အမျိုးသမီးတွေမှာသာ တွေ့ရတဲ့ နှလုံးရောဂါလက္ခဏာ (၆)မျိုး
02-Aug-2018 နှလုံးရောဂါဟာ ဒီနေ့လို လူနေမှု lifestyle မှာ
ပိုအဖြစ်များ ပိုတွေ့လာရတဲ့ ရောဂါတစ်ခုပါ။ လူသေဆုံးမှုအများဆုံး ရောဂါတွေထဲက
တစ်ခုလု့ိတောင် ပြောလို့ရပါတယ်။ တကယ်တော့ ရောဂါအခြေအနေ မဆိုးခင်တည်းက လက္ခဏာတွေကို
ပြနေပေမယ့် လူတွေက ဒါတွေကို သတိမထား မိတာတွေကြောင့် အသက်မဆုံးရှုံးသင့်ပဲ
ဆုံးရှုံးနေကြရတာပါ။ နှလုံးရောဂါလက္ခဏာတောင်မှ အမျိုးသမီးနဲ့ အမျိုးသားမှာပြတဲ့
လက္ခဏာချင်း မတူပါဘူး။ အမျိုးသမီးတွေမှာသာတွေ့ရတဲ့၊ ပြတတ်တဲ့နှလုံးရောဂါလက္ခဏာတွေကို
ဖော်ပြပေးချင်ပါတယ်။
(၁) နောက်ကျော၊ လည်ပင်း၊ မေးရိုး၊
လက်မောင်းနာကျင်
ဒီလိုရောဂါလက္ခဏာတွေဟာ နှလုံးရောဂါရဲ့
လက္ခဏာတွေ ဆိုပေမယ့် တော်တော်များများက ဒါကို ရိုးရိုးညောင်းညာလို့၊ အထိုင်များလို့
နာကျင်ရတာမျိုးလို့ အထင်မှားလေ့ရှိပါတယ်။ နှလုံးရောဂါလက္ခဏာဟာ ရင်ဘတ် (သို့)
လက်ဝဲဘက် လက်မောင်းကနေစပြီး နာကျင်တတ်ပါတယ်။ နာကျင်မှုဟာလည်း တဖြည်းဖြည်း
ပိုနာကျင်လာတတ်ပြီး၊ စူးအောင့်တာမျိုး၊ ရုတ်တရက်ကြီး ကောက်ကာငင်ကာ
စူးအောင့်နာကျင်တာမျိုး ခံစားရတတ်ပါတယ်။ ဒီလိုလက္ခဏာတွေ ပြလာပြီဆိုရင်တော့ နီးစပ်ရာ
ဆေးရုံသို့ သွားရောက် ကုသမှုခံယူပါ။
(၂) ဗိုက်အောင့်တာ၊ဖျားနာတာ
လူတော်တော်များများက
ဒီလို Signs ကို အစားမှားတာလား၊ အစာအဆိပ်သင့်တာလား၊ ဖျားနာတာလားဆိုပြီး
မှားတတ်ကြပါတယ်။ ဗိုက်အောင့်၊ ဗိုက်နာတယ်ဆိုရာမှာလည်း ဗိုက်ပေါ်မှာ ဆင်တစ်ကောင်၊ အကောင်တစ်ကောင်ကောင်
လာတတ်နင်းထားသလိုမျိုး နာကျင်ခံစားရတာမျိုးပါ။
(၃) ချွေးစေးပြန်တာ
ဒီရောဂါလက္ခဏာမျိုးကလည်း
အမျိုးသမီးတော်တော်များများမှာပဲ တွေ့ရလေ့ရှိပါတယ်။ တစ်ချို့က ဒါဟာ
စိတ်ဖိစီးမှုကြောင့် ခုလိုဖြစ်တာလို့ အထင်မှားတတ်ကြပါတယ်။ နှလုံးရောဂါရဲ့ ရှေ့ပြေး
လက္ခဏာလိုထင်တဲ့ သူရှားပါတယ်။ အရင်ကဒီလိုမျိုး အကြောင်းမဲ့ ချွေးစေးပြန်တာမျိုး
မဖြစ်ဖူးပဲ အခုမှ ဒီလိုလက္ခဏာမျိုး ခံစားနေရတာဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ကုသပါ။
(၄) မောဟိုက်၊ မူးဝေတာ
အမြဲတမ်းလိုလို
အကြောင်းမဲ့ မောဟိုက်၊ မူးဝေတာမျိုးပါ။ ဒါတွေဟာ နှလုံးရောဂါရဲ့ ရှေ့ပြေး လက္ခဏာတွေပါ။
အရင်က ဒီလိုမျိုး မဖြစ်ဖူးပဲ နောက်ပိုင်းကျမှ ခုလိုတွေ ဆက်တိုက်ခံစားနေရတယ်ဆိုရ
င်တော့ ဆရာဝန်နဲ့ပြသပါ။
(၅) ပင်ပမ်းနွမ်းလျနေတာ
လူက
အကြောင်းမဲ့ ပင်ပမ်းနွမ်းလျနေပြီး စိတ်ရော၊ လူရော မလန်းဆန်းဖြစ်နေတယ်ဆိုရင်လည်း
ဒီအတိုင်း သတိမထားပဲ အမှုမဲ့အမှတ်မဲ့ မနေပါနဲ့။ ပုံမှန်
ပင်ပမ်းနွမ်းလျတာမျိုးမဟုတ်ပဲ ဥပမာ- ရေမိုးချိုးပြီး လူက လန်းဆန်းနေရမယ့်
အချိန်မျိုးတွေမှာတောင်မှ နွမ်းနယ်ပင်ပမ်း နေတာမျိုးပါ။
(၆) ရင်ဘတ်အောင့်တာ
ရင်ဘတ်အောင့်တဲ့ ဝေဒနာ၊ ရင်ဘတ်ကို
တစ်ခုခုနဲ့အဖိခံလိုက်ရသလို ဝေဒနာမျိုး ခံစားရတာမျိုးပါ။ ဘယ်ဘက်ရင်ထဲမှာ
အောင့်လာတာ၊ နာကျင်ခံစားရတာမျိုး မိနစ်အတော်ကြာတောင်မှ ဒီလိုဝေဒနာမျိုးက
ပျောက်မသွားပဲ ဆက်ခံစားနေရတယ်ဆိုရင် မပေါ့ဆပါနဲ့။ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့
ပြသပါ။
Ref:
Brightside