Print

Acid Reflux (အစာခြေရည် လျှံတက်ခြင်း)

  19-Jun-2018
Preview Image

အစာခြေရည်လျှံတက်ခြင်းဆိုသည်မှာ - အစာအိမ်ထဲတွင်ရှိပုံမှန်အတိုင်းရှိသော အက်ဆစ်အရည်များ အစာရေမြိုပြွှန်အတွင်းသို့ ပြန်လျှံတက်ခြင်းကိုဆိုလိုပါသည်။

လက္ခဏာများ

- ရင်ပူခြင်း

- အစာခြေရည်လျှံတက်ခြင်းသည် အစာရေမျိုပြွန်မှတဆင့် ပါးစပ်ထဲအထိရောက်နိုင်သောကြောင့် ချဉ်သောအရသာခံစားရခြင်း

- အစာနင်ခြင်း၊နာခြင်း

- နေမထိထိုင်မသာဖြစ်ခြင်း

- ချောင်းဆိုးခြင်း၊ ညအချိန်တွင်ပိုဆိုးတတ်။

- တရွှီရွှီမြည်၍ ကြပ်ခြင်း

- သွားပိုးစားခြင်း

- larynx ရောင်ခြင်း

ကလေးများတွင်ဖြစ်ပါက ခံစားရနိုင်သည့် လက္ခဏာများမှာ-

- မကြာခဏအစာတောင်းခြင်း

- မကြာခဏ ငိုခြင်း

- ဂဏာမငြိမ်ဖြစ်ခြင်း

- ပါးစပ်အနံဆိုးထွက်ခြင်း

- ကောင်းစွာမအိပ်ခြင်း

- အစားစားနေချိန် သို့ စားပြီးလျှင် ခါးကော့ခြင်း

- ကောင်းစွာနေကောင်းဟန်ရှိသော်လည်း အစာစားရန်ငြင်းပယ်ခြင်း

ဖြစ်ပွားရသော အကြောင်းရင်းများ

အစာရေမျိုပြွန်၏ အောက်ခြေအပေါက်မလုံသည့်အတွက် ကြောင့် အစာအိမ်ထဲမှအရည်များ ပြန်တက်ခြင်းကိုဖြစ်စေနိုင်သည်။ သို့သော် မည်သည့်အကြောင်းကြောင့် ပြွန်၏အောက်ခြေအပေါက်မလုံခြင်းကိုမူ အတိအကျရှာဖွေမတွေ့ရှိသေး။

အဖြစ်များနိုင်သောအခြေအနေများမှာ-

- အဝလွန်ခြင်း

- အဆီပါသောအစားအစာများကို အများအပြားစားခြင်း

- အရက်၊ ဆေးလိပ်၊ ကော်ဖီ၊ ချောကလက် သောက်သုံးသူများ

- ကိုယ်ဝန်ဆောင်အမျိုးသမီးများ

- အချို့ဆေးအမျိုးအစားများသောက်နေသူများ-ဥပမာ - nitrates, calcium channel blockers,NSAID, SSRI, Bisphosphonates

- Hiatus hernia- အစာအိမ်အစိတ်အပိုင်းအချို့ ဗိုက်ထဲမှ ရင်ဘတ်ထဲသို့ရောက်နေခြင်း

- Stress - စိတ်ပင်ပန်းမှုများသူများ။

- Gastroparesis- အစာအိမ် လှုပ်ရှားမှုအားနည်းနေသူများ

နောက်ဆက်တွဲ ပြဿနာများ

Oesophageal ulcer- အက်ဆစ်နှင့်ထိတွေ့နေသောနေရာတွင် အနာဖြစ်ခြင်း။

Oesophageal stricture-  အစာရေမျိုပြွန် ကျဉ်းသားခြင်း

Barret’s oesophagus- အက်ဆစ်နှင့် ထိတွေ့ပါများသောနေရာဆဲလ်များတွင် ကင်ဆာပြောင်းခါနီးဆဲလ်အဖြစ်သို့ပြောင်းသွားခြင်း။

Oesophageal cancer- ကင်ဆာပြောင်းခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။

စစ်ဆေးမှုများ

ဆရာဝန်မှ ခံစားနေရသော ရောဂါလက္ခဏာမေးမြန်းခြင်းဖြင့် ရောဂါကို အကြမ်းဖျင်းသိရှိနိုင်ပါသည်။ 

အခြားသိရှိနိုင်သောစမ်းသပ်နည်းလမ်းများမှာ-

Endoscopy-အစာအိမ် မှန်ပြောင်းကြည့်ခြင်း

Manometry- အစာရေမျိုပြွန်၏ အောက်ဘက်ရှိ pressure ဖိအားကိုတိုင်းတာခြင်း။

Barium swallow- barium သတ္တုကိုမြို၍ ဓာတ်မှန်ရိုက်ခြင်း

24 Hr pH monitoring- နှာခေါင်းထဲမှ တဆင့် ပိုက်ထည့်၍ ၂၄နာရီကြာ pH အက်ဆစ်ဓာတ်တိုင်းတာခြင်း

ကုသခြင်း

ကုသခြင်းတွင် များနေသောအက်ဆစ်များကို လျော့ချပေးမည့်ဆေးများဖြင့် ကုသခြင်း၊ ခွဲစိတ်ကုသခြင်း၊ အိမ်တွင်းသက်သာအောင်ပြုလုပ်နည်းစသည်ဖြင့်ရှိပါသည်။

အိမ်တွင်းကုသနည်းများအနေဖြင့်

- ဝနေပါက ကိုယ်အလေးချိန်လျော့ချခြင်း

- ဆေးလိပ်သောက်ခြင်းကို ရှောင်ခြင်း

- အစာကို နည်းနည်းနှင့် မကြာခဏ စားပေးခြင်း

- ချောကလက်၊ ကော်ဖီ၊ အရက် ၊ ခရမ်းချဉ်သီး၊ အဆီ၊ အစပ်ပါသောအစားအစာများကို ရှောင်ကြည်ခြင်း

- ခေါင်းရင်း အိပ်ယာဘက်ကိုမြှင့်ခြင်း( ခေါင်းအုံးများစွာသုံး၍ မခုရ)

Ref: NHS choices

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18