ပျော်ပျော်နေတတ်သူများ အသက်ကြီးလာချိန် ကျန်းမာရေးပိုကောင်း
25-Feb-2017
လန်ဒန်မြို့တက္ကသိုလ် ကောလိပ်သုတေသနဌာနကနေ အသက်၆၀ ကျော် အမျိုးသား၊ အမျိုးသမီးများကို သုတေသနပြုလုပ်ခဲ့ပြီး ၈ နှစ်တာ ကာလအတွင်း စိတ်ခံ စားမှုများနှင့် ခန္ဓာကိုယ်ကျန်းမာရေးရဲ့ ဆက်နွယ်မှုများကို လေ့လာခဲ့ကြပါတယ်။ ပါဝင် သူများကို အသက် ၆၀ မှ ၆၉ တစ်ခု၊ ၇၀ မှ ၇၉ အုပ်စုနဲ့ ၈၀ ကျော်များဆိုပြီး အုပ်စုသုံးစု ခွဲကာ ဘဝနေထိုင်မှုအပေါ် ခံစားချက်များကို မေးမြန်းစစ်တမ်းကောက်ယူခဲ့ပါတယ်။ သုတေသနပညာရှင်များဟာ ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံမေးမြန်းပြီး သက်ကြီး ရွယ်အိုများရဲ့ နေ့စဉ်လှုပ်ရှားမှုများဖြစ်သော အိပ်ရာထခြင်း၊ အဝတ်အစားလှဲခြင်း၊ ရေချိုးခြင်း၊ အိမ်သာတက်ခြင်းများ ပြုလုပ်ရာမှာ အခက်အခဲရှိမရှိ စစ်မေးခဲ့ကြပါတယ်။ လမ်းလျှောက်ခြင်းနှင့် ခြေလှမ်းခြင်းများ အတွက်လည်း စစ်ဆေးပြုလုပ်ခဲ့ပါတယ်။
လေ့လာမှုကို ဦးဆောင်သူ ဒေါက်တာအန်ဒရူးစတက်တို့က ပျော်ရွှင်စွာ နေထိုင် တတ်သူ သက်ကြီးများဟာ ရေချိုးခြင်း၊ အိပ်ရာထခြင်းစသော လုပ်ဆောင်မှုများ အခက် အခဲ အနည်းငယ်သာရှိပြီး အိမ်ထောင်သည်ဖြစ်ပါက ပိုမိုစိတ်ပျော်ရွှင်မှုရှိကြောင်း တွေ့ရ ပါတယ်။ ပညာတတ်ဖြစ်ခြင်း၊ အလုပ်လုပ်နေခြင်းနှင့် လူမှုစီးပွားရေး အဆင့်ရှိသူများဟာ ပိုမိုကျန်းမာကြ့ံခိုင်ကြောင်း တွေ့ရတယ်လို့ ဆိုပါတယ်။ ဘဝကို ကျေနပ်မှုရှိခြင်းကြောင့်
ပျော်ပျော်နေသေခဲ ဆိုတဲ့အတိုင်း စိတ်မပျော်ရွှင်သူများထက် အဘက်ဘက်ကနေ ကျန်းမာရေး ပိုကောင်းကြောင်း တွေ့ရတယ်လို့ သိရှိရပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဝေယံမိုး
Ziwaka magazine, March 2014, Pg. 8