Print

လေတက်ခြင်း (BELCHING)

  25-Feb-2017
Preview Image

 

အနောက်တိုင်း လူမှုဓလေ့၌ လေချဉ်တက်ခြင်းသည် မဖွယ်ရာခြင်းဖြစ်၏။ လေထခြင်းမှာ လေမျိုျချခြင်း (Aerophagia) ကြောင့်လည်း ဖြစ်တတ်သည်။ လူတိုင်း၏ အစာလမ်းကြောင်း အူမအတွင်း၌ လေနှင့် အခြားဓာတ်ငွေ့များ ကော်ဖီခွက်တစ်ခွက်စာမျှ ရှိနေသည်။ လူ့ခန္ဓာကိုယ်တွင်လည်း ပါးစပ်မှဖြစ်စေ၊ ကိုယ်တွင်း၌ဖြစ်စေ၊ ထိုလေငွေ့များ ဝင်ရောက် ရရှိနေသည်။ စုစုပေါင်းလိုက်လျှင် ၂၄ နာရီကြာသော တစ်နေ့အတွင်း
၌ ကော်ဖီခွက် ၁၀ ခွက်စာမျှ လေများ ဖြစ်ပေါ်ဝင်ရောက်သည်။ ဝမ်းဗိုက်အတွင်း၌ လက်ခံထားနိုင်သည်မှာ တစ်ခွက်စာမျှဖြစ်၍ ကျန် ၉ ခွက်စာကို တစ်နည်းနည်း ထုတ်ပေးရသည်။ ထိုကဲ့သို့ ဝမ်းဗိုက်တွင်းမှ လေထွက်ရန် ပြုလုပ်သောဖြစ်စဉ်မှာ လေတက်ခြင်း၊ လေအန် ခြင်းဖြစ်သည်။ အချိုရည်နှင့် ဘီယာတို့မှာ လေဝင်ရန် လက်သည်များ ဖြစ်နိုင်ပြီး အာခံတွင်းမှ တံတွေးစက်များထဲတွင်လည်း လေပါရှိသဖြင့် အစာရေစာ မျိုချတိုင်း အူတွင်းသို့ လေရောက်ရလေအောင် ပြုလုပ်ပေးနိုင်သော နည်းလမ်းများလည်း ရှိသည်။ အောက်ပါအတိုင်းဖြစ်သည်။

 

လေဝင်မည်ကိုသတိပြုပါ
“လူတစ်ယောက်သည် အစာကို မျိုချသောအခါ၌ လေ ၅ အောင်စ ဝမ်းထဲသို့ ဝင်သွားနိုင် သည်။ စိတ်လှုပ်ရှားတတ်သော လူတို့၌ ထိုအဖြစ်မျိုး ပို၍ဖြစ်သည်။ တံတွေးကို မကြာခဏ မျိုချလေ့ရှိသော သူတို့၌လည်း ထိုကဲ့သို့ပင် ဖြစ်တတ်သဖြင့် မျိုချတတ်သောအလေ့ကို စိတ်ဖြင့် ထိန်းဖို့လိုသည်။ မျိုချမိတတ်ခြင်းမှာလည်း ကိုယ်ကမသိဘဲ အလိုအလျောက် ဖြစ်သဖြင် ဘေးလူက သတိပေးဖို့ လိုသည်။ ဤကဲ့သို့ တံတွေးမျို ခြင်း၊ လေမျို ခြင်း နည်းပါးသွားစေရန် အောက်ပါကိစ္စများကိုလည်း သတိပြု၍ လိုက်နာသင့်သည်။


• ကာဗွန်ပါသော အချိုရည်များကို ရှောင်ပါ။
• အစာမျိုမချမီ ဖြည်းညှင်းစွာဝါးပြီး ကြေညက်မှ မျိုချပါ။
• အစာစားစဉ် ပါးစပ်ကို များများဟ မထားဖို့ ဖြစ်သည်။
• ချွင်းဂ်းခေါ် ကပ်စေးနှဲမျိုးကို ရှောင်ပါ။
• သံဘူးများ၊ ပုလင်းများမှ မော့၍ သောက်ခြင်းနှင့် စုပ်တံဖြင့် စုပ်၍သောက်ခြင်း မပြုသင့်။
ခွက်နှင့်ထည့်၍သောက်ပါ။
• ဘီယာ၊ ရေခဲမုန့်၊ နို့ဖျော်ရည်၊ ကြက်ဥမွှေနှင့် မွှထားသော ကရင်မ်ပါသည့် အစားအစာများကို ရှောင်ပါ။

 

အကျင့်ဖြစ်ပြီး လေမျိုခြင်း၊ တံတွေးမျို ခြင်း ပြုလုပ်သူတို့မှာ အစဉ်လေတက်၍ နေတတ်သည်။ လေတက်စရှိလျှင် ဆက်၍တက်တတ်သည်။ တစ်ခါတစ်ရံတွင် မည်သူမဆို အစားအသောက်ကို ပလုတ်ပလောင်း များများနှင့် မြန်မြန်စားပြီး မျိုချတတ်သည်။ ထိုသူတို့မှာ လေပွတတ်သောအစာမျိုးကို လျှော့၍စားရန် အကြံပေးသည်။

 

ဆီမီသီကုန်း (Sime Thicone) ဖြင့် လေချေပါ
အစာချေမှုပါရဂူများက လေတက်တတ်သောသူများအတွက် အလွယ်ဝယ်၍ရနိုင်သော အက်စစ်ဖြေဆေးများကို ပေးလေ့ရှိကြရာ Mylanta, Mytanta Supreme, Maalox, Max (သို့) Di-gel ခေါ် အက်ဆစ်ဖြေဆေးများ၌ ဆီမီသိကုန်း ပါသည်။ ယင်းတို့မှာ လေများခြင်းကို မပယ်ဖျောက်နိုင်သော်လည်း လေပူဖောင်းအကြီးစားများကို သေးငယ်အောင် ဖျက်နိုင်သဖြင့် လေတက်ခြင်းကို လျော့ပါးစေနိုင်သည်။

 

Healthcare.com.mm
Ref:
မောင်ဆုရှင် မြန်မာပြန်သည်
အိမ်တွင်းသမားတော် ဒုတိယတွဲ စာအုပ်မှကောက်နှုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18