ခြေဖဝါးတော်နုနု နာရတဲ့အကြောင်းရင်း
25-Feb-2017
ခြေဖဝါးလို့ ခေါ်ရပေမယ့် ခြေမျက်စိမှ ခြေချောင်းလေးတွေ အရင်းထိ နေရာဟာ အရိုးရှည်ရှည်လေးတွေနဲ့ ချိတ်ဆက်ဖွဲ့စည်း တည်ဆောက်ထားတာဖြစ်တယ်။ (ခြေဖနောင့်ကတော့ ခြေဖနောင့်ရိုးကြီး တစ်ခုနဲ့ ဖွဲ့စည်းထားတာပါ။) ခြေမျက်စိမှခြေချောင်းလေးတွေအရင်းထိ ရှည်တဲ့ အရိုးလေးတွေရဲ့ ထိပ်ဖျားဟာ အမျိုးသမီးတွေမှာ မကြာခဏ ရောင်ရမ်းမှုဒဏ်ကြောင့် အလွန်နာကျင်မှု ဝေဒနာကို အခံရခက်စွာ ခံစားရစေနိုင်ပါတယ်။ ဘာကြောင့်ဖြစ်ရလဲဆိုတော့ ရှူ းဖိနပ်ကျပ်ကျပ်ကြီးစီးပြီး ရှိုးထုတ်တာတို့၊ ဒါမှမဟုတ် အလွန်မြင့်တဲ့ ဒေါက်ဖိနပ်ကြီးတွေ အကြာကြီးစီးထားရပြီး ဂိုက်ပေးရသော စီလီဘရီတီ မော်ဒယ်လ်၊ ကုမ္ပဏီဝန်ထမ်းမမတွေမှာ သူတို့ရဲ့ဖိနပ်ကြောင့် ဒုက္ခရောက် ရတာဖြစ်တယ်။ သူတို့တင်မကပါ။ အပြေးသမားများ၊ တန်းကျော်၊ တန်းခုန် (သို့) လမ်းလျှောက်တဲ့အခါ စီးရတဲ့ ဖိနပ်များနှင့် မကိုက်ပါက ခြေထောက်များအား ထုပ်စည်း ထားသလိုဖြစ်ကာ နာကျင်ရောင်ရမ်းတဲ့ ဒဏ်ခံရခြင်းဖြစ်သည်။ အထူးသဖြင့် ခြေဖဝါး အလယ်အောက်မှာ နာလေ့ရှိတယ်။ ဒါကြောင့် ရှူ းဖိနပ်လှလှလေးမြင်တိုင်း အလျင်အမြန် မဝယ်ယူဘဲ ကိုယ့်ခြေထောက်နဲ့ ကိုက််၏ မကိုက်၏ အရင်စီးကြည့်ပါ။ မကိုက်ရင် ပိုက်ဆံအကုန်မခံပါနှင့်။ ခြေဖဝါးအရိုးရောင်ရမ်းနာတာပါ အဆစ်ရလိမ့်မယ်တဲ့။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit :
မေ
Health Digest Journal
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

