အပူလောင်နာကို ပျောက်ကင်းစေသော သဘာဝနည်း
20-Jun-2018အပူလောင်နာများကိုသဘာဝနည်းလမ်းများအရသက်သာပျောက်ကင်းအောင်ပြုလုပ်နိုင်
သည်။
- ဒန်းရွက်ကို ထောင်းပြီး ရေနှင့်ရော ၍ အပူလောင်သည့်နေရာကို
အုပ်ပေးပါ။
- ကွမ်းရွက်ကို ချေ၍ သကြားနှင့် ရောပြီးလိမ်းပါ။
- ပျားရည်သည်လည်း အပူလောင်သည့်အနာများကို ထိရောက်စေသည်။
- လက်အပူလောင်ပါက နို့ခွက်တွင် (၁၅)မိနစ်ခန့်စိမ်ထားပါ။
- သလဲသီးအခွံကို လှီးပြီး အပူ လောင်သည့်အနာပေါ်တွင် အုပ်ခြင်း
ဖြင့် အနာကျက်စေသည်။
- ကြက်ဥအကာနှစ်ကို လိမ်းပေးလျှင် လည်း အပူနာကို သက်သာပျောက်
ကင်းစေနိုင်သည်။
- တစောင်းလက်ပတ်ကို လှီး၍ အတွင်းမှ ဂျယ်လီကဲ့သို့ အစေးကို
အုံခြင်းဖြင့်လည်း အပူကို သက်သာစေသည်။
- ညောင်ရွက်ကို ချေ၍ ထောပတ်ဆီ (Ghee)ဖြင့် ရောလိမ်းနိုင်သည်။
- လက်ဖက်ရည်(၂)ဇွန်းစာ ဒိန်ချဉ်ကို (၁၅) မိနစ်လိမ်းထားနိုင်သည်။
- ကြက်သွန်နီသို့မဟုတ် အာလူးကို အကွင်းလှီး၍ အုံထားနိုင်သည်။
- ငှက်ပျောသီးကိုချေ၍ အုံခြင်းဖြင့် အပူလောင်သည့်အခါ အရည်ကြည်
ဖုမတည်အောင် ကာကွယ်ပေးနိုင် သည်။
Credit : ထူး
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။