Agoraphobia (လူတောထဲဝင်ဆန့်ရန် ကြောက်ရွံ့ခြင်း)
26-Jun-2018အကျဉ်းရှင်းလင်းချက်
လူစုဝေးရာအရပ် ၊ လူတောထဲရောက်သည့်အခါ စိတ်လှုပ်ရှားမှုဖြစ်လာပြီး ကြောက်ရွံ့လာသည်။ စိတ်လှုပ်ရှားမှုဆိုးလာသည့်အခါ လွတ်မြောက်ရန် ကြိုးပမ်းသော်လည်း မလွယ်ကူပေ။ ထို့သို့နောက်တစ်ခါဖြစ်မည်ကို စိုးရိမ်ပူပန်သောကြောင့် လူတောထဲ သွားရန် ကြောက်ရွံ့လာသည်။
လက္ခဏာများ
- တစ်ယောက်တည်းနေတတ်လာခြင်း
- စိတ်လှုပ်ရှားမှုဖြစ်လာလျှင် နှလုံးခုန်နှုန်းမြန်လာခြင်း ၊ အသက်ရှုကျပ်လာခြင်း၊ မူးဝေခြင်း ၊ ရင်ဘတ်အောင့်ခြင်း၊ ချွေးစေးပြန်လာခြင်း ၊ မိမိကိုယ်ကိုယ် မထိန်းချုပ်နိုင်ခြင်း ၊
ရင်ပြည့်လာခြင်းတို့ ခံစားရနိုင်ပါသည်။
ဖြစ်ပွားရသော အကြောင်းရင်းများ
- ကျန်းမာရေး အခြေအနေ ၊ မျိုးရိုးဗီဇ ၊ ပတ်ဝန်းကျင် အခြေအနေ ၊ စိတ်ဖိစီးမှုများသော သင်ကြားမှုစနစ်တို့သည် ထိုရောဂါကိုဖြစ်လာနိုင်စေပါသည်။
ဖြစ်နိုင်ချေများသူများ
- များသောအားဖြင့် အသက် ၃၅နှစ်အောက်တွင် အဖြစ်များသော်လည်း အသက်ကြီးသောသူများတွင်လည်း တွေ့ရတတ်သည်း။
- အမျိုးသမီးများသည် အမျိုးသားများထက် ပို၍အဖြစ်များသည်။
- အခြားအကြောက်လွန်ရောဂါရှိသော သူများ ၊ ဘဝတွင် ဆိုးရွားသော အခြေအနေကို ကြုံတွေ့ခဲ့ရသောသူများ ၊ ဆွေမျိုးသားချင်းထဲတွင် ထိုရောဂါရှိသူများတွင် အဖြစ်များသည်။
နောက်ဆက်တွဲ ပြဿနာများ
- စိတ်ဓာတ်ကျခြင်း
- အရက်သေစာများ၊ မူးယစ်ဆေးဝါးများ သုံးစွဲခြင်း
- စိတ်ရောဂါခံစားလာရခြင်း
စစ်ဆေးမှုများ
- ရောဂါ လက္ခဏာများ
- စိတ်ကျန်းမာရေး အထူးကုများနှင့် ဆွေးနွေးတိုင်ပင်ခြင်း
- ထိုရောဂါကို ဖြစ်ပေါ်စေသည့် အခြားအကြောင်းအရင်းကို ရှာဖွေဖော်ထုတ်ရန် စစ်ဆေးမှုများပြုလုပ်ခြင်း
ကုသခြင်း
- နှစ်သိမ့်ဆွေးနွေး၍ ကုသပေးခြင်း
- ဆေးဖြင့်ကုသပေးခြင်း (စိတ်ကျမှုကို ကုသပေးသည့်ဆေးများ ၊ စိတ်ငြိမ်ဆေးများ)
- တိုင်းရင်းဆေးဝါးများဖြင့် ကုသပေးခြင်း
ကာကွယ်ခြင်း
- ထိုရောဂါမဖြစ်အောင် ကာကွယ်ရန် တိကျသေချာသော နည်းလမ်းမရှိပါ။ မိမိကြောက်သော နေရာများသို့ ခဏခဏသွားပေးခြင်းသည် ကြောက်ရွံ့မှုကို လျှော့ချပေးနိုင်သည်။ မိမိတစ်ယောက်တည်းသွားရမှာ ခက်ခဲနေလျှင် မိသားစုဝင်များ၊ သူငယ်ချင်းများနှင့်အတူ သွားရောက်ပါ။
Ref: Mayo Clinic
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။