၀က်ခြံတွေကပြောတဲ့ ကျန်းမာရေးအခြေအနေ
05-Aug-2018ဝက်ခြံဆိုတာမျိုးဟာ လူတိုင်း မပေါက်ဖူးသူ မရှိတဲ့အရာဖြစ်ပြီး
အရေးမကြီးဘူးလို့ ထင်ရပေမယ့် တစ်ခါတစ်ရံမှာတော့ခန္ဓာကိုယ်အတွင်းပိုင်း ပြဿနာတစ်ခုခုကြောင့်လည်းဖြစ်တတ်ပါတယ်။ မျက်နှာပေါ်မှာ ဝက်ခြံပေါက်တဲ့နေရာတွေကို
မြေပုံတစ်ခုဆွဲကြည့်မယ်ဆိုရင် ကျန်းမာရေးအခြေအနေတွေကို သိနိုင်တာမို့
မျှဝေပေးလိုက်ပါတယ်။
နဖူးမှာပေါက်ခြင်း
ဝက်ခြံနဖူးမှာပေါက်ပြီဆိုရင် အစာမကြေလို့(ဒါမှမဟုတ်) ရေဓာတ်မလုံလောက်လို့ဆိုတာပြသတာပါ။ ဒီတော့က ရေများများသောက်ပြီး ခန္ဓာကိုယ်တွင်း
အဆိပ်အတောက်
တွေကို ဖယ်ရှားသင့်နေပါပြီ။
မျက်ခုံးနှစ်ခုကြား(တီဇုန်)မှာပေါက်ခြင်း
နှာခေါင်းက အသည်းနဲ့ချိတ်ဆက်နေတာမို့ ဒီလိုနေရာမှာ ဝက်ခြံပေါက်ရင်တော့
အသည်းရောဂါ တစ်ခုခုရှိနေတတ်လို့ အရက်သောက်တတ်သူတွေ သတိထားရတော့မှာပါ။
မျက်လုံးတစ်ဝိုက်ပေါက်ခြင်း
မျက်လုံးတစ်ဝိုက် အရေပြားဟာ ကျောက်ကပ်နဲ့ချိတ်ဆက်နေတာမို့
မျက်ကွင်းတွေညိုလာပြီး ဝက်ခြံတွေပါ ထွက်လာရင်တော့ ရေဓာတ်ကုန်ခန်းလို့ (ဒါမှမဟုတ်) ကျောက်ကပ်ကောင်းကောင်း
အလုပ်မလုပ်လို့ပဲလို့ မှတ်ယူရမှာပါ။
ပါးအပေါ်ဘက်မှာပေါက်ခြင်း
ပါးအပေါ်ဘက်ပိုင်းဟာ အဆုတ်နဲ့ ချိတ်ဆက်နေတာကြောင့်လေထုညစ်ညမ်းမှုကြောင့်လည်း ဖြစ်တတ်ပါတယ်။ နောက်ပြီး ဟန်းဆက်တွေနဲ့
မျက်နှာကို တစ်ချိန်လုံးထိနေတာကြောင့်သော်လည်းကောင်း၊ ခေါင်းအုံးတွေကို သန့်ရှင်းရေးမလုပ်ဘဲ
သုံးစွဲနေတာကြောင့်လည်းကောင်း ဖြစ်နိုင်ပါတယ်။
ပါးအောက်မှာပေါက်ခြင်း
ဒါဆိုရင်တော့ သွားနဲ့ခံတွင်းသန့်ရှင်းမှု အားနည်းလို့ ဖြစ်နိုင်တာကြောင့်
သွားပုံမှန်တိုက်ပြီး ခံတွင်းသန့်ရှင်းအောင် လုပ်သင့်ပါပြီ။
နှာခေါင်းမှာပေါက်ခြင်း
နှာခေါင်းကတော့ နှလုံးနဲ့ ချိတ်ဆက်နေတာပါ။ သွေးဖိအားပုံမှန်ဖြစ်ပြီး
ကျန်းမာရေးကောင်းဖို့အတွက်ဆိုရင် အားဖြည့်အချိုရည်သောက်တာနဲ့ အငန်စားတာတွေလျှော့ပြီး
ဟင်းသီးဟင်းရွက် နဲ့ သစ်သီးများများစားပေးဖို့ လိုပါတယ်။
နားမှာပေါက်ခြင်း
နားတွေကလည်း ကျောက်ကပ်နဲ့ ချိတ်ဆက်နေပြီး ရေဓာတ်ကုန်ခန်းတဲ့
လက္ခဏာပြတာပါ။ ဆားလျှော့စားပြီး ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။
မေးစေ့မှာပေါက်ခြင်း
မေးစေ့ဟာ အူသေးနဲ့ ချိတ်ဆက်နေပြီး အစာစားသောက်ပုံပြောင်းလိုက်မယ်ဆိုရင်တော့ အဆင်ပြေသွားမှာပါ။ ဆီ နဲနို့
့ထွက်ပစ္စည်းစားတာတွေ လျှော့စားဖို့ လိုအပ်သလို အစာအိမ်၊ အူလမ်းကြောင်း
ရှင်းလင်းနေစေပြီး အရေပြားကျန်းမာရေးပြဿနာတွေ ကင်းဖို့အတွက် ဟင်းသီးဟင်းရွက်နဲ့ သီးနှံတွေသာ
များများစားပါ။
Ref:
wellnessbin
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။