Print

ဒူးရင်းသီး၏ ကျန်းမာရေး အကျိုး အပြစ်များ

  23-Jun-2025
Preview Image

ဒူးရင်းသီး၏ ကျန်းမာရေး အကျိုး အပြစ်များ


(၁) ဒူးရင်းသီးတွင် ဗီတာမင် B, C နှင့် အခြား မရှိမဖြစ် သတ္တုဓါတ်များဖြစ်သည့် ပိုတက်စီယမ်၊ မက်ဂနီစီယမ်၊ သံဓါတ်၊ ကော့ပါး စသည်တို့ ကြွယ်ဝစွာပါဝင်ပါသည်။

(၂) အမျှင်ဓါတ်ကြွယ်ဝသောကြောင့် အစာအိမ်ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေသည်။

(၃) ဒူးရင်းသီးတွင် ပါဝင်သော ကစီဓါတ်၊ ကယ်လိုရီနှင့် tryptophan တို့ကြောင့် စွမ်းအားကိုမြှင့်တင်ပေး စေနိုင်ပါသည်။ 

(၄) ဗီတာမင် C နှင့် polyphenol ကဲ့သို့သော ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidant) များကြာင့် အသားအရည်ကို လှပကျန်းမာစေပါသည်။

(၅) Oleic acid က ကိုလက်စရော(cholesterol) ကို ထိန်းညှိ ပေးပြီး၊ ပိုတက်စီယမ်က သွေးပေါင်ကို ထိန်းညှိ ပေး သော ကြောင့် နှလုံးကျန်းမာ ရေး အတွက်လည်း အထောက်အကူပြုပါသည်။


ကျန်းမာရေးကောင်းကျိုးများစွာရှိသော်လည်း တန်ဆေး လွန်ဘေး ဆို သကဲ့သို့ ဂရုပြု စားသောက်ရမည့် အခြေအနေ မျိုးလည်းရှိပါသည်။

(၁) ဆာလဖာဓါတ်နှင့်အမျှင်ဓါတ်များပြားစွာပါခြင်းကြောင့် အလွန်အကျွံစားသုံးပါက လေပွခြင်း၊ ဗိုက်ကယ်ခြင်း၊ အ‌‌စာမကြေခြင်းတို့ ဖြစ်နိုင်ပါသည်။

(၂) အချိုဓါတ်လွန်ကဲခြင်းကြောင့် ဆီးချိုသွေးချိုရောဂါရှင်များနှင့် ဝိတ်ချနေသူများအတွက် မသင့်‌‌တော်ပါ။

(၃) ဆာလဖာဓါတ်ပေါင်း ပါဝင်ခြင်းကြောင့် အရက်အယ်ကိုဟော နှင့် တွဲဖက်စားသုံးရန် မသင့်ပါ။

(၄) ပိုတက်စီယမ်ကြွယ်ဝခြင်းကြောင့် နာတာရှည်ကျောက်ကပ် ရောဂါသည်များအတွက် အန္တရာယ် ဖြစ်စေနိုင်ပါသည်။


Dr.NY

(7887 Healthcare) 



Related Articles


Advertisment 18