပြန်ယူ၊ မလိုတာတွေကို စစ်ချလိုက်လို့ ဆီးဖြစ်လာပါတယ်။ ကျောက်ကပ်ရောင်တယ်ဆိုတာ Glomerulus ထဲမှာ ရှိနေတဲ့ ကျောက်ကပ် ဆန်ခါကွက်လေးတွေ ယိုယွင်းပျက်စီးလို့ ရောင်ရမ်းတာပါ။ တစ်ခါတစ်ရံမှာ ရောင်ရမ်းတာကြောင့် မဟုတ်ဘဲ ဆီးချိုသွေးချိုကြောင့် ကျောက်ကပ်ဆန်ခါကွက်လေးတွေ ပျက်စီးတာကြောင့်လည်း ဖြစ်နိုင်ပါသည်ဟု သိရသည်။ 


 ကျောက်ကပ်ဆန်ခါကွက်များပျက်စီးလ ျှင် “ကျောက်ကပ်ထဲက ဆန်ခါကွက်လေးတွေ ပျက်စီးသွားတဲ့ အခါ သူ့တာဝန်ဖြစ်တဲ့ ခန္ဓာကိုယ်အတွက် လိုတာတွေပြန်ယူပြီး မလိုတာတွေ စစ်ချတဲ့ တာဝန်က ပျက်ယွင်း သွားပါတယ်။ ပြန်ယူရမယ့် လိုတဲ့ပစ္စည်းတွေကို စစ်ချလိုက်တာကြောင့် သွေးထဲက အသားဓာတ် (Albumin) တွေ ဆီးထဲမှာ ပါသွားပါတယ်။ ဆီးထဲ အသားဓာတ်တွေ ပါလာတဲ့အခါ ဆီးသွားရင် အမြှုပ်ထတတ်ပါတယ်။ ဆီးထဲမှာ အသားဓာတ်တွေပါသွားလို့ မျက်နှာတွေ အန်းတာ၊ ခြေလက်တွေ ဖောတာ၊ ရောင်တာတွေ ဖြစ်လာပါတယ်” ပါမောက္ခဦးခင်မောင်ဌေးက ပြောကြားခဲ့သည်။


 `ကျောက်ကပ်ရောင်ရောဂါကို စောစောသိရှိပြီး ထိထိရောက်ရောက် ကုသရန် အရေးကြီးသည်။ မျက်နှာအန်းခြင်း၊ လက်နှင့်ခြေထောက်ရောင်ခြင်း၊ ဆီးသွားလ ျှင် အမြှုပ်ထခြင်းများ တွေ့ရှိပါက ကျောက်ကပ် ရောင်ရောဂါရှိ၊ မရှိ ဆရာဝန်ထံ ချက်ချင်းပြသစစ်ဆေးရန် လိုအပ်ကြောင်း၊ ဆရာဝန်များအနေဖြင့်လည်း လာပြသော လူနာများတွင် ကျောက်ကပ်နှင့် တွဲဖြစ်နိုင်သော ရောဂါများ တွေ့ရှိပါက ကျောက်ကပ်ကို ထိ၊ မထိ သိရှိရန် စစ်ဆေးမှုများ ပြုလုပ်သင့်ကြောင်း၊ ကျောက်ကပ်ရောင်ရောဂါကို တွေ့ရှိပါက ထိထိရောက်ရောက်နှင့် စနစ်တကျ ကုသသင့်ကြောင်းဖြင့် ဆရာက အကြံပြုပြောကြားခဲ့သည်။


Credit:

Arogyam magazine



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18