ကျန်းမာရေးနှင့် ညီညွတ်အောင် အဆီကိုရှောင်
25-Feb-2017
လူတို့၏ နေ့စဉ်လှုပ်ရှား သွားလာမှုအတွက် အင်အားဓာတ်လိုအပ်သည်။ မြန်မာလူမျိုးတို့ နေ့စဉ်စားသောက်သည့် ထမင်း၊ ဟင်းနှင့် မုန့်တွင်ပါသော အဆီမှ အင်အားဓာတ်ကို ရရှိသည်။ ဆီကိုအနည်းငယ်သုံးရုံနှင့် အင်အားဓာတ်များစွာ ဖြစ်ထွန်း သဖြင့် အဆီကို အလွန်အကျွံစားသုံးပါက ကျန်းမာရေးထိခိုက်စေနိုင်သည်။ မြန်မာနိုင်ငံတွင် ဆီကိုစားသုံးမှုမှာ လိုအပ်သည်ထက် များပြားနေမှုကြောင့် အောက်ပါရောဂါများဖြစ်ပွား၍ အသက်တိုပြီး အနာရောဂါ ထူပြောလျက်ရှိပါသည်။
အဆီအလွန်အကျွံ စားသုံးခြင်းကြောင့် ဖြစ်ပွားတတ်သောရောဂါများ -
• အဝလွန်ရောဂါ
• နှလုံးသွေးကြောကျဉ်းရောဂါ
• သွေးတိုးရောဂါ
• လေဖြတ်လေငန်းရောဂါ
• ဆီးချိုရောဂါ
• အသည်းအဆီဖုံးရောဂါ
• ရင်သားကင်ဆာအပါအဝင် ကင်ဆာရောဂါများ စသည်တို့ဖြစ်ပွားတတ်သည်။ ထို့ကြောင့် ကျန်းမာ၍ အသက်ရှည်စေရန် ဆီကိုလျှော့၍ စားသုံးကြရန် တိုက်တွန်းအပ်ပါသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref:
The Myanmar Healthcare Directory 2015 စာအုပ်မှကောက်နုတ်ထားပါသည်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

