Print

Baker’s Cyst ( ဒူးခေါင်း တခေါက်ကွေးတွင် ဖြစ်သော အရည်အိတ်)

  18-Jul-2018
Preview Image

Baker’s Cyst ဆိုသည်မှာ ဒူးဆစ်ရောင်ခြင်း (သို့) ဒူးဆစ်ရှိ အရိုးနု စုတ်ပြဲခြင်းကြောင့် ဒူးဆစ်ထဲရှိ အရည်ထုတ်လုပ်မှု များလာပြီး ဒူးခေါင်း တခေါက်ကွေးနေရာတွင် ဖြစ်လာသော အရည်အိတ်ကို ခေါ်သည်။

လက္ခဏာများ

          Baker’s Cyst ဖြစ်လျှင် လူနာသည် တစ်ခါတရံ မနာတတ်သောကြောင့် သတိမမူ ဖြစ်တတ်သည်။ ဖြစ်ပွားတတ်သော လက္ခဏာများမှာ-

• ဒူးနောက်ဖက် (သို့) ခြေထောက်တွင် ဖောင်းလာခြင်း

• ဒူးနာခြင်း

• ဒူးဆစ် တောင့်တင်းခြင်းနှင့် ဒူး မကွေးနိုင်ခြင်း

ရောဂါ လက္ခဏာများသည် လှုပ်ရှားမှု များလျှင် (သို)့ ကြာကြာရပ်နေလျှင် ပိုဆိုးလာနိုင်ပါသည်။

ဖြစ်ပွားရသော အကြောင်းရင်းများ

          အဆစ်ထဲရှိ အရည်သည် ခြေထောက် လှုပ်ရှားမှု လွယ်ကူစေရန်နှင့် ဒူးခေါင်း လှုပ်ရှားရာတွင် ပွတ်တိုက်မှု လျော့နည်းစေရန် ချောဆီသဘောမျိုးအဖြစ် ပြုလုပ်ပေးထားသည်။ တစ်ခါတစ်ရံတွင် ဒူးခေါင်းထဲတွင် ထိုအရည် ထုတ်လုပ်မှု များလျှင် ဒူးခေါင်း အနောက်ဘက် တခေါက်ကွေးနေရာတွင် အရည်များ စုလာပြီး Baker’s Cyst ဖြစ်လာရသည်။ အဆစ်ရောင်ခြင်း အမျိုးမျိုးတွင် ဒူးခေါင်းရောင်ခြင်းနှင့် အရိုးနု စုတ်ပြဲခြင်း စသော ဒူးခေါင်း ဒဏ်ရာရခြင်းများတွင် Baker’s Cyst ဖြစ်တတ်ပါသည်။

နောက်ဆက်တွဲ ပြဿနာများ 

         ဖြစ်ခဲသော်လည်း Baker’s cyst သည် ပေါက်တတ်ပြီး အထဲရှိ အရည်များသည် ခြေသလုံး ထဲသို့စိမ့်ဝင်ပြီး 

• ဒူးခေါင်းထဲတွင် စူးရှစွာ နာကျင်ခြင်း

• ခြေသလုံးတွင် ဖောင်းလာခြင်း

• ခြေသလုံး နီရဲလာခြင်းနှင့် ခြေသလုံးထဲတွင် ရေစီးဆင်းသကဲ့သို့ ခံစားရခြင်းများ ဖြစ်တတ်ပါသည်။

ဤလက္ခဏာများသည် ခြေထောက်ရှိ သွေးပြန်ကြောထဲတွင် သွေးခဲခြင်း၏ လက္ခဏာများနှင့် ဆင်တူပါသည်။ 

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

          ခြေသလုံး နီခြင်း၊ ရောင်ခြင်းများဖြစ်လျှင် အန္တရာယ် ဖြစ်နိုင်သော ရောဂါများကို ရှာဖွေနိုင်ရန် ကျန်းမာရေး စစ်ဆေးမှုကို ဆရာဝန်နဲ့ ပြသပြီး ပြုလုပ်သင့်ပါသည်။

စစ်ဆေးမှုများ


          Baker’s Cyst ကို များသောအားဖြင့် ဆရာဝန်မှ စမ်းသပ်ခြင်းဖြင့် သိရှိနိုင်ပါသည်။ သို့သော်လည်း အချို့လက္ခဏာများမှာ တခြား အန္တရာယ်ဖြစ်နိုင်သော သွေးခဲပိတ်ခြင်း၊ 

 သွေးကြောရောင်ခြင်း၊ အကျိတ် စသည်တို့နှင့် မှားနိုင်သဖြင့် 

• Ultrasound (အသံလှိုင်း တီဗွီ)

• X-ray (ဓါတ်မှန်)

• MRI (သံလိုက်ပုံရိပ် ဖော်စက်) တို့ဖြင့် ဆရာဝန်မှ စမ်းသပ်နိုင်ပါသည်။

ကုသခြင်း  

          Baker’s cyst သည် အချို့သောသူများတွင် ကုသစရာ မလိုဘဲ ပျောက်သွားတတ်သည်။ အရည်အိတ်သည်  ကြီးပြီး နာနေသောအခါတွင် ဆရာဝန်မှ အောက်ပါအတိုင်း ကုသနိုင်ပါသည်။ 

• ဆေးပေးခြင်း

• အရည်အိတ်ကို ဖောက်ထုတ်ခြင်း

• ရေခဲအုပ်ခြင်း

Baker’s cyst ဖြစ်စေသော အကြောင်းအရင်းကိုလည်း ကုသရပါမည်။ အရိုးနု

စုတ်ပြဲခြင်းကြောင့် ဖြစ်လျှင် ခွဲစိတ်ကုသခြင်း ပြုလုပ်နိုင်ပါသည်။

အခြားသိသင့်သော အချက်များ 

          အဆစ်ရောင်ခြင်းကြောင့် ဖြစ်သော အရည်အိတ် ဖြစ်လျှင် အောက်ပါအတိုင်း ပြုလုပ်နိုင်ပါသည်။

• ဒူးခေါင်းကို အနားပေးခြင်း၊ ရေခဲကပ်ခြင်း၊ ပတ်တီးဖြင့် တင်းအောင်ပတ်ပြီး ဖိထားခြင်းနှင့် မြှင့်ထားခြင်း

• အကိုက်အခဲပျောက်ဆေးများ သောက်ခြင်း

• နာနေသော ဒူးခေါင်းအား အနားယူခြင်း

Dr TZ Ko Ko

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Ref: Mayo Clinic

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18