Print

ဒူးနာသက်သာအောင် ဘယ်လိုလုပ်ရမလဲ

  30-Dec-1899
Preview Image

ဒူးနာသက်သာအောင် RICE ဆိုတဲ့ နည်းလမ်းလေးသုံးလို့ရပါတယ်။


"R" ကတော့ Rest ဆိုတဲ့ ဒူးကို အနားပေးတာပါ။ ဒူးနာစေမဲ့ လှုပ်ရှားမှုတွေ၊ လေ့ကျင့်ခန်းတွေကို တတ်နိုင်သမျှ ရှောင်ပေးရပါမယ်။ 

"I" ကတော့ Ice၊ ရေခဲအိတ်ကို တစ်ခါကပ်လျှင် မိနစ် ၂၀၊ တစ်နေ့ကို ၄-၅ကြိမ်အထိ ကပ်ပေးနိုင်ပါတယ်။ ရေခဲကို ဒူးအပေါ် တိုက်ရိုက်ကပ်တာမျိုးတော့ မလုပ်ရပါဘူး။

"C" ကတော့ Compression ဖြစ်ပြီး ဒူးစည်းတဲ့ ပတ်တီးနဲ့ စည်းပေးရမှာပါ။ အဆွဲအဆန့်လုပ်လို့ရတဲ့ ဒူးစည်း ( Elastic bandage)တွေကို ဆေးဆိုင်အများစုမှာ ဝယ်လို့ရပါတယ်။

နောက်ဆုံး "E" ကတော့ Elevation၊ ဒူးခေါင်းကို မြှင့်ပေးထားခြင်းပဲ ဖြစ်ပါတယ်။

အဝလွန်တာဟာလည်း ဒူးနာတာကိုဖြစ်စေတာကြောင့် ကိုယ်အလေးချိန်လျှော့ကျအောင် လုပ်ဖို့ကအရေးကြီးပါတယ်။ ပေါင်ကြွက်သားတွေကို သန်မာအောင် လေ့ကျင့်ခန်းလုပ်ပေးတာကလည်း ဒူးနာတာကို ကာကွယ်နိုင်ပါတယ်။

 

၁။ Straight-leg raise (lying)

- အောက်ခံမျက်နှာပြင်အမာတွင် လဲလျောင်းပါ။
- ခြေတဖက်ကို ဒူးကွေးထားပြီး နောက်တဖက်ကို ဆန့်ထားပါ။
- ဆန့်ထားသော ခြေထောက်ကို ဒူးမကွေးဘဲ ဖြည်းဖြည်းချင်း'မ'တင်ပါ။
- ခြေထောက်ကို 'မ'ထားလျက် ၁ ကနေ ၅ ထိကို အနှေးရေတွက်ပြီးလျှင် 
ခြေထောက်ကို ဖြည်းဖြည်းချင်းချပါ။
- ထိုကဲ့သို့ တဖက်ကို ၅ကြိမ်စီ ပြုလုပ်ပါ။
- မနက်အိပ်ရာနိုးတိုင်း၊ ညအိပ်ခါနီးတိုင်း အိပ်ရာတွင် 
ပြုလုပ်ပေးနိုင်ပါသည်။

 

၂။ Straight-leg raise (sitting)

- ထိုင်ခုံတွင် ခါးမတ်မတ်ထိုင်ပါ။
- ခြေထောက်တဖက်ကို ဒူးမကွေးဘဲ 'မ'တင်လိုက်ပါ။
- ခြေထောက်ကို 'မ'ထားလျက် ၁ ကနေ ၁၀ ထိကို 
အနှေးရေတွက်ပြီးလျှင် ခြေထောက်ကို ဖြည်းဖြည်းချင်းချပါ။
- ထိုကဲ့သို့ တဖက်ကို ၁ဝကြိမ်စီ ပြုလုပ်ပါ။
- ထိုင်ခုံတွင် ထိုင်သည့်အချိန်တိုင်း ပြုလုပ်ပေးနိုင်ပါသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : 
Dr.Jink



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18