Print

သက်ကြီးရွယ်အို ဘဝတွင် အာဟာရဓာတ်များ ကြွယ်ဝသည့် အစာများကိုသာ ရွေးချယ်စ...

  30-Dec-1899
Preview Image

သက်ကြီးရွယ်အိုဘဝတွင် 

- ကိုယ်လက်လှုပ်ရှားမှုနည်းသည်။ ကယ်လိုရီအင်အား လိုအပ်ချက်လည်းနည်းသည်။


- အစားအသောက်နည်းသည်။ ရောဂါ ခုခံစွမ်းအားလည်း နည်းသည်။ 


- အာဟာရဖြစ်သော အစာများကို ရွေးချယ် စားသောက်ခြင်း ၊ တတ်နိုင် သမျှ ကိုယ်လက် လှုပ်ရှားခြင်းဖြင့် ကျန်းမာရေး အခြေအနေကို ထိန်းထားနိုင်သည်။


သက်ကြီးရွယ်အိုများသည်-

- ထုံးဓာတ်၊ သံဓာတ်၊ သွပ်ဓာတ ်( zinc ) စသည့် သတ္တုဓာတ်များ လိုအပ်သည် ။ 


- အောက်စီဂျင် ဓာတ်တိုး ဓာတ်ပြုမှုကို ဆန့်ကျင်သည့် ( Antioxidant ) အာဟာရဓာတ်များ ဖြစ်သော ဘီတာ ကယ်ရိုတင်း ( Beta carotene )၊ ဗီတာမင်စီ၊ ဗီတာမင်အီး တို့သည် ဇရာနှင့် နှီးနွယ်နေသော ရောဂါ များမှ ကာကွယ် ပေးနိုင်ကြောင်း သိရသည်။


- အာဟာရဓာတ်များ ကြွယ်ဝသည့် အသား၊ ငါး၊ နို့၊ ဥ နှင့် အသီး အနှံများကို ရွေးချယ်၍ စားသင့်သည်။

- လှုပ်ရှားမှုနှင့် အစားအသောက် လိုက်လျောညီထွေဖြစ်ဖို့ လိုပါသည်။


- တစ်ကြိမ်လျှင် အစာနည်းနည်း၊ ခဏခဏ စားသင့်သည်။ ဆီများသော အစာ၊ ငန်သောအစာ၊ ပူစပ်သောအစာများကို ရှောင်သင့်သည်။


Credit; Unicef 

by Dr. Pearl ( 7887 Healthcare Call Center )



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18