အာလူး၏ ကျန်းမာရေးတန်ဖိုး
15-Jul-2017
အာလူးမှာ အဓိကပါဝင်တာကတော့ Starch လို့ခေါ်တဲ့ ကာဘိုဟိုက်ဒြိတ် တစ်မျိုးက ၁၃.၆ ရာခိုင်နှုန်းနဲ့ ရေက ၈၄ ရာခိုင်နှုန်း ပါဝင်တဲ့အတွက် ဒီနှစ်ခု ပေါင်းဟာ ၉၇.၆ ရာခိုင်နှုန်း ရှိနေတော့ သူတို့နှစ်ခုဟာ အဓိကပါဝင်တဲ့ အာဟာရလို့ ပြောနိုင်ပါတယ်။ protein လို့ခေါ်တဲ့ အသားဓာတ်ကတော့ တစ်ရာခိုင်နှုန်းပဲ ပါဝင်ပြီး အဆီဓာတ်အနေနဲ့ လုံးဝပါဝင်ခြင်းမရှိပါဘူး၊ ဗီတာမင်ဓာတ်အနေနဲ့ အနေတော် အာလူးတစ်လုံးမှာ ရေမှာပျော်ဝင်တဲ့ ဗီတာမင်တွေဖြစ်တဲ့
Vitamin C 40 mg
Folic acid 26 mg
Niacin 3 mg တို့ ပါဝင်ပါတယ်။ သူ့မှာ အဆီမပါတဲ့အတွက် ဆီမှာပျော်ဝင်တဲ့ Vitamin များ မပါဝင်ပါ။
သတ္တုဓာတ်အနေနဲ့တော့ Potassium ဟာ 1.1 g ပါဝင်လို့ ထူးထူးခြားခြား များပြားစွာပါဝင်နေတာ တွေ့ရပါတယ်။ ကျန်တဲ့ သတ္တုဓာတ်တွေအနေနဲ့ Iron, Calcium နဲ့ Manganese တို့ ပါဝင်ပါတယ်။ ဒါ့အပြင် NaNO3 20 mg နဲ့ Phenolic Compound တွေလဲ ပါဝင်တာ တွေ့ရပါတယ်။
အာလူးမှာပါတဲ့ Atropine – like Alkoloid တစ်မျိုးကြောင့် အစာအိမ် အချဉ်ရည် အက်ဆစ်ထွက်တာကို လျော့နည်းစေပြီး အူလှုပ်ရှားမှုကို ကျစေတဲ့အတွက် အစာအိမ်အချဉ်ပေါက်တာတို့ ဗိုက်နာတာ ဗိုက်အောင့်တာ လေထိုးတာ စတဲ့ရောဂါတွေမှာ အာလူးကိုပြုတ်ပြီး ပြုတ်ရည်ကိုပဲဖြစ်ဖြစ် အလုံးကိုထုပြီး Paste လိုလုပ်ပြီး ဖြစ်ဖြစ်စားရင် သက်သာပါတယ်။ ဒါပေမဲ့ လိုသလောက်သာ သောက်သင့်ပြီး များများသောက်ရင်တော့ အန္တရာယ်ရှိပါတယ်။
အာလူးကို paste အနေနဲ့လုပ်ပြီး အဆစ်အမြစ်နာတဲ့ ရောဂါတွေမှာ၊ ခါးနာတာ၊ ကြွက်သားတွေ နာကျင်ကိုက်ခဲတာ၊ ခေါင်းကိုက်တာ စတဲ့နေရာတွေမှာ သုံးပေးရင် သက်သာစေတယ်ဆိုပြီးလည်း သုံးခဲ့ကြပါတယ်။ ဒါလဲ အခုခေတ်သိပ္ပံနည်းပညာကျနယ် လေ့လာခဲ့တဲ့အခါမှာ မှန်ကန်ကြောင်း သိရပါတယ်၊ အာလူးမှာ Trypsin Inhibitor တွေ များစွာပါလို့ ဖြစ်ပါတယ်။
အာလူးစားရင် ဆီးရွှင်စေတဲ့ သတ္တိရှိလို့ရယ်၊ သူ့မှာပါတဲ့ Alkaloid တစ်မျိုးဟာ နှလုံးခုန်နှုန်းကို နှေးစေတဲ့ အတွက်ရယ်၊ သွေးတိုးရောဂါကို ကုသတဲ့အခါမှာ ရှေးကအာလူးကို သုံးခဲ့ကြပါတယ်။ ဒါ့အပြင် သူ့မှာ Potassium ဓာတ်တွေ အများကြီးပါတဲ့အတွက် သွေးတိုးရောဂါ ကုသရာမှာ များစွာအထောက်အကူပြုပါတယ်။
ကျွန်တော်တို့ အပင်တွေမှာ သဘာဝပိုးမွှားတွေဖြစ်တဲ့ Bacteria တွေ၊ Virus တွေ၊ Fungus တွေ စတဲ့ အဏုဇီဝပိုးမွှားတွေ လာရောက် မဖျက်စီးနိုင်အောင်ဆိုပြီး ဒီပိုးကောင်တွေကို သေအောင်သတ်နိုင်တဲ့ ဓာတ်ပစ္စည်းတွေထုတ်ပြီး တွန်းလှန်လေ့ရှိပါတယ်။ အဲဒီအထဲမှာ Protease Inhibitor လဲ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အဲဒီပစ္စည်းတွေရှိနေရင် ရောဂါပိုးတွေ မကျရောက်နိုင်ပါဘူး။ ဒါကြောင့် အာလူးဟာ တစ်မ္ဘာလုံး ဘယ်နေရာပဲ စိုက်စိုက် အကြမ်းခံပြီး ပေါက်ရောက်နိုင်ခြင်း ဖြစ်ပါတယ်။
Credit:
ဒေါက်တာခင်မောင်လွင်
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
