Print

အမျိုးသားများ ရင်သားကြီးခြင်း

  25-Feb-2017
Preview Image

 

တချို့အမျိုးသားတွေမှာ ရင်သားကြီးကြတယ်။ ဘာကြောင့်ဖြစ်ရတာလဲ။

အမျိုးသားတွေမှာ ရင်သားကြီးတာကို Gynaecomastia လို့ခေါ်ပါတယ်။ မဟော်မုန်း ESTROGEN ထွက်တာများလို့ ဖြစ်ရပါတယ်။ တချို့ကျတော့ ဘာကြောင့်ဖြစ်မှန်း မသိတာ၊ ဆေးကြောင့်ဖြစ်တာ (Cimetidine) အစာအိမ်ဆေး၊ နှလုံး Digoxin နှလုံးဆေး၊ Spironolactone ဆီးဆေး၊ Stiboestrol ဆေး၊ ဆီးကျိတ်ကင်ဆာအတွက် ပေးတဲ့ ယောကျ်ားဟော်မုန်းကို ဆန့်ကျင့်တဲ့ဆေးတွေ ဝှေးစေ့မဖွံ့ဖြိုးတဲ့ရောဂါ (ပါးကျိတ်ရောင်ပိုးကြောင့် ဝှေးစေ့ရောင်တာ ဓာတ်ရောင်ခြည် ဝှေးစေ့ပေါ်ကျရောက်တာ၊ သံဓာတ်များလွန်းခြင်း၊ တီဘီရောဂါ၊ ကင်ဆာဆေးဝါး၊ မျိုးရိုးဗီဇရောဂါတချို့) မဟော်မုန်းများ ထွက်စေတဲ့ရောဂါ၊ (အသည်းအလုပ်မလုပ်ခြင်း)၊ မဟော်မုန်းထွက်စေတဲ့ ကင်ဆာရောဂါ Hypothalamus ကင်ဆာ) စတာတွေမှာ ရင်သားကြီးတာ ဖြစ်ပါတယ်။

 

အမျိုးသားရင်သားကြီးတာကို ဘယ်လိုကုသမှုခံယူသင့်ပါသလဲ။

ဆေးသောက်လို့ ဖြစ်တာဆိုရင် အဲဒီဆေးတွေ မသောက်ဖို့၊ သွေးထဲမှာ ဟော်မုန်းပမာဏ ညီမျှဖို့လိုပါတယ်။ ရောဂါကြောင့်ဖြစ်တာဆိုရင် ရောဂါတွေကို လိုက်စစ်လို့ ဘာမှမတွေ့ဘူး။ ရင်သား တစ်ခုတည်းပဲ ကြီးနေတယ်ဆိုရင် ရင်သားကင်ဆာလို့ပဲ သဘောထားပြီး ရင်သားကို ခွဲစိတ်ပစ်ရပါမယ်။

 

လိင်တံညှိုးရတာ ဘာကြောင့်ဖြစ်ရတာပါလဲ။

လိင်တံကို ပို့ပေးတဲ့ သွေးကြောပိတ်လို့ဖြစ်ဖြစ်၊ စိတ်ဓာတ်ကျ စိတ်ဆင်းရဲလို့ဖြစ်ဖြစ်၊ စိတ်ဝင်စားမှု မရှိလို့၊ ကာမစပ်ယှက်မှုအကြိမ် အရေအတွက်များလို့ဖြစ်ဖြစ်၊ ဆီးချိုရောဂါ၊ အရက်အလွန်အကျွံသောက်ထားလို့ ဒါမှမဟုတ် ဝှေးစေ့ဆိုင်ရာ မဖွံ့ဖြိုးလို့ဖြစ်ဖြစ် လိင်တံညှိုးတတ်ပါတယ်။ ကာမစပ်ယှက်စဉ်မှာ လိင်တံကြီးထွားရခြင်းက လိင်တံကိုပို့တဲ့ သွေးတွေများကြီးသွေးပြန်ကြောကို ဖိထားတော့ လိင်တံက ကြီးထွားလာရပါတယ်။ ကြွက်သားညှစ် ဘာကြောင့် သွေးမပြန်နိုင် ဖြစ်ရပါတယ်။ 

 

လိင်တံမညှိုးအောင် ဘယ်လိုကာကွယ် ကုသပါသလဲ။

စိတ်က အပါအဝင်တစ်ခု အပါအဝင်ဖြစ်တော့ လိင်ဆက်ဆံဘက်ရဲ့ ဖေးမမှုလည်း လိုအပ်ပါတယ်။ စားဆေးတွေလည်း ရှိပါတယ်။ Sildenafil အုပ်စု ဆေးဝါးတွေပဲ၊ Prostagladine E1 ကို လိင်တံထဲ ထိုးတာတို့၊ လေစုတ်တဲ့ပိုက်နဲ့ ဆွဲတာ၊ လိင်တံအရင်းမှာ သားရေကွင်းနဲ့စည်းထား၊ လိင်တံအရေပြားအောက်ထဲ ပြင်ပပစ္စည်း ထည့်တာတွေလုပ်နိုင်သလို ဘာကြောင့် ဖြစ်ရတယ်ဆိုတဲ့ အကြောင်းတရားကိုလည်း ရှာဖွေကုသရပါတယ်။ 

 

Testosterone ကို ထိုးတိုင်း ကောင်းပါသလား။

အသက်ကြီးလို့ ဟော်မုန်းကျဆင်းတာဆိုရင် ထိုးနိုင်တယ်။ ကာမမဖွံ့ဖြိုးရင် ထိုးနိုင်တယ်။ တစ်ခု သတိထားရမှာက ငယ်ရွယ်သူတွေမှာ အဲဒီဆေးပေးတာ၊ ထိုးတာများရင် မျိုးပွားခြင်းကို ရပ်တန့်စေတတ်ပါတယ်။ 

 

အိမ်ထောင်တစ်ခုမှာ သားသမီးလိုချင်လျက်နှင့် မရတာတွေခဏခဏ တွေ့နေရပါတယ်၊ ဘာကြောင့် ဖြစ်တာပါလဲ။

စုံတွဲတွေရဲ့ ၁၀ ရာခိုင်နှုန်းဟာ သားသမီးမရတာတွေ ဖြစ်တတ်ပါတယ်။ ၁/၃ ဟာ အမျိုးသမီးကြောင့်၊ ၁/၃ ဟာ အမျိုးသားကြောင့်၊ ၁/၃ ဟာ ဘာကြောင့်မှန်းမသိ ဖြစ်ပါတယ်။ များသောအားဖြင့် အမျိုးသမီးကိုပဲ ဦးစားပေးစစ်ဆေးပြီး၊ အမျိုးသားတွေလည်းစစ်ဆေးဖို့လိုပါတယ်။

 

အမျိုးသားကြောင့် သားသမီးမရတာဘာကြောင့် ဖြစ်ရတာပါလဲ။

ဝှေးစေ့ရောဂါရယ် ဝှေးစေ့ကို ထိန်းချုပ်ထားတဲ့ ပီကျူထရီဂလင်းတွေ ဖောင်းကားတာ ရှိမရှိ၊ ဝှေးစေ့ပုံမှန် ဖြစ်မဖြစ်၊ သုက်သွေးစစ်ခြင်း SEMEN Analysis, Prolactin, FSH, LH နဲ့ Testosterone ကို သွေးစစ်ပြီး ရှာဖွေရပါတယ်။ FSH ဟော်မုန်းက ဝှေးစေ့ကနေ သုက်ပိုးဖြစ်အောင် လှုံ့ဆော်ပေးတာဖြစ်တော့ အဲဒီဟော်မုန်း သိပ်များနေရင် ပိုးလုံးဝမဖြစ်တတ်ပါဘူး။ သုက်သွေးကို စစ်ရာမှလည်း ထုတ်ယူပြီး ၁ နာရီအတွင်း ဖြစ်နိုင်ရင် ပိုကောင်းပါတယ်။ အဲဒီမှာ အကောင်အရေအတွက် လှုပ်ရှားမှု၊ အကောင်ဖွံ့ဖြိုးမှု စတာတွေကို အဓိကထားကြပါတယ်။ ဝှေးစေ့နှစ်ဖက်စလုံး ကပ်ပယ်အိတ်ထဲ မရောက်ရင်လည်း ကလေးမရနိုင်သလို ကင်ဆာလည်းဖြစ်တတ်တော့ ခွဲစိတ်ဖို့လိုပါတယ်။

 

ဝှေးစေ့ဟာ သူ့နေရာ သူရောက်အောင် ဆေးဝါးတွေနဲ့ လုပ်လို့ရပါသလား။

ကလေးတွေနဲ့ ၄၀ ရာခိုင်နှုန်းကို HCG (Human Chorionic Gonadotrophin) သို့မဟုတ် နှာခေါင်းထဲကနေ GnRH အပေးခြင်းဖြင့် ကပ်ပယ်အိတ်ထဲရောက်အောင် လုပ်ပေးနိုင်ပါတယ်။ အဲဒါမှ မရရင်တော့ ခွဲစိတ်ပြီး ကပ်ပယ်အိတ်ထဲ ထည့်ပေးရပါမယ်။

 

Healthcare.com.mm

Ref:
အေးကမ္ဘာဒေါက်တာချစ်
ကျန်းမာရေးလိုတိုရှင်း စာအုပ်မှကောက်နှုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18