အမည်းစက်များ နှင့် မန်ကျည်းသီး
03-Oct-2017
အာရှနိုင်င်ငံတော်တော်များများမှာ လတ်ဆတ်တဲ့ မန်ကျည်သီးအနှစ်ကို အသုံးပြုပြီး Body Scrub ပြုလုပ်တတ်ကြပါတယ်။ ဒီလိုမျိုး အသုံးပြုခြင်းအားဖြင့် အရေပြားပေါ်က အညစ်အကြေးများကို သန့်စင်ဖယ်ရှားပြီး အရေပြားရဲ့အရည်အသွေးက ကောင်းမွန်လာကြောင်း လက်ခံထားကြပါတယ်။ နေရောင်ခြည်ဒဏ် ပတ်ဝန်းကျင်ဒဏ်တွေကြောင့် ဖြစ်ပေါ်နေတဲ့ နေလောင်ကွက် အမည်းစက်တွေကို မန်ကျည်းသီးဖျော်ရည် သောက်သုံးခြင်းဖြင့်လည်းကောင်း မန်ကျညး်သီးအနှစ် သုတ်လိမ်းခြင်းအားဖြင့်လည်းကောင်း လျော့ချပေးနိုင်ပါတယ်။ မန်ကျည်းသီးအပြင် အေးမြတဲ့ မန်ကျည်းရွက်ကလည်း နေလောင်ကွက်တွေအတွက် အသုံးဝင်ပါတယ်။ မန်ကျည်းရွက်ကို အရည်ညှစ်ပြီး နေလောင်ကွက်တွေပေါ်မှာ လိမ်းကျံပေးခြင်းအားဖြင့် နေလောင်ကွက်တွေကို သက်သာပျောက်ကင်းစေပါတယ်။
Dr.Zin
Credit- ရွှေယဉ်ကျေး
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

