Print

အပူချိန်ပြင်းပြင်းနှင့် ဦးခေါင်းကျန်းမာရေး

  25-Feb-2017
Preview Image

 

နေပူပြင်းတဲ့အတွက် ရေဓာတ်လျော့နည်းနေရင် ဦးနှောက်ရဲ့ အရွယ်အစား၊ ပုံသဏ္ဍာန်နဲ့ လုပ်ငန်းဆောင်တာတွေ ပြောင်းလဲသွားတတ်ပါတယ်။ အာရုံစူးစိုက်လို့ မရတာ၊ မူးမေ့သွားတာနဲ့ သေဆုံးသွားတဲ့အထိ ဖြစ်တတ်ပါတယ်။ ရေဓာတ်ပြည့်ဝဖို့က အထူးအရေးကြီးပါတယ်။  အထူးသဖြင့် နေပူပြင်းတဲ့ နေ့တွေမှာပါ။ ရေဓာတ်အနည်းငယ် လျော့သွားရင်တောင် ဦးနှောက်ပေါ်မှာ အကျိုးသက်ရောက်မှု ရှိတယ်လို့ သုတေသီတွေက တွေ့ရှိထားပါတယ်။ ခန္ဓာကိုယ်မှာ ရှိတဲ့ရေရဲ့ ၁ ဒသမ ၅ ရာခိုင်နှုန်းဟာ ချွေးအဖြစ် ထွက်သွားရင်တောင် ခေါင်းကိုက်တာ၊ စိတ်ခံစားမှု ပြောင်းလဲတာ၊ မောပန်းတာနဲ့ အာရုံစူးစိုက်လို့မရတဲ့ အခက်အခဲတွေ ဖြစ်နိုင်တယ်လို့ အမေရိကန်မှ သုတေသီတွေက မကြာခင်က တွေ့ရှိထားပါတယ်။ အားကစားသမားတွေ အနေနဲ့လည်း နေပူပြင်းတဲ့နေ့မှာ Training ဆင်းရရင် လည်း ခန္ဓာကိုယ်ထဲမှာ ဆားဓာတ်လျော့နည်းတဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ် ။ ရေများများသောက်တဲ့အတွက် ဆားလိုမျိုး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သတ္တုဓာတ်တွေ ကို ရေရောလိုက်သလို ဖြစ်သွားတာကြောင့်ပါ။

 

ဘာလုပ်သင့်သလဲ
• လေ့ကျင့်ခန်းအပြင်းအထန် လုပ်နေစဉ်မှာ ရေအစား ဓာတ်ဆားရည်ပါတဲ့ ဖျော်ရည် သောက်ပေးပါ။ 
• ကဖင်း၊ အချိုရည်နဲ့ အယ်လ်ကိုဟော ပါဝင်တဲ့ အရည်တွေကို နေပူပြင်းတဲ့နေ့မှာ မသောက်သင့်ပါဘူး။ သူတို့ကြောင့် ရေဓာတ်ဆုံးရှုံးမှု ဖြစ်နိုင်တာကြောင့်ပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref:
ဒေါက်တာခင်မိုးမိုး
Arogyam magazine, No.264, July 2014, Pg.17

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18