Print

အသည်းအဆီဖုံးရောဂါ

  24-Feb-2017
Preview Image

အသည်းအဆီဖုံးခြင်း အသည်းအဆီဖုံးရောဂါဟာ အခုအခါမှာ လူနာတော်တော်များများမှာ တွေ့လာရပြီး ကမ္ဘာပေါ်မှာ အဖြစ်အများဆုံး ရောဂါတစ်ခု ဖြစ်လာတဲ့ အတွက် အရေးကြီးတဲ့ ကျန်းမာရေးပြဿနာတစ်ခု ဖြစ်လာပါတယ်။ အသည်းထဲမှာ အဆီဖုံးနိုင်တဲ့ ရောဂါတွေကတော့ အများကြီးပဲ။ ပြောရ မယ်ဆိုရင် အရက်သောက်တဲ့လူတွေတိုင်းမှာ အသည်းမှာအဆီဖုံးပါတယ်။ ဒါပေမယ့် အရက်သောက်တဲ့လူတွေမှာဖြစ်တဲ့ အသည်းအဆီဖုံးတာနဲ့ အရက်မသောက်ဘဲ အသည်းအဆီဖုံးတဲ့ရောဂါဟာ ကွာခြားပါတယ်။ ဒါကြောင့် နေ့စဉ်အမြဲတွေ့နေရတဲ့ အသည်းအဆီဖုံးရောဂါဆိုတာ အရက် မသောက်တဲ့လူတွေမှာဖြစ်တဲ့ အသည်းအဆီဖုံးရောဂါကို ပြောတာပါ။ အင်္ဂလိပ်လိုပြောရမယ်ဆိုရင်တော့ Non- Alcoholic Fatty Liver Disease လို့ ခေါ်ပါတယ်။ အတိုပြောရမယ်ဆိုရင်NAFLD လို့ရေးပြီး နက်ဖဲလ်ဒီလို့ အသံထွက်ပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၃ဝ ရာခိုင်နှုန်းလောက် မှာ ဖြစ်ပါတယ်။ ဝတာနဲ့ ဆက်စပ်နေတာပေါ့။ ဘော်ဒီဝိတ်တွေများ၊ အဆီတွေ များပြီး ဝိတ်တွေတက်တော့ အသည်းထဲမှာ အဆီတွေရောက် ကုန်တာပေါ့။

 

အသည်းအဆီဖုံးရောဂါ ဘာလို့ဖြစ်တာလဲဆိုတာကို ဖြေရမယ်ဆိုရင် ကြက်မကြီးနဲ့ ကြက်ဥ ဘယ်ကစဖြစ်တာလဲဆိုတာကို ပြောရမလို ဖြစ်နေ တယ်။ ဘာလို့လဲဆိုတော့ အသည်းအဆီဖုံးရတာရဲ့ အစက အင်ဆူလင် မတိုးတော့တာ (Insulin resistance) ကြောင့် စတယ်လို့ဆိုတယ်။ အဲဒီမှာ တင် သွေးချိုတွေတက်၊ ဝိတ်တွေတက်ပြီး သွေးထဲမှာ အဆီတွေများလာပြီး အသည်းထဲကို အဆီတွေရောက်ကုန်တယ်။ အဲဒီမှာတင် အင်ဆူလင်က မတိုးတော့ဘူး။ အင်ဆူလင်မတိုးတော့ သွေးချိုတွေ တက်မယ်။ ဒီလိုနဲ့ လုံးချာပတ်ချာလည်ပြီး ဘယ်ကဘယ်လိုစမှန်းမသိပဲ အသည်းထဲမှာ အဆီ တွေတစ်ဖြည်းဖြည်းများလာပြီး အသည်းအဆီဖုံးရောဂါ ဖြစ်တော့ တာပေါ့။ အလွယ်ဆုံး အရှင်းဆုံး ပြောရမယ်ဆိုရင် အစားအသောက် အနေအထိုင် မဆင်မခြင် လွန်လွန်ကျူးကျူးစား၊ အဆီတွေစား၊ အချိုတွေစား၊ ကိုယ်လက် လှုပ်ရှားမှုက မရှိဆိုတော့ ဝိတ်တွေတက်၊ တစ်ကိုယ်လုံးမှာ အဆီတွေ ဖုံး၊ အသည်းထဲမှာလည်း အဆီတွေဖုံးမယ်။ အဲလို အသည်းနဲ့ တစ်ကိုယ်လုံးမှာ အဆီတွေဖုံးတော့ သွေးချိုတွေကိုထိန်းဖို့ ပန်ကရိယကထုတ်ပေးတဲ့ အင်ဆူလင်တွေဟာ သူလုပ်ရမယ့် အလုပ်တွေ မလုပ်နိုင်တော့ဘူး၊ အင်ဆူ လင် ရဆစ်(စ်)တင့်ရတယ်၊ အင်ဆူလင် မတိုးတော့ဘူးပေါ့။ အင်ဆူလင်ရဲ့ အဓိက အလုပ်တာဝန်က သွေးထဲမှာ အချိုဓာတ် ဂလူး ကို့စ်တွေ များလာရင် အဲဒါတွေကို ဆဲလ်တွေထဲ ဝင်အောင်လုပ်ပေးရပါ တယ်။

 

အဲတော့မှ ဆဲလ်တွေက ဂလူးကို့စ်ကို သုံးနိုင်ပါမယ်။ ပြီးတော့ သွေး ထဲမှာလည််း အချိုဓာတ်တွေ ပုံမှန်ပြန်ဖြစ်သွားပါမယ်။ ဒါပေမယ့် အခုပြောခဲ့သလို အင်ဆူလင် မတိုးတော့ဘူးဆိုရင် ဂလူးကို့စ် တွေ ဆဲလ်တွေထဲကို မဝင်နိုင်တော့ဘဲ သွေးထဲမှာ သွေးချိုဓာတ်တွေ များနေ ပါမယ်။ ဆေးအခေါ် ဟိုင်ပါဂလိုင်ဆီးမီးယား (hyperglycaemia) ဖြစ်တယ် လို့ ပြောရမှာပါ။ သွေးထဲမှာ ဂလူးကို့စ်တွေ များနေတော့ အဲလို ပိုလျှံနေတဲ့ ဂလူးကို့စ်တွေကို အဆီတွေအဖြစ်ပြောင်းပြီး သိမ်းရပါတော့ တယ်။ အကျိုးဆက်က အသည်းဆဲလ်တွေထဲမှာ အဆီတွေများကုန်တာပေါ့။ အဲဒါကြောင့် အသည်းအဆီဖုံးရောဂါ ရတော့တာပေါ့။ အင်ဆူလင်ရဲ့ နောက်အလုပ်တာဝန်တစ်ခုကတော့ ကိုယ်ခန္ဓာအနှံ့အပြား မှာ အဆီတွေပျော်ထွက်မလာအောင် ကာကွယ်ပေးရပါတယ်။ ဒါပေမယ့် အခုနကပြောခဲ့သလို အင်ဆူလင်မတိုးတော့ဘူး၊ အင်ဆူလင် အလုပ် မလုပ် တော့ဘူးဆိုတော့ အဆီတွေပျော်မလာအောင် ထိန်းမထားနိုင်တော့ ဘူးပေါ့။ အကျိုးဆက်ကတော့ ဗိုက်ခေါက်၊ ပေါင်၊ တင်ပါး၊ ရင်သား စတဲ့ နေရာ အနှံ့မှာရှိတဲ့အဆီတွေ ပျော်ကုန်ပါတယ်။ အဲလို အဆီတွေ ပျက်ပျယ် ပျော်သွားတာကို လိုင်ပိုလိုင်းဆစ်(Lipolysis) လို့ ခေါ်ပါတယ်။ အဆီ တွေပျော်လာတော့ သွေးထဲမှာ အဆီတွေများလာပြီး အဲဒီအဆီတွေက အသည်းဆဲလ်တွေထဲကိုရောက်ပြီး အသည်းအဆီဖုံးတော့တာပေါ့။

 

အသည်းဆဲလ်တွေထဲကို အဆီတွေဝင်လာတဲ့အခါမှာ အဆီတွေကနေ အသည်းဆဲလ်တွေကို ပျက်စီးစေပြီး အသည်းဆဲလ်တွေသေကုန်မယ်၊ အသည်းတွေရောင်ပါမယ်။ အဲလို အဆီတွေကြောင့် အသည်းရောင်တာကို စတီယာတို ဟက်ပတိုက်တစ်(စ်) (steato hepatitis) လို့ ခေါ်ပါတယ်။ စတီယာတိုဆိုတာက အဆီ၊ ဟက်တိုက်တစ်(စ်)ဆိုတာက အသည်းရောင် တာ၊ စတီယာတို ဟက်ပတိုက်တစ် ဆိုတော့ အဆီကြောင့် အသည်း ဆဲလ်တွေ ပျက်စီးကုန်တာကို ပြောတာပေါ့။ ရှေ့မှာပြောခဲ့သလိုပဲ အရက်ကြောင့် မဟုတ်ဘဲ အဆီကြောင့် အသည်းတွေ ရောင်တယ်ဆိုတာကို 'Non Alcoholic Steato Hepatitisနက် (ရှ်) (NASH) လို့ ခေါ်ပါတယ်။ အဲလို အဆီတွေကနေပြီး အသည်းဆဲလ်တွေကို တိုက်ရိုက်ပျက်စီးအောင် လုပ်သလို အဆီတွေရဲ့ တခြားအန္တရာယ်တွေ ရှိပါသေးတယ်။ အဲဒါတွေကတော့ အသည်းထဲမှာ ရောက်နေတဲ့ အဆီတွေကြောင့် ဆဲလ် တွေထဲမှာ ရှိတဲ့ အတွန် (atom)တွေကို ပျက်စီးစေ ပြီးတော့ အောက်ဆ ဒင့် မော်လီကူးလ်တွေ ထွက်လာမယ်။ အောက်ဆီ ဒင့်တွေကြောင့် ဆဲလ်တွေမှာ စထရက်တွေ ရကုန်မယ်။ အဲဒါကို အောက် ဆီဒေးတစ် စထရက်(စ်) (oxidative stress) လို့ ခေါ်ပါတယ်။
အောက်ဆီဒေးတစ်စထရက်(စ်)ဆိုတာ မျက်စေ့နဲ့မမြင်သာဘဲ တော်တော် ကိုကြောက်စရာကောင်းတဲ့ ဇီဝဖြစ်စဉ်အကျိုးဆက်တွေကို ဖြစ်စေတာပါ။ ဒီလို စထရက်(စ်)တွေကြောင့် ဆိုင်တိုကိုင်း (cytokine) လို့ခေါ်တဲ့ ဓာတုဇီဝ ပရိုတိန်းတွေ ထွက်ပေးပါတယ်။

 

အဲဒီ ဆိုင်တိုကိုင်းတွေဟာ အသည်း ဆဲလ် တွေကို သေစေတယ်။ အသည်းထဲမှာ အနာရွတ်တွေ ထင်စေတယ်။ ဒီလိုနဲ့ အသည်းအဆီဖုံးတာကို ဂရုမစိုက်ဘဲထားလိုက်တော့ နှစ်တွေ ကြာတဲ့အခါမှာ အသည်းတစ်ခုလုံးမှာ အနာရွတ်တွေပျံ့သွားတော့ အသည်း ခြောက်တယ်ဆိုတာ ဖြစ်သွားတာပေါ့။ ဒါကြောင့် အရင်တုန်းက ဘာမှ ဂရုစိုက်စရာမလိုဘူးလို့ထင််ခဲ့တဲ့၊ အရေးမကြီးတဲ့ ရောဂါတစ်ခုလို့ ယူဆထား ခဲ့တဲ့ အသည်းအဆီဖုံးရောဂါဟာ စနစ်တကျ မစစ်ဆေး၊ မကုသဘူးဆိုရင် နောက်ဆုံးမှာ အသည်းခြောက်ရောဂါဖြစ်တဲ့အဆင့် အထိ ရောက်သွားနိုင် ပါတယ်။ ပိုဆိုးတာက အသည်းအဆီဖုံးရောဂါဟာ အသည်းခြောက်ရောဂါနဲ့ တင် ရပ်မနေတော့ပဲ အသည်းကင်ဆာဖြစ်တဲ့အထိ တဆက်တည်းသွားမှာပါလို့ ပြောချင်ပါတယ်။ ရောဂါလက္ခဏာတွေအသည်းအဆီဖုံးရောဂါသည်တွေက များသော အားဖြင့် ဘာရောဂါလက္ခ ဏာမှ မပြပါဘူး၊ ဘာမှလည်း မခံစားရပါဘူး။ ဒါပေမယ့် တစ်ချို့လူနာတွေ မှာတော့ ညာဘက်တစ်ခြမ်းအောင့်တယ်၊ ပုဆိုး၊ ထဘီ တင်းတင်းဝတ်လို့ မရဘူး၊ ကားဆောင့်ရင် ဗိုက်ရဲ့ ညာဘက်က နာတယ်ဆိုတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အဲလိုတွေ ခံစားရတဲ့အခါမှာ တစ်ခါတလေ အမီးဘား ဝမ်းကိုက်ပိုး အသည်းရောင်ရောဂါနဲ့လွဲမှားပြီး မက်ထရိုနီတာဇော၊ တင်နီတ ဇောဆိုတဲ့ ဆေးတွေတိုက်ပြီးကုရင် လူနာတွေမလိုအပ်ဘဲနဲ့ ဆေးဒဏ်တွေ ခံရပါလိမ့်မယ်။

 

လူနာတွေရဲ့ဗိုက်ကို စမ်းကြည့်လိုက်ရင် အသည်းကြီး နေတာလည်း တွေ့နိုင်ပါ တယ်။ ခြုံပြီးပြောရမယ်ဆိုရင်တော့ အသည်းအဆီ ဖုံးရောဂါရဲ့ သတ်သတ်မှတ်မှတ်ရောဂါလက္ခဏာလို့ မရှိပါဘူး။ စမ်းသပ်စစ်ဆေးမှုတွေအသည်းအဆီဖုံးရောဂါရှိတယ်လို့ထင်ရင် ပထမဆုံးနဲ့ အလွယ်ဆုံး စစ်ဆေးရမှာကတော့ တယ်လီဗီးရှင်းဓာတ်မှန်လို့ခေါ်တဲ့ အာလ်ထရာဆောင်း(Ultrasound) နဲ့ ဗိုက်ကို စစ်ဆေးရမှာပါ။ အသည်းထဲမှာ အဆီများ မများဆိုတာကို တော်တော်လေး မှန်အောင်ပြောနိုင်ပါတယ်။ ပိုပြီးသေချာ ချင်ရင်တော့ စီတီစကင် CT Scan နဲ့MRI ဓာတ်မှန်တွေဆက်ပြီးရိုက်သင့်ရင် ရိုက်ရပါမယ်။ အသည်းအဆီဖုံးတာ သေချာပြီဆိုတော့မှ အသည်းဟာ ထိခိုက်ပျက် စီး နေပြီလား၊ အသည်းရောင်နေပြီလားဆိုတာကို ဆက်ပြီးစစ်ရပါမယ်။ အရက်ကြောင့်မဟုတ်တဲ့ ရိုးရိုးအသည်းအဆီဖုံး (Non Alcoholic Fatty Liver NAFL) အဆင့်ကနေ အသည်းထိခိုက်ပျက်စီးတဲ့ နက်ရှ်NASH (Non-Alcoholic Steato Hepatitis) အဆင့်ကို ရောက်သွား/မသွား စစ်ဆေးဖို့အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့NAFL ရိုးရိုး ဆိုရင် ဆေးဝ တွေနဲ့သုံးပြီးကုဖို့ မလို ပါဘူူး။ အစားအသောက် အနေအထိုင် လိုက်ဖ်စတိုင် (life style) ကို ပြင်ရုံပဲလုပ်ရမှာပါ။ ဒါပေမယ့်NASH အဆင့်ကို ရောက်ပြီဆိုရင်တော့ ထိရောက်တဲ့ဆေးဝါးကုသမှုတွေ လုပ်ရမှာပါ။ ဒါမှသာ အသည်းရောင်တဲ့ အဆင့်ကနေ အသည်းခြောက် တဲ့အဆင့်ကို ဆက်ကူးမသွားပါဘူး။ အသည်းထိခိုက်မှု ရှိ မရှိ စစ်ရမှာတွေ အသည်းဆဲလ်တွေ ပျက်စီး မှု ရှိမရှိဆိုတာကို သိရအောင် အလွယ်ဆုံး စစ်ဆေးမှုကတော့ သွေးထဲမှာရှိတဲ့ ALT, AST ဆိုတဲ့ အင်ဇိုင်းတွေကို စစ်ရပါမယ်။ ALT နဲ့ AST ဆိုတဲ့ အင်ဇိုင်းတွေဟာ ပုံမှန်အားဖြင့် အသည်းဆဲလ်တွေထဲမှာပဲရှိရမယ့် အင်ဇိုင်းတွေပါ။

 

အကြောင်းတစ်စုံ တစ်ရာကြောင့် အသည်းဆဲလ်တွေ ပျက်စီးပေါက်ကွဲသွားပြီဆိုရင်တော့ ALT နဲ့AST တွေ သွေးထဲမှာ မြင့်တက်နေမှာပါ။ အထူးသဖြင့် AST ကALT ထက်ပိုများနေမှာပါ။ ဒါကြောင့် ALT နဲ့AST တက်နေတယ် ဆိုရင် အသည်းဆဲလ်တွေ ပျက်စီးနေတာ သေချာပြီ၊ ဒီလူနာဟာ NASH အဆင့်ကို ရောက်နေပြီလို့ ကောက်ချက်ချရပါမယ်။ အသည်းအဆီဖုံးရောဂါသည် တစ်ယောက်မှာ ALT နဲ့ AST မတက်ဘူး ဆိုရင် အသည်းပျက်/မပျက် သိဖို့ရာ အကောင်းဆုံးစစ်ဆေးမှုကတော့Liver Biopsy လို့ခေါ်တဲ့ အသည်းအသားစယူပြီး စစ်ဆေးတာပါပဲ။ အင်္ဂလိပ် လိုပြောရမယ်ဆိုရင်တော့Liver Biopsy is the gold standard ပါ။ အသည်း အသားစမယူပဲ အသည်းရောင်/မရောင် စမ်းသပ်စစ်ဆေးနိုင်တဲ့ အာလ်ထရာဆောင်း တစ်မျိုးဖြစ်တဲ့ ဖိုင်ဗရိုစကင်(Fibroscan) ဆိုတဲ့ စစ်ဆေးမှုတွေစပြီး စမ်းသပ်တဲ့အဆင့်ကို ရောက်နေပါပြီ။ ဒါပေမယ့် လက်ရှိအနေအထားမှာတော့ အသည်းရောင်/မရောင်NASH ဟုတ် မဟုတ် သေချာပေါက်သိချင်ရင် အသည်းအသားစယူပြီး စစ်ဆေးရမှာပါ။

 

Ref;
ကျန်းမာရေး, ဗဟုသုတ 
ဖိုးသူတော် (www.phothutaw.com)
Credit:MOI Webportal Myanmar



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18