Print

ရေပက်ခံထွက်ပြီးနောက်ရသော နေလောင်ကွက်များ သက်သာစေနည်း

  25-Feb-2017
Preview Image

 

သင်္ကြန်တွင်း ရေကစားကြတဲ့အချိန်အများစုက မနက် ၈ နာရီ လောက်ကနေ ညနေ ၅ နာရီ ၆ နာရီလောက်အထိဆိုတော့ အပူပြင်းဆုံး နေရောင်ခြည်ဒဏ်ကို ခံကြရတာ ထုံးစံပဲ ဖြစ်ပါတယ်။ နောက်ပြီး အခုအချိန်က ခရမ်းလွန်ရောင်ခြည် အန္တရာယ် အမြင့်ဆုံးကြုံနေရတဲ့ အချိန်ဖြစ်တဲ့အတွက် နေလောင်ဒဏ်ကို အကြီးအကျယ် ခံစားရမှာပဲ ဖြစ်ပါတယ်။ ရေစိုလိုက်ခြောက်လိုက်ဖြစ်ရုံမက နေရောင်ပြင်းပြင်းအောက်မှာ တနေ့လုံးနီးပါး ရေကစားကြသူများအဖို့ အရေပြား နေလောင်ဒဏ်ကို သာမန်မျှ မဟုတ်ဘဲ ရောဂါတစ်ခုလို ခံစားရနိုင်ပါတယ်။ ဒီလို နေလောင်ခြင်းကို သက်သာစေဖို့ အတွက် နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။

 

အရေပြားပေါ်မှာ အပူလောင်ဒဏ်ရာ ဒါမှမဟုတ် အရေပြား နီရဲနေမယ် ဆိုရင် နေလောင်ဒဏ် ခံထားရပြီဆိုတာ သိနိုင်ပါတယ်။ နေလောင်ခြင်းက မသိလိုက် ဘဲ ဖြစ်သွားတတ်ပါတယ်။လက္ခဏာပြဖို့ ၄ နာရီ ကနေ ၆ နာရီ လောက်ကြာနိုင် ပါတယ်။ဒီလို အကွက်တွေကို တွေ့တာနဲ့ အချိန်မဆိုင်းဘဲ ကုသမှု ခံယူရပါမယ်။ရေအေးအေးနဲ့ ချိုးလိုက်ပြီးနောက်မှာ အရေပြားနူးညံ့သွားစေဖို့ အစိုဓာတ်ထိန်း ခရင်မ် တစ်မျိုးလိမ်းပေးရပါမယ်။ အစိုဓာတ်ထိန်းခရင်မ် မကြာခဏ လိမ်းပေးခြင်းက အရေပြားအခွံကွာကျတာတွေကို လျော့နည်းစေပါတယ်။ဗီတာမင် စီနဲ့ ဗီတာမင် အီးပါတဲ့ခရင်မ်က အရေပြားပျက်ဆီးခြင်းကို လျော့နည်းစေနိုင်ပါတယ်။နေရထိုင်ရတာ မသက်မသာ မဖြစ်စေဖို့ ဟိုက်ဒရို ကော်တီဆုံးပါဝင်တဲ့ ခရင်မ်ကို တစ်နေ့ ၂ ကြိမ်လိမ်းပေးနိုင်ပါတယ်။ဒါပေမဲ့ အရေပြားကို ပွတ်တိုက်ခြင်း၊အရေပြားခွာခြင်း၊ မီးလောင်ဖုလို အဖုလေးတွေကို ဖောက်ခြင်းတွေကို မလုပ်သင့်ပါဘူး။

 

နေလောင်ကွက် ဒဏ်ရာတွေက အရေပြားမှာ ရှိတဲ့ အရည်တွေကို စုပ်ယူနိုင်ပါ တယ်။ဒါကြောင့် ရေ၊သစ်သီးဖျော်ရည်နဲ့ အားဖြည့် အချိုရည်တွေကို ရေဓာတ်ပြန် လည် ဖြည့်တင်းနိုင်ဖို့ အတွက်များများ ပြန်သောက်ပေးရမှာ ဖြစ်ပါတယ်။နေလောင်ဒဏ် ခံစားရတဲ့သူတွေက အရေပြားရောင်ရမ်းတာ၊ နီရဲနေတာတွေ အတွက် ဆေးသောက်လို့ရသလို နာကျင်မှုတွေ အတွက်လည်း အကိုက်အခဲ ပျောက်ဆေး သောက်လို့ရပါတယ်။နေလောင်ဒဏ်ရာ အနည်းငယ်ဘဲ ရှိတဲ့သူများအဖို့ အိမ်မှာပဲ ကုလို့ရနိုင်ပေမဲ့ ခန္ဓာကိုယ်ရဲ့ ၂၀%လောက် နေလောင်ဒဏ်ရာများ ရှိနေပြီဆိုရင်တော့ ဆရာဝန်နဲ့ သွားပြဖို့ လိုအပ်နေပါတယ်။ နေလောင်ဒဏ်ခံထားရတဲ့ သူတစ်ယောက် အဖျားတက်ပြီး ချမ်းတုန်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြဖို့ လိုအပ်ပါတယ်။ ပူပြင်းတဲ့ နေရောင်ကြောင့် နေလောင်ဒဏ် မခံရစေဖို့ နေရောင်ခြည်ကာ ခရမ်တွေ လိမ်းပေးသင့်သလို အရေပြားကို နေရောင်တိုက်ရိုက်မထိစေဖို့ ဦးထုပ်ဆောင်းခြင်း ၊အကျင်္ီလက်ရှည်ဝတ်ခြင်းတွေ ပြုလုပ်ပြီး ဖြစ်နိုင်သမျှ မနက် ၁၀ နာရီမှ ၄ နာရီ အတွင်း နေရောင်ခြည်နဲ့ မထိတွေ့အောင် ရှောင်ကြဉ်တာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
ဖိုးသူတော် 
Credit : Trend Myanmar

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18