Print

Allergic rhinitis ဖြစ်ဖို့ အခွင့်အရေးရှိတဲ့ သူတွေက မျိုးရိုးထဲမှာ ဒီလိ...

  25-Feb-2017
Preview Image

 

အခြား အရာ တွေမှာ Allergy ရှိတဲ့ သူတွေ ( ဥပမာ။ ။ food allergy ရှိတဲ့သူ တွေ) ဆေးလိပ် မီးခိုးငွေ့ ရှုနေ ရတဲ့ သူတွေ … ဒါကြောင့် ပတ်ဝန်းကျင်  အခြေအနေဟာ ဓာတ်မတည့်မှု ဖြစ်စေနိုင်ပါတယ်။ Allergic ဖြစ်မှုဟာ မျိုးရိုး ဗီဇ နဲ့လည်း သက်ဆိုင် မှုရှိပါတယ်။ Allergic Rhinitis ရဲ့ လက္ခဏာတွေကတော့


- ချောင်းဆိုးခြင်း
- ခေါင်းကိုက်ခြင်း
-ယားယံခြင်း (နှာခေါင်း ၊ ပါးစပ် ၊ လည်ပင်း ၊မျက်လုံး ၊ အရေပြား စသဖြင့်)
- နှာရည်ကျခြင်း
-အန့ံ ကောင်းမွန်စွာမရခြင်း
- နှာပိတ်ခြင်း
-မျက်ရည်ကျခြင်း
-လည်ပင်းနာခြင်း
-အသက်ရှူ ကြပ်ခြင်း
-အိပ်သည့်အခါ အဆင်မပြေဖြစ်ခြင်း
- နေထိုင်၍ မကောင်းခြင်း
-မျက်လုံး အောက်မှာ ညို နေတတ်ခြင်း တို့ဖြစ်ပါတယ်။

 

Allergic Rhinitis ရဲ့ ကုသမှု တွေမှာ -
Corticosteroid ပါဝင်တဲ့ Nasal Spray ( နှာခေါင်း ထဲကို ဖြန်းရတဲ့ ဆေး)တွေက အကောင်းဆုံးလို့ ဆိုပါတယ်။ ဒီဆေးကို မှန်မှန်နဲ့ ကြာကြာ သုံးတဲ့အခါမှာ ရလဒ် ကောင်းကောင်း ရနိုင်တယ်လို့ ဆိုပါတယ်။ ဒီဆေးဟာ လူကြီးကော ကလေး အတွက်ပါ စိတ်ချရတယ်လို့လဲ ဆိုထားပါတယ်။ ဆေးဖြစ်တဲ့ အတွက်ကြောင့်တော့ ဘေးထွက်ဆိုးကျိုး (Side effect ) ကတော့ အနည်းငယ်တော့ ရှိပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit:
ဒေါက်တာစိုင်းဝေအောင်
Public Health in Myanmar



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18