အမျိုးသားတွေ ဆံပင်သန်ဖို့ စားသင့်တဲ့ ဗီတာမင်များ
24-Feb-2017
အမျိုးသမီးတွေလို ဆံပင်အလှအပအတွက် သီးသန့်မဟုတ်ပေမယ့် ဆံပင်ညှပ်တာ အဆင်မပြေလို့ပဲ ဖြစ်ဖြစ်၊ ဆံပင်နည်းလို့၊ ပါးလို့ပဲ ဖြစ်ဖြစ် ဆံပင်
မကောင်းသူတွေ အတွက် ဓာတုဆေးဝါးတွေ မသုံးဘဲ ဘေးထွက်ဆိုးကျိုးကင်းကင်း နဲ့ ဆံပင်သန်စွမ်းစေဖို့ လုပ်သင့်တာလေးတွေကို မျှဝေပေးချင်ပါတယ်။ ဆံပင်နည်းတဲ့ ပြဿနာကို သဘာဝ အာဟာရဓာတ်တွေ၊ ဗီတာမင်၊ သတ္တုဓာတ်တွေစားပေး ခြင်းက အကောင်းဆုံးဖြေရှင်းနည်းပဲ ဖြစ်ပါတယ်။
ဗီတာမင်ဘီ ၇ -ဘိုင်အို တင်လို့လည်း လူသိများတဲ့ ဗီတာမင်ဘီ ၇ ဟာ ဆံပင်နဲ့ ဦးရေပြားကျန်းမာရေးအတွက် ထောက်ကူပေးပါတယ်။ ဆံပင်တင်မကဘူး။ အရေပြားနဲ့ လက်သည်း၊ ခြေသည်းတွေ ကျန်းမာဖို့အတွက်ပါ အကျိုးပြုပါတယ်။ ဗီတာမင် ဘီ ၇ ကို ဖြည့်စွက်စားပေးမယ်ဆိုရင် ဆံပင်ရှည်နှုန်းမြန်စေသလို ထူထဲ သန်စွမ်းစေပါတယ်။ဗီတာမင်အေ - ဆံသားတွေ သန်စွမ်းတောက်ပြောင်အောင် ထောက်ကူးပေးသလို ဦးရေပြား ခြောက်သွေ့ခြင်းကင်းစေပါ တယ်။ ဗီတာမင်ဘီ- ဗီတာမင်ဘီ ၁၊ ၂၊ ၃၊ ၅၊ ၆ နဲ့ ၁၂ ဟာ ဆံပင်ကျွတ် သူ၊ ဆံပင်ပါးသူနဲ့ ထိပ်ပြောင်သူ တွေ စားပေးသင့်ပါတယ်။
ဗီတာမင်စီ-ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိရှိတဲ့ ဗီတာမင်စီဟာ ဆံပင်၊ အရေပြား၊ လက်သည်း၊ ခြေသည်းတွေသာမက ကိုယ်ခံ စွမ်းအားအတွက်ပါ အကျိုးပြုပါ တယ်။ ဗီတာမင်အီး - ဆံပင်မွေးညင်း ပေါက်နဲ့ ဦးရေပြားတစ်ဝိုက်သွေး လည်ပတ်မှု ကောင်းစေပြီး ဆံသားကျန်းမာစေပါတယ်။ ဒါ့အပြင် ဇင့်၊ အိုမီဂါ ၃ ဖက်တီးအက်စစ်၊ အမိုင်နိုအက်စစ်၊ သံဓာတ်၊ အိုင် အိုဒင်းစတဲ့အား ဖြည့်ဓာတ်စာ တွေလည်း စားပေးနိုင်
ပါတယ်။ ဗီတာမင် ဆေးဝါးတွေသာမက နေ့စဉ် စားသောက်ရာမှာလည်း ဟင်းသီး ဟင်းရွက်၊ အသား၊ ငါး၊ ဥအမျိုးမျိုး၊ သစ်စေ့များ၊ ခရမ်း ချဉ်သီး၊ စတော်ဘယ်ရီ၊ ထောပတ်သီးစတာတွေ မျှတအောင် စားပေးနိုင်ပါတယ်။
Ref:
ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
ကျန်းမာရေး, ဗဟုသုတ, အလှအပ