နှာခေါင်းသွေးလျှံခြင်း
07-Jul-2018ပူပြင်းခြောက်သွေ့သည့် ရာသီဥတုတွင် နှာခေါင်းသွေးလျှံခြင်း
ဖြစ်တတ်သည်။ အသားအရေပြားခြောက်သွေ့ခြင်းကြောင့် သွေးကြောများ ပေါက်လွယ်တတ်သဖြင့်နာခေါင်းသွေးလျှံခြင်း
အလွယ်တကူ ဖြစ်တတ်ပါသည်။ ဖြစ်လာခဲ့ပါက မိမိကိုယ်တိုင်အလွယ်ဆုံးလုပ်ဆောင်သင့်သည့်အချက်များမှာ
၁။ နှာခေါင်းသွေးလျှံသည့်အခါ နှာခေါင်းထိပ်ဖြားနေရာကို
လက်မနဲ့လက်ညိုးဖြင့်ညှပ်ပေးထားပါ။
၂။ သွေးတိတ်သည့်အထိနေပေးပါ။ အဲဒီလိုဖြစ်နေသည့်အချိန်တွင် လှဲအိပ်ခြင်းမပြုလုပ်ရပါ။ သွေးများအသက်ရှူလမ်းကြောင်းအတွင်းသို
့ရောက်ရှိတတ်ပါသည်။
၃။ ဦးခေါင်းကို အနည်းငယ်မော့ပေးထားပါ ။
၄။ ရေခဲအဝတ်ဖြင့် နှာခေါင်းထိပ်နေရာတွင် မကြာမကြာကပ်ပေးပါ
။
၅။ နှာခေါင်းအတွင်း လက်ဖြင့်နှိုက်ခြင်းလုံးဝမပြုလုပ်ရပါ။
ငြိမ်သက်စွာနားနားနေနေပေးပါ။
၆။ အလေးပင်မခြင်း ၊ လေ့ကျင့်ခန်းလုပ်ခြင်း မလုပ်ဆောင်သင့်ပါ
။
၇။ ဆေးလိပ်သောက်တက်သူများ ဆေးလိပ်ဆက်မသောင်သင့်ဘဲတစ်ရက်တာမျှ နားပေးပါ။
၈။ သွေးလျှံနေခြင်းကြောင့် ပူသောဟင်းရည်၊ ကော်ဖီ၊ လက်ဖက်ရည်တို
့သောက်သုံးခြင်းရှောင်ရှားလိုက်ပါ။
Ref:
Mg Mandalay
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။