Print

သင့်ကျန်းမာရေးအတွက် ဒါလေးတွေ သတိထားပါ

  29-Oct-2016
Preview Image

ဖုန်းငွေဖြည့်ကဒ်မှ ခဲသားများကို လက်သည်းဖြင့် ခြစ်ထုတ်ခြင်းကြောင့်  ခဲသားမှာ ပါဝင်ထားတဲ့ ငွေရောင်နိုက်ထရိုအောက်ဆီဂျင်ဓါတ် တစ်ခုဟာ လက်မမှတဆင့် အရေပြားကိုကူးစက်သွားပြီး ကင်ဆာရောဂါတစ်မျိုးကို ဖြစ်စေနိုင်တယ်လို့ အမေရိကမှ ဆေးပါရဂူ Dr.Brian Berry ဆိုသူက ထုတ်ဖော်ပြောကြားထားပါတယ်။လူသားတွေမှာ ကင်ဆာရောဂါအမျိုးပေါင်းများစွာ ဖြစ်ပေါ်လာတဲ့အထဲမှာ ကင်ဆာအသစ်တစ်မျိုးကို စမ်းသပ်ကြည့်တဲ့အခါ  လက်သည်းမှတဆင့် ဖြစ်ပေါ်နေကြောင်း၊ ဖုန်းငွေကဒ်ခဲသားများကို လက်သည်းဖြင့် ခြစ်ထုတ်ခြင်းပြုလုပ်သူများမှ အများဆုံးဖြစ်ကြောင်း တွေ့ရှိရတယ် လို့ ၄င်းဆရာဝန်၏ တင်ပြချက်ကို အိန္ဒိယ ကျန်းမာရေးစာမျက်နှာတစ်ခုမှာ ဖော်ပြထားပါတယ်။ ထို့ကြောင့် ဖုန်းငွေဖြည့်ကဒ်များကိုလက်သည်းနှင့် မခြစ်ပဲအရာဝတ္ထုတစ်ခုခုနှင့်သာ ခြစ်ကြဖို့ တိုက်တွန်းထားပါတယ်။

ကျန်းမာရေးနှင့်ပတ်သက်သော သိထားစရာအချက်အလက်အချို့

(၁) ဖုန်းပြောသည့်အခါတိုင်း ဘယ်ဘက်နားဖြင့်သာ ပြောရန်။

(၂) ဖုန်းဘတ္ထရီ အရမ်းနည်းနေပြီး နောက်ဆုံးအတုံးသာ ကျန်နေသည့်အခါ ဖုန်းလိုင်းမှ ခြောင်ချည်ဖြာထွက်မှုဟာ သာမန်အချိန်ထက် အဆပေါင်း များစွာသာလွန်နေသည့်အတွက်ဦးနှောက်ပိုင်းဆိုင်ရာကိုထိခိုက်စေနိုင်ပါ တယ်။ ဒါ့ကြောင့် အဲဒီအချိန်မှာ ဖုန်းမပြောပါနဲ့။

(၃) ဟန်းဖုန်းကို ဖွင့်ထားပြီး အိပ်ယာဘေး၊ ခေါင်းအုံးအောက်သို့တွင် ထား၍ မအိပ်ပါနှင့်။ ဖုန်းလိုင်းများမှတဆင့် ဦးနှောက်အာရုံကြောများကို ထိခိုက်စေနိုင် ပြီး ဦးနှောက်ကင်ဆာကို ဖြစ်စေနိုင်သည့် လက္ခဏာများ တွေ့ရှိထားပါတယ်။ တစ်ခါတရံဆိုလျှင် မသိသာပေမယ့် အမြဲလိုလို နှစ်ရှည်လများ ထားအိပ် ပါက သင့်ဦးနှောက်ဟာ ရောဂါရလာမှာ အမှန်ပါ။

(၄) ဆေးဝါးများကို သောက်သည့်အခါ အလွန်အေးနေသော ရေခဲရေများနှင့် အတူမသောက်ပါနှင့်။ ဆေးအာနိသင်ပယ်နိုင်သည့်အပြင် ဘေးထွက်ဆိုးကျိုးအချို့ကိုလည်း ဖြစ်စေနိုင်ပါတယ်။

(၅) ရေကို နံနက်ပိုင်းမှာ ပိုသောက်၍ ညပိုင်းကို လျှော့သောက်ပါ။

(၆) အစာများကို ည ၈ နာရီမတိုင်ခင် စားလျှင် အကောင်းဆုံးဖြစ်ပြီး ည ၈ နာရီနောက်ပိုင်း စားလျှင် ကျန်းမာရေးနှင့် မညီညွတ်ပါ။

(၇) လူသားတို့အတွက် အိပ်စက်ရန် အကောင်းဆုံးအချိန်ဟာ ည ၁၀ နာရီမှ မနက်၄နာရီ အတွင်း ဖြစ်ပါတယ်။ ၄င်းအချိန်အတွင်းမှာ မအိပ်စက်နိုင်လျှင် ရေရှည်မှာ ကျန်းမာရေးထိခိုက်မှာ ဖြစ်ပါတယ်။

Ref: ( သင့်မိတ်ဆွေများအတွက် ကျန်းမာရေးအသိများကို Share လုပ်ပေးခြင်းဖြင့် မပင်မပန်းပဲ ကုသိုလ်ယူနိုင်ကြပါတယ် ) ဦးစောနွဲ ့နေဆိုင် (ပူတာအို) as in: ကိုးကား ။ ။ Government Jobs Portal India ကျန်းမာရေးသတင်းများ Wednesday, February 25, 2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18